Heineken Beer
Heineken Beer

ထွန်းထွန်းကို အိမ်ထောင်ပြုစေချင်နေပြီဖြိုးမောင်​မောင်

ထွန်းထွန်းကို အိမ်ထောင်ပြုစေချင်နေပြီဖြိုးမောင်​မောင်
December 11, 2018 Asian Fame

Example အဖွဲ့ရဲ့ သီချင်း တွေကို နားထောင်​ချင်​တဲ့ ပရိသတ်​တွေအတွက်​ အခုအချိန်​မှာအဖွဲ့ဝင်​တွေစုပြီး အခွေတစ်​ခွေလုပ်​ဖို့ တိုင်​ပင်​ဖြစ်​နေတဲ့အကြောင်းကို အဖွဲ့ဝင်​တစ်​ဦးဖြစ်​တဲ့ ဖြိုးမောင်​မောင်​က အခုလိုပြောပြခဲ့ပါတယ်​။

”အခွေက တော့ ထွက်​ဖို့ အစီအစဉ်​ရှိပါတယ်​။ Example အဖွဲ့အနေနဲ့ ဂီတဘက်​ကို လုပ်​ဖြစ်​သွားရင်​တောင်​ တစ်​ခွေ ပဲထပ်​ပြီး ထွက်​ဖြစ်​တော့မှာပါ။ ထွန်း ထွန်းဘက်​ကလည်း အချိန်​ပေးနိုင်​မယ့်​နေ့၊ ကျန်​တဲ့သူတွေကလည်း ကိုယ်​ပိုင်​စီးပွားရေးတွေလုပ်​နေကြ တာဆိုတော့ ဒီသူငယ်​ချင်း ၄ ယောက်​ ပြန်​ဆုံမယ့်​နေ့၊ အားမယ့်​ နေ့ကို ဒီအခွေလေးကို လုပ်​ဖြစ်​မှာ ပါ။ ၂ဝ၁၉ ထဲမှာတော့ ထွက်​ဖြစ်​ဖို့ များပါတယ်​။ အရင်​တုန်းက ကျွန်​တော်​တို့ Example အဖွဲ့ဆိုတဲ့ Pop သီချင်းပုံစံလေး၊ Rap သီချင်း ပုံစံလေးအတိုင်းပဲ ပြန်​မြင်​ရမှာပါ” လို့ ပြောပြခဲ့ပါတယ်​။ အခုအချိန်​မှာ ကိုယ်​တိုင်​ကလည်း သာ ယာတဲ့ မိသားစုဘဝ လေးကို ပိုင်​ဆိုင်​ထားပြီး သမီးလေးကလည်း အနုပညာ ကို ဝါသနာပါတဲ့အကြောင်းကိုလည်း ”ဖခင်​တစ်​ယောက်​အနေနဲ့ကတော့ သူ့ကို ပညာတတ်​ကြီး ဖြစ်​စေချင်​တယ်​။ မျှော်မှန်းထားတဲ့အချိန်​တစ်​​ခုရောက်​လာရင်​ သူဖြစ်​ချင်​တဲ့အရာ တွေ အားလုံးကို ဖခင်​တစ်​ယောက်​အနေနဲ့ အကောင်းဆုံးပံ့ပိုးပေးသွား မှာပါ။ ကိုယ်​တိုင်​ကလည်း ကိုယ်​ပိုင်​စီးပွားရေးလုပ်​ဖြစ်​နေတာဆိုတော့ အနုပညာဘက်​ကို အချိန်​သိပ်​မပေးဖြစ်​ဘဲ ကိုယ့်​မိသားစုဖြစ်​တဲ့ သမီးလေးနဲ့ မိန်းမကိုပဲ အချိန်​ပေးဖြစ်​နေတယ်​” လို့ ဖြိုးမောင်​မောင်​က ပြောပြပါတယ်။

အဖွဲ့ဝင်​ ၃ ယောက်​လုံးက အိမ်​ထောင်​ရက်​သားကျနေပြီဖြစ်​တဲ့အတွက်​ ထွန်းထွန်းကိုလည်း အိမ်​ထောင်​ပြုစေချင်​နေပြီဆိုတာကိုလည်း ဖြိုးမောင်မောင်​ က ” ထွန်းထွန်းက သူ့ စိတ်​ကိုမှန်းရခက်​တယ်​။ သူ့ကောင်​မလေးကလည်းခင်​ဖို့ကောင်းတယ်​။ သူကဘာလုပ်​ချင်​မှန်းကိုမသိတာ။ အခု သူတွဲနေတဲ့ ကောင်​မလေးက ကြာတော့ ကြာနေပြီ။ သူ့ကိုလည်း အိမ်​ထောင်​ မြန်​မြန်​ကျစေချင်ပြီ။ သူက မကျသေးဘူး။ သူ့ကို ချက်​ချင်းကို မင်္ဂလာဆောင်​စေချင်​တာ။ သူက မယူ လို့ ခက်​နေတာ”ဆိုပြီး ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*