
ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် ၃ဝ၁ ဆူသီတင်းသုံးတော်မူမည့် ”ဗုဒ္ဓဂန္ဓကုဋီ ကျောင်းဆောင်သစ်ကြီး” ဖွင့်ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး အောင်ဇမ္ဗူ တောရဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသက အခုလိုပဲ မိန့်တော်မူခဲ့ပါတယ်။
”ဒီနေ့ဟာ ဆရာတော်တို့ရဲ့ ဗုဒ္ဓဂန္ဓကုဋီ ဖွင့်ပွဲအခမ်းအနားကြီးပါ။ ဒီနေရာက ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ အများအားဖြင့် သိကြတာကတော့ ဂျပန်ဘုရားကျောင်းလို့ သိကြတာပါ။ ဒီကျောင်းတော်ကြီးမှာ ၃ဝ၁ ဆူ ဘုရားတွေ သီတင်းသုံးလို့ရအောင် ဗိမ္မာန်ကြီးကို ၅ ထပ်တည် ဆောက်တာပါ။ အလှူရှင်တွေ ပေါင်းစုပြီးတော့ ၅ ထပ်ကျောင်းဆောင်ကြီးကို ခံ့ခံ့ညားညားတည် ဆောက်ပြီးစီး ပူဇော်တဲ့ပွဲဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ အားပါးတရလာပြီး တွေ့ဆုံစက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့တယ်။ သာသနာဘာသာ အကြောင်းတွေလည်း ဆွေးနွေးကြတာ အင်မတန်မှ ကောင်းပါတယ်။ ပြီးတော့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက လည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့တာ တော်တော်ကို ကျက်သရေရှိလှပါတယ်”လို့ မိန့်ပါတယ်။ ဘောလိဝုဒ်မင်းသားတစ်ဦးဖြစ်တဲ့ Ganga Malik လည်း လာရောက်ဖူးဖြော်ခဲ့ပါတယ်။
သဲစုလှိုင် ၊ ဓာတ်ပုံ – အောင်ဇော်မင်း