
နိုဝင်ဘာ ၂၉ ရက်နေ့က ဆိုးလ်မြို့ Gangnam မှာ ပြုလုပ်တဲ့ Jimmy Choo ပွဲကို Hyun A နဲ့ E’Dawn တို့နှစ်ယောက် အတူတူ တက်ရောက်ခဲ့ပါတယ်။ ဒါက သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအတူ စုံတွဲတက်တဲ့ပွဲဖြစ်လို့ မီဒီယာတွေ စိတ်ဝင်စားမှု များပြားနေပါတယ်။
နှစ်ယောက်အတူတူ ဓာတ်ပုံ အရိုက်ခံနေစဉ်မှာတော့ မီဒီယာတွေက အသည်းပုံကို အတူတူလုပ်ပြဖို့ တောင်းဆိုခဲ့ပါတယ်။ Hyun A ဟာရှက်နေခဲ့ပြီး E’Dawn ကလည်း ရယ်နေခဲ့ပါတယ်။
Hyun A နဲ့ E’Dawn တို့က ၂၀၁၆ ကတည်းက တွဲခဲ့ကြပေမယ့် ပရိသတ်တွေရှေ့ကို အခုပွဲမှ အတူတူ တက်ရောက်ခဲ့ ကြတာပါ။
Hyun A ဟာသူ့ရဲ့ ဆိုရှယ်မီဒီယာမှာလည်း အတွဲပုံကို တင်ခဲ့ပါတယ်။
အတာ