သမီးလေးအတွက် ခရစ်စမတ်အထူးအစီအစဉ် တွေ လုပ်ထားတယ်လို့ ခရစ်ဘရောင်းကလူမှုကွန်ရက်ပေါ်ရေးသား

သမီးလေးအတွက် ခရစ်စမတ်အထူးအစီအစဉ် တွေ လုပ်ထားတယ်လို့ ခရစ်ဘရောင်းကလူမှုကွန်ရက်ပေါ်ရေးသား
December 10, 2018 Asian Fame
သမီးလေးအတွက် ခရစ်စမတ်အထူးအစီအစဉ် တွေ လုပ်ထားတယ်လို့ ခရစ်ဘရောင်းကလူမှုကွန်ရက်ပေါ်ရေးသား

အဆိုတော် ခရစ်ဘရောင်းကတော့ ဒီနှစ်ခရစ်စမတ်ကာလမှာ အရမ်းကို ထူးခြားတဲ့ ပျော်ရွှင်စရာ တွေ သမီးလေးအတွက် စီစဉ်ထားတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောဆိုလိုက်ပါတယ်။

သမီးလေး ရွိုင်ရယ်လတီက အခုဆိုရင် အသက်လေးနှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ခရစ်ဘရောင်းရဲ့ အသုံးအနှုန်းအရ ဆိုရင်တော့ သမီးလေးအတွက် ခရစ်စမတ်အစီအစဉ်ကို “Special Memories” လို့ ပြောပါတယ်။

ဒီရက်တွေမှာ အရမ်းကိုရင်ခုန်နေရပြီလို့ ခရစ်ကဆိုပါတယ်။ ခရစ်စမတ်ကာလဆိုတာ အရမ်းကိုအရေးကြီးပါတယ်။သမီးလေးဘဝမှာ အမြဲတမ်းအမှတ်ရနေစေချင်တဲ့ ဆန္ဒတွေလည်းပါတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးထားတာတွေ့ကြရမှာပါ။

အိမ်မှာ သမီးလေးအတွက် ခရစ်စမတ်သစ်ပင်လှလှလေးတွေ လုပ်ပေးမယ်။ ပြီးတော့ သမီးလေးနဲ့အတူ ခရစ်စမတ်သီချင်းတွေဆိုကြမယ်လို့ ခရစ်ကပြောပါတယ်။ သမီးကြိုက်တဲ့ အရုပ် ကလေးတွေလည်းအသင့်ဖြစ်နေပြီလို့ ပြောဆိုလိုက်ကြောင်းသိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*