ဇာတ်လမ်းတိုနှင့် မှတ်တမ်းရုပ်ရှင်များပြသခဲ့သည့် ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်

ဇာတ်လမ်းတိုနှင့် မှတ်တမ်းရုပ်ရှင်များပြသခဲ့သည့် ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်
December 4, 2018 Asian Fame
ဇာတ်လမ်းတိုနှင့် မှတ်တမ်းရုပ်ရှင်များပြသခဲ့သည့် ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်


အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက် ရေးနေ့ အထိမ်းအမှတ် အသိပညာ ပေး လူထုလှုပ်ရှားမှု ထာဝရဖဲကြိုး ဖြူရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၂၈ ရက် ညနေ ၆ နာရီက မနော်ရမ္မံကွင်း တွင် ကျင်းပခဲ့သည်။

ရုပ်ရှင် ပွဲတော်တွင် နယ်ပယ် အသီးသီးမှ ရိုက်ကူးတင်ဆက်ထား သည့် ဇာတ်လမ်းတို ရုပ်ရှင်များနှင့် မှတ်တမ်းရုပ်ရှင်များကို ပြသပြီး ပြဇာတ်၊ တေးသရုပ်ဖော်၊ တေးသီ ချင်းများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ပါတယ်။

ထို့နောက် အမျိုးသမီး ကော်မတီနာယက၊ ဒေါက်တာ ယုယု မေနှင့် နာယကများ တာဝန်ရှိသူ များက ခင်းကျင်းပြသထားသော ပြခန်းများနှင့် ပြခန်းသို့ လာရောက်၍ အမှား၊ အမှန် ဖြေဆိုသူများ၊ ဥာဏ်စမ်း အစီအစဉ်များ၊ ဂိမ်းကစား နည်းများတွင် ပါဝင်ကြသူများအား လိုက်လံအားပေး နှုတ်ဆက်ခဲ့ကြ သည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူး၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ခုခံကျ/ ကာ လသားရောဂါ တိုက်ဖျက်ရေး ဦးစီးဌာန၊ ကဲမြန်မာ၊ မာရီစတုပ် နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း ကာ အသိပညာပေးပြခန်းပေါင်း ၁၅ ခန်းဖွင့်လှစ်ပြသခဲ့ပြီး ဥာဏ်စမ်းအစီ အစဉ်များ၊ အမေး၊ အဖြေ အစီအစဉ် များနှင့်အတူ ဆုလက်ဆောင်ပစ္စည်း များဖြင့် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြ သည့်နည်းတူ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ဝ ရက်နေ့အထိ အ ပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုလျှော့ချရေး ၁၆ ရက်တာ လှုပ်ရှားမှုကို အစီအစဉ် များစွာဖြင့် ပူးပေါင်းဆောင်ရွက် အသိပညာပေး လှုပ်ရှားသွားကြမည် ဖြစ်ကြောင်းသိရှိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*