Heineken Beer
Heineken Beer

ကမ္ဘာကျော် နှစ်ဦးဖြစ်တဲ့ ဘော့ဒိုင်လန်နဲ့ နေးလ်ယန်းတို့ လန်ဒန်မှာ ပူးတွဲဖျော်ဖြေဖို့အစီအစဉ်ရေးဆွဲနေ

ကမ္ဘာကျော် နှစ်ဦးဖြစ်တဲ့ ဘော့ဒိုင်လန်နဲ့ နေးလ်ယန်းတို့ လန်ဒန်မှာ ပူးတွဲဖျော်ဖြေဖို့အစီအစဉ်ရေးဆွဲနေ
December 3, 2018 Asian Fame

ရှားရှားပါးပါး နိုဗယ်လ်ဆုရှင် ကမ္ဘာကျော် အဆိုတော်ကြီး ဘော့ဒိုင်လန် နဲ့  ဝါရင့် ကနေဒီယန် အဆိုတော် နေးလ်ယန်းတို့ နှစ်ဦးရဲ့ ပူးတွဲဖျော်ဖြေပွဲကို ၂ဝ၁၉ ခုနှစ်အတွင်းမှာ ကျင်းပမယ့် လန်ဒန်ဂီတပွဲတော်ကြီးမှာ ပရိသတ်တွေ မြင်တွေ့ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

ဒီလို ပူးတွဲဖျော်ဖြေတာမျိုးက အခုတစ်ကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ ရှေ့ကာလတွေမှာလည်း ဖျော်ဖြေခဲ့ကြပါသေးတယ်။ အခု လာမယ့်နှစ် ဖျော်ဖြေပွဲကို လာမယ့် နှစ် ဇူလိုင်လ ၁၂ရက်နေ့လို့ အကြမ်းဖျင်း သတ်မှတ်ထားပြီး ကျင်းပမယ့် နေရာကတော့ လန်ဒန်မြို့က ဟိုက်ဒီပါ့ခ်မှာ ဖြစ်ပါတယ်။

၂ဝဝ၅ခုနှစ်က ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးနဲ့ တွေဆုံခဲ့တဲ့ နေးလ်ယန်းက ”ဘော့ဒိုင်လန်က ကျွန်တော်အားကျရတဲ့ ဆရာသမား တစ်ယောက်ပါ” လို့ ပြောဆိုခဲ့ပါတယ်။

Ref: BBC

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*