ပန်းတင်လှေနှင့်အတူစီးမျောခြင်း…

ပန်းတင်လှေနှင့်အတူစီးမျောခြင်း…
November 30, 2018 Asian Fame

တောင်စွန်းဘူတာကို မနက် ၁ဝ နာရီမှာ နတ်ပန်းချီကားနှင့် ပန်းချီသန်းမင်းက လိုက်ပို့ခဲ့တယ်။ တောင်စွန်းဆိုတာက ကျိုက်ထီးရိုး စေတီကို လှမ်းမျှော်ခဲ့ရင်း ဟိုးအရင် နှစ်ပေါင်း ၃ဝ ကျော်ကို ပြန်လည်မြင် ယောင်မိခဲ့ရတယ်။ သြော် . . . ဝေးကွာသွားခဲ့တဲ့ ဇနီးသည်နှင့်အတူ တောင်စွန်းကို ရောက်ခဲ့ဖူးတယ်။

ပုံပြင်ဟောင်းဇာတ်ကြောင်း များကို ပြန်လည်မြင်ယောင်နေမိ တယ်ပေါ့။ ကျွန်တော်နှင့်အတူ ဒါ ရိုက်တာ ကိုအောင်စိုးဦး၊ ပန်းနု ရောင်အစ မရင့်တရင့်က ဆိုရမည် ပင်။ လွန်ခဲ့လေပြီးသောနှစ်များ ၄ဝ ကျော်မှ မန္တလေးကို ပြန်လည်ပြော မိကြတယ်။ ကျွန်တော်တို့နှင့် စာရေး ဆရာ တက္ကသိုလ်ကိုအောင်ဆွေ စသော ကိုအောင်စိုးဦးတို့နှင့်အတူ ခရီးစဉ် ထွက်ခဲ့ကြတဲ့ နှစ်များကို မြင် မိခဲ့တယ်။ သြော် . . . ဝေးကွာခဲ့တဲ့ နှစ်တွေကို နှင်းမိုးတွေနှင့်အတူ ဝေး ကွာခဲ့လေပြီ။

ကျွန်တော့်ဆီ စာဒီဇိုင်းလေး ကိုအောင်စိုးဦးကတစ်ဆင့် သူ့မိတ် ဆွေက လှမ်းအပ်တယ်။ ‘ပန်းတင်တဲ့ လှေ’ ရေးပြီးတော့ ရန်ကုန်ကမ်းနား လမ်း မော်လမြိုင် မုန့်ဟင်းခါးဆိုင် လေးမှာ ကျွန်တော့် လက်ကလေးကို ဆုပ်ကိုင်ကာ တောင်စွန်းကို သွားမလို့ လိုက်ခဲ့ပါလားဆိုလို့ အဝတ်အထည် ကိုယ်တစ်ခုနှင့် လိုက်ခဲ့ရတယ်။
ဒီလိုနှင့် တစ်နွေ၊ တစ်မိုး၊ တစ် ဆောင်းနှောင်းခဲ့လေပြီပေါ့။ ပန်းနု ရောင်လေး အရောင်ရင့်စွာနှင့် နှစ် ၇၅ ရှိခဲ့သော်လည်း အနီးစေတီရှိရာ မှတစ်ဆင့် အိုးဝေသံ လေပြည် ညင်းက လွယ်သည်လည်း ရှိမယ်။ ခက်သည် လည်းရှိမယ်။

ကျိုက်ထီးဆောင်းမှာ ငါးသုံးလီ က ရင်မှာရင်မှာ သီးနှံများဖြင့် သက် သတ်လွတ် ၃ ရက်တိုင်တိုင် စားခဲ့ရ တယ်။ ဝေးကွာနေသော ဘဝများကို ဖြတ်ကျော်ခဲ့ရပြီ။ နှစ်များဆီကို မျှော် ရည်မှန်းဆ တမ်းတကာ လွမ်းခဲ့ရတဲ့ နှစ်တွေနှင့်အတူ မီးရထားနှင့် ခရီး သွားခြင်းလေးကို မြန်လည်မြင် ယောင်မိခဲ့ရင်း။ တောင်စွန်းကနေ ဆံတော်ရှင်ရှိရာ ကျိုက်ထီးရိုးကို လှမ်းဖူးရင်း။ ယခုတော့ ဝေးကွာသွား ခဲ့တဲ့ ဇနီးသည်နှင့် အတူသွားခဲ့ရတဲ့ မောင့်ငယ်ပေါင်း။ ယခုတော့ စိတ် ဘဝင်မှာ တိတ်တဆိတ် အိပ်ခဲ့ကြ ရင်း။

နေ့ညများစွာ၊ မနက်များစွာနှင့် ရေးကာဖွဲ့၊ စာပန်းချီနှင့်အတူ စာ ပေနယ်မှာဖြင့် ကဗျာလေညင်း၊ စာ လေညင်းက ဆောင်းပြောင်း နွေတစ် လီ၊ မိုးများသီခဲ့၊ ရာသီနှောင်းပြောင်း လတပေါင်းက ခညောင်းညှာကြွေ ဘဝတွေကို ခေါ်ကာသွားခဲ့ လရက် တို့က ဝေးကွာခဲ့ပြီ။ ခါများဆီကို မျှော်လို့မဆုံး ဘဝပန်းကုံးသလို စီကာတည်၊ ညီကာနွဲ့၍ ရေးဖွဲ့ပန်း ချီ စာများဆီသို့ ရင်မှာနွေနှောင်း လတပေါင်းက နှောင်ဖွဲ့ကြဦးမည်။

သီတင်းကျွတ်ဆီလည်း မီး ရောင်ထွန်းညှိ ဆီမီးသိပြီ ကူးကာ လင်းလက် တောင်ထိပ်ပေါ်က ကြယ် ပန်းလှနှင့် ဘုရားကြွချီ မယ်တော် မိဆီက ကြွလာရက်မြတ် တာဝတိံသာ နတ်ပြည်မှာဖြင့် တောင်စွန်းဝေ သီနတ်များဆီကို မျှော်ရည်မှန်းဆ လွမ်းရပြန်ပြီ။

ဆေးပန်းချီဖြင့် ပူဇော်ရေးခဲ့ ပြီ။ ဆေးရောင်နီဝါ နတ်ဒေဝါနှင့် ပဉ္စ ငါးပါးနတ်များဆီက စောင်းသံကြား ရ နတ်ဒေဝါနှင့် မလျှော့မတင်း စောင်းကြိုးညင်းသလို ဂီတကိုမပယ် နားဝင်ငယ်မှာ သံစဉ်တီးခတ် လမြတ် ညကို ပူဇော်မြင်ယောင်မိတကား။

ကောင်းကင်ယံက ဒေါင်းသံအိုး ဝေ၊ စောင်းသံတွေနှင့် ညီကာတစ် လှည့် တိမ်ကိုဖွဲ့သီ၊ နွဲ့ညီလှည့်ပြောင်း ညီစေကြောင်းနှင့် မေတ္တာကိုရှု လမြတ်နုကို ဝေးကွာစေကြောင်း ငယ်အပေါင်းက စိတ်ကောင်းကိုယ်စီ ရှိကြမည်။ အော်ကာတစ်လှည့် ညီ ညာမဖွဲ့တဲ့ သူတွေလည်း ရှိကြမည်။

သို့ပါသော်ငြား ဘဝများက ဒီ လိုပဲ ကြုံရမည်သာ ဓမ္မတာတည့်။ ပြာစင်တိမ်က ညရောက်ကြသော် အေးသည့်တစ်ခါ ကြုံရရှာမည်။ ပူ ကာ တစ်လှည့် နေ့ရောက်ခဲ့သော် ညနှင့်လည်း ကြုံရမည်။ နေ့ကိုလည်း ကြုံရမည်။ နေထွက်ခဲ့ပေါ့၊ ပူကာ တစ်လှည့် အေးကာဖွဲ့ဆို စာပန်းချီလို ရှိနေကြမည်။ ဘဝတိုင်းဆီက သည်း ခံရွေ့လျား ဘဝများက လက်ချောင်း လေးလို ရှိမည်ထင်ခဲ့။ ညီညာလက် ပေါင်း လက် ၁ဝ ချောင်းက မညီ ညာတဲ့ လက်ချောင်းကလေးတွေလို စုကာ တစ်လီနေကြဆီသို့ ညာနှင့်ဝဲ လက် ပေါင်းဖက်က ကြာပန်းကုံးလို ရှိမည်ထင်သည်။ သူကရှေ့မှာ၊ ငါက နောက်လိုက် တွက်ဆအလီလီ သင် သိပြီပေါ့။

သင့်မှာရှေ့က သူကနောက်မှာ ရှိနေများလည်း မေတ္တာလက်ကလေး ပေးဝေဖြန့်ဖြူး လတန်ခူးက ခါသ င်္ကြန်လေး ရေမြေကောင်းတော့ ငယ် ပေါင်းတွေဆီ ကဆုန်ပြန်ရောက် စုံ ကာရောက်တော့ အလှစိတ်ကလေး ပြောင်းသွားပြီ။

မီးရထားသံလမ်း ညီညာထမ်း တော့ ကျောက်ခဲလေးတွေ ခင်းကာ ပေလည်း ဘူတာရုံလေး ရောက်ခဲ့ သေးတယ်။

တောင်စွန်းမြို့ကလေးက ပြန် လာခဲ့တဲ့ ကိုအောင်စိုးဦး ဒါရိုက်တာ က ပန်းတင်လှေကလေး သယ်ဆောင် ပေးခဲ့ လမ်းကလေးက သီကာဖွဲ့လီ ငယ်မူနွဲ့အောင် ဘဝဟောင်းက ခေတ်ပေါင်းများစွာ ပြန်လည်ကြားခဲ့ တမ်းတမိရင်း မလွမ်းမိအောင် နေခဲ့ ပြန်လည်း ငါ့ရင်ထဲမှာ လွမ်းတေး လေးတွေ ရှိနေသည်။

တောတောင်စိမ့်စိမ်း ဟံသာ လမ်းက သထုံနယ်မြေ ကျိုက်ထိုမြေ က ဘဝဟောင်းက မြို့ကလေး ဖြစ် နေသေးတယ်။

ထီးဆောင်းခဲ့တဲ့ ဘုရားစေတီ ပန်းစေတီက ညီညာကောင်းမှု အဘိုး ပြုခဲ့ ကျိုက်ထီးဆောင်းက ဆရာတော် ရှင်ကို ဦးကာညွတ်လီ ငါးသုံးလီကို ကန်တော့လက်များ ဆယ်ဖြာများ တည့် ဝါနီပြာနက် ဖြူကာလက်ဖြင့် ကန်တော့ပါသည်။ လွမ်းစေတီကို နေ့ကနာရီ ဆယ်တန်းဆီက နောင် လာဆယ့်တစ် ဖြစ်တော့မည်။

ပန်းချီဆရာ ဦးသောင်းဟန်၏ နယ်ဒေသ သထုံကစခဲ့ ပန်းချီနတ် ပန်းချီကျောင်းဆင်း ဆရာသင်ခဲ့ တောင်ငူ နတ်သျှင် စာဆိုရင်နွဲ့ ရာဇ ဓာတုကလျာ ချစ်သက်ခါဖြင့် တောင် ငူတစ်ခွင် ငယ်ရုပ်ဆင်သော် ပန်းချီ ရေးတဲ့ဆရာ။ ကျွန်တော့်ဆရာနေတဲ့ သထုံပြည် ထိုမှတစ်ဆင့် ရန်ကုန် ကိုနား ဘဝများက ပန်းချီများနှင့် ရေးဖွဲ့တစ်လီ စာပေမဂ္ဂဇင်း ရှုမဝ တွင် လခလေးနှင့်ရေးခဲ့ရသည်။ ငယ်က အဖြစ်ကလေး နယ်မြေချင်း ကပ် ကျိုက်ထီးရိုးစေတီ ဟိုးဝေးဝေး က စေတီကို မြင်မိရတယ်။ နှစ်ပေါင်း ၃၅ နှစ် ကျော်ခဲ့ရပြီ။

နတ်ပန်းချီသန်းမင်း ရေးဖွဲ့ ဖုံခင်းတဲ့ မြသပိတ်တောင် အောင်မြေ စခန်း ဘဝလမ်းမှာ နှစ်ပေါင်း ၃၅ မှ တစ်ခါ၊ ယခုမှတစ်ဖန် ထပ်၍ ရောက်ခဲ့လေပြီ။ ငါ့မှာ ၇၅ နှစ်ကျော် ရောက်ခဲ့ပြီ။

တောတောင်စိမ်းလန်း တောင် တွေတန်းတဲ့ တောင်စွန်းဘူတာလေး က ကြိုနှင့်ပြီ။ အထက်တန်းကစီးလာ သံလမ်းမှာဖြင့် အပြန်လမ်းကလေး သာသာယာယာရှိလှတယ်။ ရှုခင်းစုံ စွာ ပန်းချီဆန်တဲ့ မြို့ကလေး သာယာလှပ အေးချမ်းလှတယ်။ စီး ကာလာကြ နှစ်ပေါင်း ၄ဝ ကျော်ခဲ့ ပေပြီ။ ခံစားမှုမညှိုး၊ ကိုအောင်စိုး ဦးနှင့် ရှေ့နေစကား၊ စာစကားနှင့် ရုပ်ရှင်သွင်ပြင် ရိုက်ကူးခဲ့စဉ်က ပြန် လည်ပြောပြ ငယ်ဘဝလေး ပြန်ကာ တွေးသော် ဝင်းဦး၊ ကျော်ဆွေ၊ မြတ် လေး၊ ထွန်းဝေ၊ ဝါဝါဝင်းရွှေ သိကြား သက်သေ ညွှန်းကိုလ။ တူဖြစ်တော့နှံ ပေဖြစ်တော့ခံရဲ့ ရုပ်ရှင်ဇာတ်က လေး သိကြားစေ သက်သေညွှန်းခဲ့ရ။ မဗေဒါက ကြည်ကြည်ဌေး၊ ပေါ်ပြန် လည်း မသက်သာ မဗေဒါက တစ်ပင် တည်း။ ပေါ်ပြန်လည်း မသက်သာ . . . မသက်သာ ။ မြန်မာ မျိုးနွယ် ဘာသာကြွယ်တော့ အမေ့ အိမ်ကြီး သားသမီးကကြီးသော ပြော မရတဲ့ နှစ်များအလီလီ ပုံဖော်ကြပြီး အမေဘယ်လိုနေရှာမလဲ ။ကဉ္စပနဒီ ကတစ်မျိုး ၊ ရှမ်းမျိုး တသွယ်ညီညာ လုံ့လ မေတ္တာမျှ၍ နေကြပါလေ ။ ဧရာဝတီမြေ ၊ ကဉ္စပနဒီ ရခိုင်ပြည် က ငြိမ်းချမ်းပါစေ ။ အေးမျှ မေတ္တာ မျှဝေ၊ လူတွေဆီက လောဘ၊ ဒေါသ၊ မောဟ ဘဝသံသရာ ဆရာသုခ မြင် လှည့်ပြတော့ ဘယ်မှာ ရိုက်လို့ပြီး မလဲ။

ယခုတော့ ရုပ်ရှင် ဟေ ဟေး လို့ခေါ် စင်ပေါ်က မခံစားရတော့ အလယ် သားလေးနှင့် ဝေးခဲ့လေပြီ။ ဆရာ ပေါင်းဆီက ဗိုလ်အောင်ဒင်၊ ဆရာ ရွှေဒုံးကိုလ အလှဆုံးနှင့် ရိုက်ခဲ့တယ်။ ဆရာသုခ။ ဘဝ သံသရာ ငယ်ကကျွမ်းတော့ ငယ် ကျွမ်းဆွေလေးဖြစ်တဲ့ အစ်ကိုလေး တင်အောင်၊ ဂီတလွင် ပြင်သံ လွင်ချို မြမြ၊ မောင်ကိုကိုက တီးကာလက် ကလေး ပန်းမြိုင်လယ်လေး ကြား ခဲ့ရတယ်။ အစ်ကိုကြီးနောင် ဒို့မြေ သည်ကား ဆန်စပါးသက်သေ၊ မက်မပြေသော လယ်တောယာမြေ၊ ထွေးညို တစ်လှည့် ကိုသိန်းတန်နွဲ့၍ ရေမြေတောတောင်သိကာနှင့်။ ထွေး ညိုလေးကို လွမ်းမိတယ် ။

သက်တံပေါ်မှာ လေလှိုင်းစီး ၍ လက်ဖြန့်ခေါ်ကာ လေသင်နိုင်းစီ ကာနဲ့ မမာမာအေး ဘဝလေးက ဝေးဝေးမှာသူနေ။ ဘဝခြေချ နှစ် ကာလများ ၃၅ နှစ်ကျော်ခဲ့ရပြီ။
ရောင်နီလာပေါ့ မနက်ဝေလီ ပြေပြေညီတဲ့ တေးသံချိုချို၊ ဂီတ အဖော် ဆိုကာပြခဲ့။ မတင်တင်မြ လေး ကြားခဲ့ရတယ်။ ကျေးစေတမန် မေရှင့်အသံက အေး၍တစ်လီ မန္တလေးဆီကို ပြန်လည်လွမ်းယောင် သန်းခဲ့ပြီ။ရေသာနဒီ ၊ ဧရာဝတီနှစ် ပေါင်း၊ ကတ္တီပါဖိနပ်စီး ရွှေထီး ဆောင်းတဲ့ မောင်ဝဏ္ဏလေးနဲ့ ဝေးခဲ့ ရတယ်။ မောင်ဝဏ္ဏလေးကိုလည်း သတိရတယ်။ လယ်တောက ပြန်ပန် ချင်တယ် ။ ခရေဖူးကို သီဆိုပြတဲ့ ။ သုမောင်ရဲ့အသံ ပြန်လည်ကြား ယောင်ခဲ့ရတယ်။ ဒီလို ပြောကြ နှစ်ဦးကြားက ရထားကိုစီး ဘဝ ခရီးမှာ လွမ်းတေး သီဆိုပြောဆို ကြရင်း လာရာခရီး ရန်ကုန်ဘူတာ ကြီးကို ပြန်လည်ဆိုက်ရောက်ခဲ့ လေပြီ။

လွမ်းတေးသီဦးမည့်
ပန်းချီတင်လှဝင်းထင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*