ဂျပ်စတင် ဘီဘာ ရဲ့  မိခင်က ချွေးမလောင်းအတွက်မွေးနေ့ ဆုတောင်းရေးသား

ဂျပ်စတင် ဘီဘာ ရဲ့  မိခင်က ချွေးမလောင်းအတွက်မွေးနေ့ ဆုတောင်းရေးသား
November 28, 2018 Asian Fame
ဂျပ်စတင် ဘီဘာ ရဲ့  မိခင်က ချွေးမလောင်းအတွက်မွေးနေ့ ဆုတောင်းရေးသား


လက်ရှိအချိန်မှာ အငြင်းပွားစရာသတင်းတွေနဲ့ခပ်ရှုပ်ရှုပ်ဖြစ်နေတဲ့ ဂျပ်စတင်ဘီဘာနဲ့ ဟေလီဘော့ဒ်ဝင် တို့နှစ်ဦးအတွက် နိုဝင်ဘာ၂၂ ရက်နေ့ဟာ ပျော်ရွှင်ဖွယ်ရာနေ့တစ်နေ့ဖြစ်ခဲ့တယ်လို့သိရပါတယ်။

မိသားစုထုံးစံအတိုင်း ဘော့ဒ်ဝင်နဲ့ဂျေဘီရဲ့ မိခင်ဖြစ်သူနှစ်ဦးကြားမှာလည်း ဆက်ဆံရေးက သိပ်ပြီးချောချောမွေ့မွေ့မရှိလှဘူးဆိုတဲ့ ထင်ကြေး တွေလည်းရှိနေပါတယ်။ ဒီလိုအချိန်မျိုးမှာ ဘော့ဒ်ဝင်အတွက် အတိုင်းအဆမသိတဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ယောက္ခမလောင်းဖြစ်သူ ပက်တီမော်လက်က သူ့ရဲ့ Instagram က နေတစ်ဆင့် မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။

ဂျပ်စတင် ဘီဘာရဲ့ မိခင်ပက်တီမော်လက်ရဲ့  Instagram မှာတော့ တိုတိုနဲ့လိုရင်းပါပဲ ”ငါမင်းကို ချစ်ပါတယ်။ သမီးလေးတစ်ယောက်လိုပေါ့” လို့ရေးသားထားပါတယ်။ ရေးတင်လိုက်တဲ့ နေ့ကတော့ အမေရိကန်နိုင်ငံရဲ့ ကျေးဇူးတော် နေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၂ရက်နေ့မှာဖြစ်ပါတယ်။

ဒီနေ့ထိတိုင် ဂျပ်စတင်ဘီဘာနဲဟေလီဘော့ဒ် ဝင်တို့ရဲ့မင်္ဂလာလက်ထပ်သတင်းကလည်း သို့ လော သို့လောဖြစ်နေတုန်းပဲဖြစ်ပါတယ်။ ပရိ သတ်တွေကလည်း တိကျတဲ့သတင်းတစ်ခုကို ကြား ချင်နေကြပြီဖြစ်ပါတယ်။

Ref :Hollywoood Life

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*