ကိလေသာအမျိုးမျိုးရောင်းသည်

ကိလေသာအမျိုးမျိုးရောင်းသည်
November 28, 2018 Asian Fame
ကိလေသာအမျိုးမျိုးရောင်းသည်

”သိက္ခာမြင့်မြတ်သူမှ မဖြစ်ရ ရင် ဘာမှမဖြစ်သည်က ပိုပြီးကောင်း သည်”
(အဲဖရက်တင်နီဆင်)

ကျွန်တော်နှစ်သက်ပြီး ကိုယ် တိုင်လည်း လိုက်နာအောင် ကြိုးစား နေသော ဝါကျလေးဖြစ်၏။ လူသား တွေ အားလုံးဘဝနေနည်း အမျိုးမျိုး နှင့် သက်တမ်းတိုးနေကြရသည်။ အတ္တနှင့်ပရ အားပြိုင်မှုဟုလည်း ပြောလို့ရသည်။ ဗုဒ္ဓ၏ အဆုံးအမ၊ ဆရာသမားတို့၏ လမ်းညွှန်မှု စာဖတ်အားတို့နှင့် ဘဝကို ဖြတ် သန်းခြင်းသည် ‘ဘဝနေနည်း အနု ပညာ’ဖြစ်ပြီး အကုသိုလ်နှင့် အဝေး ဆုံးမှာ ရပ်တည်ခြင်းဟုလည်း ယူဆ လို့ရသည်။ အဓိကမှာ ကျွန်တော်တို့ အားလုံး၏ ရင်ထဲတွင် ‘အကောင်း မြင်စိတ်’လေး ရှိဖို့ပင်ဖြစ်သည်။ ထို အကောင်းမြင်စိတ်လေးသည်ပင် ဘဝ၏ ရီမုကွန်ထရိုးတစ်ခုပင်ဖြစ် သည်။

တစ်ဆက်တည်းမှာပင် ‘အား လုံးကို အကောင်းမြင်ပါ’ဆိုသည့် စကားလုံးကို နှလုံးသားပေါ်မှာ မိတ္တူ ကူးထားသည်။ ကျွန်တော့်စိတ်ကို သန့်စင်စေသော စကားလည်းဖြစ် သဖြင့် မိတ်ဆွေသူငယ်ချင်းများကို လည်း ပြောပြဖြစ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းနှင့် ကင်းကွာပြီးနေ၍ မရပေ။ လူမှုဆက်ဆံရေး ဘာသာ ဗေဒကို အသုံးချရသည်။

အလွှာအသီးသီးမှာ မိတ်ဆွေ များရှိသည်။ စာပေနယ်မှာ စာသမား များ နှင့်ဆုံသည်။ ကားပေါ်၊ ရထား ပေါ်မှာ ခရီးသည်တွေနှင့် ပတ်သက် ရသည်။ ရပ်ကွက်ထဲမှာ ‘ပရဟိတ’ အတွက် လူတွေနှင့် ထိတွေ့ရသည်။ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်များ နှင့် ဆက်ဆံရသည်။ သေချာသည် မှာ အားလုံးသည် အတ္တရှိသော လူ တွေဖြစ်သည့်အတွက် တစ်ယောက် နှင့်တစ်ယောက် ခံယူချက်မတူညီ သလို ဘဝ၏ ပုံသေနည်းများက လည်း တစ်ထပ်တည်းမဖြစ်နိုင်ပေ။ ထို့အတူ အခြေခံစိတ်နှင့် စာဖတ်အား အထူအပါး မညီမျှသောကြောင့် အကြောင်းအရာတစ်ခုအပေါ် ချဉ်း ကပ်ပုံနှင့် သုံးသပ်ပုံချင်းလည်း မတူ ညီနိုင်ပေ။ ထို့ကြောင့် အကောင်းမြင် စိတ်ရှိသူနှင့် အရာရာကို မျက်မှန် အမည်းတပ်ကြည့်သူတို့ကြားမှာ ခြား နားချက်များက ရှိနေဦးမည်သာဖြစ် ၏။

ထိုအခါ ရင်မှာ အနာတရ များနှင့် ရင်ဆိုင်ရသည်။ အချို့ အနာ တရက လိမ်းဆေးလောက်နှင့် သက် သာသည်။ အချို့ဒဏ်ရာက အကျဉ်း ချုပ်စနစ်နှင့် ဆေးစပ်သောက်လို့ရ သည်။ အချို့ဒဏ်ရာက ‘အထူးကု’ နှင့်ပြသော်လည်း မသက်သာ။ ရင်ထဲ မှာ အစိုင်အခဲဖြစ်ပြီး တည်ငြိမ်နေ သောဘဝကို ကုလားဖန်ထိုးပစ် တတ်သည်။ ထို့ကြောင့် အရာရာကို အကောင်းမြင်ဖို့၊ မေတ္တာထားဖို့၊ နား လည်ခွင့်လွှတ်ပေးဖို့ ကြိုးစားရသည်။ မိဘဆရာသမား၏ စကားကို လိုက် နာရသည်။ စာပေပညာရှင်ကြီးများ ၏ အဆိုအမိန့်များကိုလည်း နှလုံး သွင်းရသည်။ ထိုဝန်ဆောင်မှုများနှင့် ဘဝကို ဆွဲဆန့်ခြင်းသည် အမှားနည်း သလို အကုသိုလ်လည်း နည်းသည်။ ဘဝနေနည်းကလည်း အဓိပ္ပာယ်ရှိ သည်။

လောကတွင် လူသားတွေ ရှိနေ သမျှ အမှားနှင့်လွဲချော်မှုများက ရှိ နေဦးမည်သာဖြစ်၏။ တချို့ အမှား က သက်သေအထောက်အထား အတိအကျ တင်ပြလို့ရသော်လည်း တချို့လွဲချော်မှုက သက်သေပြစရာ မရှိသောအခါ ရင်ထဲထိသွားသော အနာတရများက နောက်ဆုံးအချိန် ထိ သွေးထက်နေတတ်သည်။ မကြာ ခင်က ကျွန်တော်သိလိုက်ရသည့် အဖြစ်အပျက်လေးတစ်ခုက ခပ်ညံ့ညံ့ မြန်မာဗီဒီယိုဇာတ်လမ်းတစ်ခုနှင့် တူသည်။ သို့သော် အကြောင်းအရာ က မှန်ကန်နေသော်လည်း သက်သေ ပြစရာမရှိသောအခါ နှလုံးသားတချို့ ဒဏ်ရာရသွားခြင်းက အားလုံးအ တွက် ကြေကွဲစရာပင်ဖြစ်သည်။

ကျွန်တော်တို့ စာပေမိတ်ဆွေ တချို့ ထိုင်သောနေရာလေးမှာ ကား လမ်းမကြီးနံဘေးရှိ လမ်းပေါ်က လက်ဖက်ရည်ဆိုင်လေးဖြစ်သည်။ ထို ဆိုင်လေးက လက်ဖက်ရည်ကောင်း သလို စာသမားများကိုလည်း နား လည်သည်။ ထို့ကြောင့် သစ်ပင်ရိပ် အောက်ရှိ ထိုဆိုင်လေးမှာ’အင်္ဂါနှင့် သောကြာနေ့’တိုင်း စာသမားများ ဆုံလေ့ရှိသည်။ ထိုဆိုင်လေးမှာ စာရေးဆရာအချင်းချင်း တစ် ယောက်အခက်အခဲကို တစ်ယောက် ကူညီနိုင်သည်။ တစ်ယောက်ဒဏ်ရာ ကို တစ်ယောက်ဖေးမနိုင်သည်။ တစ် ယောက်အပူကို တစ်ယောက်မျှဝေခံ စားနိုင်သည်။ ထိုဆိုင်လေး၏ ကပ် လျက်တွင် ‘ကွမ်းယာဆိုင်လေး’ တစ် ဆိုင်လည်းရှိသည်။ ရောင်းသူမှာ အသက် ၂၅ နှစ်ဝန်းကျင် ရုပ်ရည် သန့်ပြန့်သော အမျိုးသမီးတစ် ယောက်ဖြစ်သည်။ ကျွန်တော်က ကွမ်းမစားသဖြင့် ထိုဆိုင်လေး၏ ကွမ်းယာ အရည်အသွေးကိုမသိသော် လည်း စာရေးဆရာအားလုံးက ထို ဆိုင်လေးကိုပင် အားပေးကြသည်။

ဆိုင်ရှင်အမျိုးသမီးက သဘော ကောင်းသည်။ တစ်ဝိုင်းဝိုင်းက ကွမ်း ယာမှာလျှင် ကိုယ်တိုင်လာပြီးပေး သည်။ အြေ<ွကမလွယ်လျှင် ငွေမပါ လျှင်လည်း နောက်နေ့မှ ပေးလို့ရ သည်။ ထို့ကြောင့် သူ့ဆိုင်လေးက ရောင်းရသည်။ ထို့အတူ ကျွန်တော် တို့ ဝိုင်းကလည်း သူ့အတွက်မကြာ ခဏ လက်ဖက်ရည်မှာတိုက်တတ် သည်။ တစ်ဦးမေတ္တာ တစ်ဦးမှာဆို သည့် သဘောပင်ဖြစ်၏။

သည်လိုနှင့်တစ်ရက်တွင် ကျွန်တော်နှင့်အတူ စာပေချစ်သူ သူ ငယ်ချင်းတစ်ယောက် ထိုဆိုင်မှာ ထိုင်ဖြစ်သည်။ ကျွန်တော်က ထိုကွမ်း ယာဆိုင်လေးနှင့် ကင်းကင်းနေနိုင် သော်လည်း သူငယ်ချင်းက ကွမ်းစား၊ ဆေးလိပ်သောက်သဖြင့် ထိုဆိုင်လေး နှင့် ပတ်သက်ရသည်။ ထိုသူငယ် ချင်းမှာ စိတ်ရင်းစေတနာကောင်းပြီး ရိုးသားသူတစ်ယောက်လည်းဖြစ် သည်။ ထို့နောက် သူငယ်ချင်းက ကွမ်းယာလှမ်းမှာလိုက်သည်။ အမျိုး သမီးကလည်း ထုံးစံအတိုင်း ကိုယ် တိုင်လာပြီး သူငယ်ချင်းကိုပေးသည်။ ကျွန်တော်တို့ကလည်း ‘အဆင်ပြေရဲ့ လား၊ ရောင်းကောင်းရဲ့လား’ဟု စကားဆိုကြသည်။

ထိုဇာတ်ဝင်ခန်းက ရိုးသား သည်။ မည်သည့်ကွန်ပျူတာအဖက်မှ လည်း သုံးထားခြင်းမရှိ။ မြန်မာလူ မျိုးအချင်းချင်း နှုတ်ဆက်စကားဆို ခြင်းသာဖြစ်သည်။ သို့သော် ကံကြမ္မာ က ထိုပြကွက်လေးကိုပင် ဏသတနမ ဏသငညအ နှင့် ထိုးပြပြီး ‘ပြစ်ဒဏ်ဘော’ အဖြစ် သတ်မှတ်လိုက်ပုံရသည်။ အမျိုးသမီးလေးက သူငယ်ချင်းကို ကွမ်းယာလာပေးပြီး စကားပြောဆို စဉ် သူငယ်ချင်းမိန်းမက ဖြတ်သွား ရင်း ကားပေါ်က ထိုမြင်ကွင်းကို တွေ့လိုက်ခြင်းက ဘာသာပြန် လွဲ ချော်သွားခဲ့ခြင်းပင်ဖြစ်သည်။

ဇာတ်ပေါင်းသောအခါ သူငယ် ချင်းမိန်းမက အမျိုးသမီးလေးနှင့် စွပ်စွဲသည်။ သူငယ်ချင်းက ငြင်း သည်။ ကျွန်တော်ကိုယ်တိုင်လည်း သူငယ်ချင်းနှင့်အိမ်လိုက်သွားပြီး ရှင်းပြ သည်။ သို့သော် သူ့မိန်းမက လက် မခံပေ။ တစ်လင်တစ်မယား ဥပဒေ နှင့် တုံ့ပြန်သည်။ ထို့အတူ သူငယ် ချင်းကိုလည်း မယုံကြည်တော့ပေ။ အမိုးတစ်ခုအောက် သန်းခေါင်စာ ရင်းတစ်ခု၏အတွင်းမှာ အတူရှိနေ လျက် တစ်ယောက်နှင့်တစ်ယောက် သံသယမျက်ဝန်းများနှင့် အသံတိတ် တိုက်ပွဲလေးက အပစ်အခတ်ရပ်ရန် ရာခိုင်နှုန်းနည်းသွားခဲ့သည်။ နောက် ဆုံးတွင် သုံးနှစ်အရွယ်ကလေးတစ် ယောက် မြေစာပင်ဖြစ်ခဲ့ရလေသည်။

အခြေအနေအရပ်ရပ်ကို ကျွန်တော်သုံးသပ်ကြည့်သည်။ ထို ဖြစ်စဉ်လေးတွင် သူငယ်ချင်းက ရိုး သားသလို ကွမ်းယာအမျိုးသမီးလေး ကလည်း သူ့ဘောဂဗေဒအတွက် သူ အလုပ်လုပ်သည်။ ကျွန်တော်က လည်း အမှန်ကိုသိနေသောကြောင့် ရိုးရိုးသားသား ရှင်းပြခဲ့သည်။ သို့ သော် ရလဒ်က ‘တန်းဆင်းဇုန်’ရောက် သွားခဲ့သည်။ အဓိကတရားခံမှာ ကျွန်တော်တို့ရင်ထဲက သိပ်သည်းဆ များသော ‘ကိလေသာ’ကြောင့်ပင် ဖြစ်သည်။

ထိုစိတ်လေးကြောင့်ပင် ကျွန် တော်တို့လူသားတွေ အနာတရနှင့် နှလုံးသားတွေ မည်မျှအလဲလဲ အပြို ပြို ဖြစ်ခဲ့ရပြီလဲ။ အထိအခိုက် အရှ အနတွေ မည်မျှ ခြေရာထပ်ခဲ့ပြီလဲ။ ကျွန်တော်တွေးကြည့်ရင်း တပ်မက်မှု ကိလေသာတွေကို ကြောက်လန့်နေမိ သည်။ ဗုဒ္ဓဘာသာဝင်ပီပီ ကျွန်တော် တတ်နိုင်သည်က လူသားအားလုံး စာနာစိတ်လေးနှင့်အတူ အကောင်း မြင်စိတ်လေးများ ရှိကြပါစေလို့ပင် ဆုတောင်းနေမိလေသည်။

မောင်မိုးဦး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*