ကိုယ်တိုင်ရေးသီချင်းသစ်တစ်ပုဒ်နဲ့ ပြုံးမြသွယ်ရဲ့ ဂီတခြေလှမ်း

ကိုယ်တိုင်ရေးသီချင်းသစ်တစ်ပုဒ်နဲ့ ပြုံးမြသွယ်ရဲ့ ဂီတခြေလှမ်း
November 20, 2018 Asian Fame

ပညာရေးတစ်ဖက်၊ ဝါသနာပါရာ အနုပညာတစ် ဖက်နဲ့ လျှောက်လှမ်းနေသူလေးက အဆိုတော်ပြုံးမြသွယ် ပါ။ ပြုံးမြသွယ်ကတော့ မကြာသေးမီကတင် ‘လောက နိယာမ’ ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အွန်လိုင်းကနေ Release လုပ်ခဲ့ပါတယ်။ အတူတွဲဆိုထားတဲ့သူကတော့ Block K လို့ခေါ် ပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော် လောက်တုန်း ကလည်း ပြုံးမြသွယ်က အွန်လိုင်းကနေ ‘တစ်ယောက်တစ် ကမ္ဘာ’ ဆိုတဲ့သီချင်းတစ်ပုဒ်ကို ဖြန့်ဖြစ်ခဲ့ပါသေးတယ်။ ဒါကတော့ ဂီတနဲ့ ပတ်သက်လို့ ပြုံးမြသွယ်ရဲ့ တောက် လျှောက် လှုပ်ရှားမှုတွေဖြစ်ပါတယ်။

”အခု ဒါကနောက်ထပ်အသစ် တစ်ပုဒ်ပါ။ အင်္ဂလိပ် စာသားတွေရယ်၊ ပြုံးဆိုတဲ့အပိုဒ်ရယ်က ကိုယ်တိုင် ရေးထားတာပါ” လို့ ပြုံးမြသွယ်က ပြောပါတယ်။ ဟစ် ဟော့ပ်သီချင်းတွေရဲ့ ပုံစံအတိုင်း ကိုယ့်အပိုဒ်ကိုယ်ရေး ဆိုကြတယ်။ ဒီအရွယ်လေးနဲ့ သီချင်းတွေလည်း ကိုယ်တိုင် ရေးနေပြီဆိုတော့ ပြုံးမြသွယ်အတွက် ရှေ့ဆက်မယ့် အနုပညာအတွက် ခွန်အားတွေပါပဲ။ တစ်ကိုယ်တော် အခွေကလည်းထွက်ဖို့အတွက် ပြုံးမြသွယ်က စီစဉ်နေ ပါတယ်။

”ပြုံးရဲ့ တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာမှာထွက်နိုင် ဖို့တော့ ကြိုးစားနေပါတယ်။ တစ်ကိုယ်တော်အခွေထွက် လာရင်လည်း အားပေးကြပါဦး” လို့ သူက ပြောပါတယ်။ ပြုံးမြသွယ် ရဲ့ Hello December သီချင်းလိုပေါ့။ ပြုံးမြသွယ်ရဲ့ တစ်ကိုယ်တော်အခွေကို စောင့်နေကြတဲ့ ပရိသတ်တွေလည်း အားပေးရကျိုးနပ်အောင် ကြိုးစား သွားမှာပါလို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*