Heineken Beer
Heineken Beer

ငွေကြောင့်သာဆိုရင် ပိုက်ဆံမရမယ့်ဇာတ်ကားကို ရိုက်ကူးစရာအကြောင်းမရှိပါဘူးဆိုတဲ့ မီဇာတ်ကားထုတ်လုပ်သူ ဒေါက်တာနွယ်ဦး

ငွေကြောင့်သာဆိုရင် ပိုက်ဆံမရမယ့်ဇာတ်ကားကို ရိုက်ကူးစရာအကြောင်းမရှိပါဘူးဆိုတဲ့ မီဇာတ်ကားထုတ်လုပ်သူ ဒေါက်တာနွယ်ဦး
November 19, 2018 Asian Fame

မီ ရုပ်ရှင်ပိုစတာမှာ ပိုင်ဖြိုးသုဆေးလိပ်သောက်တဲ့ပုံကို ဆင်ဆာအုပ်လိုက်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေကြားထဲမှာ အသံတွေ လည်းထွက်ပေါ်ခဲ့ရပါတယ်။ မီ ရုပ် ရှင်ဇာတ်ကားကို ထုတ်လုပ်ခဲ့တဲ့ ဗစ် တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒေါက်တာနွယ်ဦးက ဒီအကြောင်း နဲ့ပတ်သက်ပြီး ပြောပြရာမှာတော့ . . .

”ကပ်သင့်တယ်လို့ လူကြီးတစ် ယောက်ကပြောရင် အန်တီကကပ် လိုက်မှာပါပဲ။ အခုအန်တီ့ကို ဝေဖန် နေတဲ့သူက မှန်ကန်သောစေတနာနဲ့ အစ်မရေ အဲဒါကတော့ အဲဒီလိုဖြစ် နေတယ်။ ဒါကြီးနဲ့များ ငြိနေလား မသိဘူး။ အစ်မဒါလေးတော့ ကပ်ပေးပါဆိုရင်လည်းအန်တီက ကပ်ပေးလိုက်မှာပဲ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ယောက် ယောက်ကပြောရင် အန်တီလုပ်ဖို့ ဝန်မလေးဘူးလေ။ အခုကအန်တီတို့နဲ့ ညှိုနှိုင်းတာ၊ ဆွေးနွေးတာ မျိုးမရှိဘဲနဲ့ ငွေငွေယူကြကွာ၊ ကြိုက်သလောက်ယူဆိုတော့ ဒါတအားစော် ကားတာပေါ့။ အန်တီ့အနေနဲ့ ငွေအတွက်ဆိုရင် ဒီလိုဇာတ်ကား မရိုက်ကူးဘူးလေ။ ပိုက်ဆံမရမယ့်ကားကို အန်တီ ရိုက်ကူးစရာအကြောင်းကို မရှိဘူး။ အန်တီရိုက်ကူးတဲ့ ဇာတ်ကား ကိုလူတိုင်းက အံ့သြတယ်။ ပိုက်ဆံမရ နိုင်မယ့်ဇာတ်ကားကို အစ်မဘာလို့ ထုတ်လုပ်ရိုက်ကူးသလဲလို့ မေးကြတယ်။ ကိုယ့်သမီးက ဒီကာရိုက်တာ ကိုလုပ်ချင်တာကိုး” လို့ပြောပါတယ်။ မီနဲ့ပတ်သက်လို့ ဝေဖန်မှုတချို့ကြောင့် ပိုင်ဖြိုးသုအနေနဲ့လည်း စိတ် မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒေါက်တာနွယ်ဦး ကိုယ်တိုင်ကလည်း သမီးဖြစ်သူနဲ့ ပတ်သက်လို့ နှစ်သိမ့်ပေးခဲ့ ရပါတယ်။

”သူ့မှာလည်း သိပ်ပြီးတော့ ဝမ်းနည်းနေဖို့ အချိန်မရှိပါဘူး။ သူစိတ်မကောင်းတော့ ဖြစ်တယ်။ သူ့အလုပ်ကလည်း ဆက်နေတာဆိုတော့ ကြာကြာထိုင်ဆွေးနေဖို့ အချိန်မရှိဘူး လေ။ သူကသူ့ကို ငွေမက်တယ်လို့ ပြောရင် သူတအားဝမ်းနည်းတယ်။ ဘာကြောင့်လဲဆိုတော့ အန်တီ့ သမီးငွေမက်ရင် ဒီထက်မကအောင်မြင်ကျော်ကြားနေတာ ကြာပြီ။ ရသမျှဇာတ်လမ်းလည်း သူမရိုက်ဘူး။ ဇာတ်မှာ သူလုပ်ပိုင်ခွင့်မရှိဘူး ဆိုရင်လည်း သူမရိုက်ကူးဘူး။ ရှိသမျှ ကြော်ငြာတိုင်းလည်း သူမရိုက်ကူးဘူး။ အဲဒီလိုနေတဲ့ ကလေးက ငွေမက်တယ်လို့ အပြောခံရရင် ငွေငွေနဲ့ တစ်ချိန်လုံး အပြောခံရတော့ ဝမ်းနည်းတာပေါ့” လို့သမီးဖြစ်သူနဲ့ ပတ်သက် လို့ ဒေါက်တာနွယ်ဦးက ရှင်းပြပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*