တစ်မူထူးခြားတဲ့အိုက်တင်တွေနဲ့ မြင်တွေ့ရဦးမယ့်အိန္ဒြာကျော်ဇင်

တစ်မူထူးခြားတဲ့အိုက်တင်တွေနဲ့ မြင်တွေ့ရဦးမယ့်အိန္ဒြာကျော်ဇင်
November 19, 2018 Asian Fame
တစ်မူထူးခြားတဲ့အိုက်တင်တွေနဲ့ မြင်တွေ့ရဦးမယ့်အိန္ဒြာကျော်ဇင်

ပရိသတ်အားပေးမှု ရရှိနေတဲ့ ‘ကြတ်ဂူ’ ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကရွှေမျှင်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ တစ်မူထူးခြား တဲ့ အိုက်တင်တွေနဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ‘ကြတ်ဂူ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ဖြစ်တဲ့ပုံနဲ့ ပတ်သက် ပြီး အိန္ဒြာကျော်ဇင်က..

”ဇာတ်လမ်းဖတ်တဲ့အခါမှာ ဇာတ်က တစ်မူထူးခြားပြီး ကွဲထွက်နေ တဲ့အထဲမှာ ပါတယ်။ ချစ်ကြိုက်၊ ကွဲ၊ ညားထဲမှာ မပါဘူး။ ဇာတ်က ထူးဆန်းတယ်ဆိုတော့ ဇာတ်ကား ကောင်းလို့ လက်ခံလိုက်တယ်။ နောက်တစ်ချက်ကကျတော့ အူဝဲနောက်ဆုံးအခန်းမှာ အန်ကယ်လေး (လူမင်း) ဝင်ပူး တဲ့အခန်းမျိုးလေး တွေလည်းပါတယ်ဆိုတော့ အန်ကယ် လေးပုံစံနဲ့ ပြောတဲ့ဟာ မျိုးပေါ့။ အဲဒီပုံစံလည်း မလုပ်ဖူးတော့ ကိုယ်မလုပ်ဖူးတဲ့ အိုင်တင်မျိုးလည်း လုပ်ရမယ်ဆိုတာနဲ့ စိတ်ဝင်စားပြီး အူဝဲ လက်ခံလိုက်တာပါ။ ဒီဇာတ် ကားထဲမှာ ကာရိုက်တာကတော့ ရွာသူလေး ရွှေမျှင်ပေါ့နော်။ အလှအ ပကို တအားဦးစားမပေးထားဘဲ ရွာသူတစ်ယောက် ဖြစ်ဖို့ကို ပဲ ဦးစားပေးထားတာပါ။ အဲဒီကတော့ ဒီကားမှာ အူဝဲကရွာသူပဲ။ ဒါပေမဲ့ လည်း မင်းသားက ကြိုက်တဲ့ ကောင်မလေးလည်း ဖြစ်ရမယ်။ နောက်တစ်ခုက အန်ကယ်လေး ဝင်ပူးတဲ့ အခန်းမှာ ဆို ရိုးရိုးဝင်ပူးတာ မဟုတ် ဘဲနဲ့ သားကို ဖျောင်းဖျတာ၊ မိန်းမကို စကားပြောတာတွေက အရင် အူဝဲ လုပ်နေကျ အိုက်တင်တွေနဲ့ မတူဘဲ ကွဲထွက်နေတော့ တော်တော်လေးလည်း အူဝဲ ကြိုးစားခဲ့ပါတယ်။ အဲဒီ ဇာတ်ကားရိုက်တုန်းကလည်း သားသားက တစ်နှစ်မပြည့်သေးဘူး။ ၉လ၊ ၁ဝ လလောက်ပဲရှိသေးတော့ အူဝဲအသားက ပွစိစိကြီးဖြစ်နေတယ် (ရယ်လျက်)။ ဘာပဲပြောပြော ဇာတ်ကို ကြိုက်တဲ့အတွက် အူဝဲအကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ ဒီဇာတ်ကားထဲမှာဆိုလည်း အန်ကယ်လေးတို့၊ မြင့်မြတ်တို့၊ မခိုင်ကြီး (ထွန်းအိန္ဒြာဗိုလ်)တို့က လည်း အကုန်တော်တဲ့သူတွေပဲမို့ ဒီဇာတ်ကားက တော်တော်ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ကား ဖြစ်မယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

လတ်တလောမှာတော့ အိန္ဒြာကျော်ဇင်က ကြော်ငြာတွေ ဆက် တိုက်ရိုက်ကူးဖြစ်နေတယ်လို့ သိရ ပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*