Heineken Beer
Heineken Beer

ရုပ်ရှင်ချစ် ပရိသတ်များအတွက် မင်္ဂလာ အဆင့်မြင့် ရုပ်ရှင်ရုံအသစ် ဖွင့်လှစ်

ရုပ်ရှင်ချစ် ပရိသတ်များအတွက် မင်္ဂလာ အဆင့်မြင့် ရုပ်ရှင်ရုံအသစ် ဖွင့်လှစ်
November 15, 2018 Asian Fame


မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ အသစ်ဖွင့်ပွဲကို ဗညားဒလလမ်း၊ အရိုးကုန်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ရှိ ယခင် ဘုရင့်နောင် ရုပ်ရှင်ရုံမှာ နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါရုပ်ရှင်ရုံ မှာ ၂၆ ရုံမြောက် ရုပ်ရှင်ရုံအသစ်ဖြစ်ကြောင်းလည်း သိရသည်။


”ကျွန်တော်တို့ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံဖွင့်တာ ၂၆ ရုံရှိသွား ပါပြီ။ ရုပ်ရှင်ရုံတွေ ဒီလိုမျိုး အများကြီး ဖွင့်တာက ရုပ်ရှင်ကြည့်တဲ့ ပရိသတ်တွေလည်း နေရာတိုင်းမှာ ကြည့်ရသလို ရုပ်ရှင်ဇာတ်ကားတွေ လည်း အများကြီး ရုံတင်လို့ရတယ်။ အဲဒါကြောင့် အကုန်လုံးအတွက် လည်း အဆင်ပြေပါတယ်”ဟု မင်္ဂလာရုပ်ရှင်ရုံမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။


အဆိုပါ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံဖွင့်ပွဲသို့ အကယ်ဒမီများရှင် ဝါ ဝါဝင်းရွှေ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းနှင့် အခြား အနုပညာရှင်များ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*