Heineken Beer
Heineken Beer

ပေးသောလက်…

ပေးသောလက်…
November 15, 2018 Asian Fame

ပြန်တော့မယ့်သားအတွက်
တွေးပူမှုတွေကို
ရှိုက်ထုတ်နေတဲ့ အခိုးငွေ့တွေကြား
အထင်းသားပဲ
ဘယ်ကျောပြင်ကိုမှ
ငေးမကြည့်ချင်ကြဘူးလေ။

မြို့ ကြီးရောက်တဲ့သား
မြို့ ကြီးပြန်ခါနီးတိုင်း
အဖေနဲ့အမေ
အမြဲ တီးတိုးစကားပြောတယ်။

အပြန်ပါလာခဲ့တဲ့ မုန့်တစ်ဘူးကို
မစားရက်မသောက်ရက် သူတို့မှာ
မနက်တိုင်း ဆွမ်းတော်တင်ပြီး
ဆုတောင်းပေးလိုက်ရတာ အမော။

ကိုချစ်ဒွင်း (ကေတုမတီ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*