အသစ်ကလေးရဲ့ဘဝ…

အသစ်ကလေးရဲ့ဘဝ…
November 15, 2018 Asian Fame

ကျွန်တော်တို့၏ စာပေလောကသည် အကောင်ပလောင်မျိုးစုံ ပြွမ်း တီးရှုပ်ထွေးနေတတ်သည့် ဟေဝန် တောမြိုင်ကြီးနှင့်ပမာတူသည်။ ဟေ ဝန်တောမြိုင်ထဲမှာ ကေသရာဇာ ခြင်္သေ့ကြီးများက လည်ဆံမွေးတ ဖွားဖွား ခြေလှမ်းတလွှားလွှားဖြင့် ဣနြေ္ဒကြီးစွာ မင်းမူနေလေ့ရှိသလို ကျွန်တော်တို့၏ စာပေလောကထဲမှာ လည်း နာမည်ကျော် ဝါရင့်ကလောင် ရှင်ကြီးများသြဇာကြီးသော စာ အုပ်ထုတ်ဝေရေးသမား အရင်းရှင် ကြီးများက ရင်တကော့ကော့၊ လည် တိုင်တမော့မော့ဖြင့် ခြေဖျား ထောက်ကာ လမ်းသလားနေတတ် သည်။ အချို့သော ဝါရင့်စာရေးဆရာ အချို့ပင်လျှင် ငွေရှင်ထုတ်ဝေသူ ရှေ့မှောက်တွင် စပရိန်မျက်နှာဖြင့် မျက်နှာချိုသွေးနေတတ်သည်။ ထို့ အတူ လက်သစ်ကလောင်ရှင်ကလေး များကလည်း မဂ္ဂဇင်းအယ်ဒီတာမျက် မှန်ထူကြီးများရှေ့တွင် ဗိုင်းကောင်း ကျောက်ပိရိုကျိုးသေဝပ်နေလေ့ရှိကြ ၏။

”Money makes everything ငွေက အရာရာတိုင်းကို ဖန်တီးတယ် ဆိုတဲ့ ဆိုရိုးနီတိအတိုင်း ထုတ်ဝေသူ ငွေရှင်ကို ဖားတာ မဆန်းပါဘူးဗျာ။ ထုတ်ဝေသူနဲ့ အဆင်ပြေတဲ့ဆက်ဆံ ရေးထူထောင်ထားရင် ဘယ်တော့မှ မောင်ရင်ထမင်းမငတ်တော့ဘူး”ဟု ကျွန်တော့်အသိ ကမြောက်ကခြောက် စာရေးဆရာက ပြောလာသောအခါ သူ့အတွက် ကျွန်တော်အသက်ရှူမရ အောင် ရင်နာမိပါသည်။ ထိုသတ္တဝါ ကား …ထုတ်ဝေသူငွေရှင်က မိမိ ကို ငွေကြေးဖြင့် နဖားကြိုးထိုးထား ခြင်း၌ ကျေနပ်သာယာနေသူပါက လား။

စင်စစ် …ထုတ်ဝေသူအများ စုမှာ စာပေအနုပညာအဓိကသမား များ မဟုတ်ကြ။ စီးပွားရေးအမြတ် အစွန်းအဓိကဝါဒီများသာဖြစ်ကြကုန် ၏။ အကြင်စာပေထုတ်ဝေသူတစ်ဦး တစ်ယောက်သည် စာပေအနုပညာ မြတ်နိုးတန်ဖိုးထားသူပဲဖြစ်စေဦး တော့ စာပေမြောက်သော်လည်း ဈေးကွက်မရှိသည့် စာအုပ်တစ်အုပ် အတွက် သူ့မိန်းမ၏ စိန်နားကပ်ကို ပေါင်နှံ၍ အရှုံးခံထုတ်ဝေလိမ့်မည် မဟုတ်ချေ။ ခေတ်သစ်မြန်မာစာပေ ထုတ်ဝေရေးလောကကို ကုလားများ က ဦးဆောင်ခဲ့၍ နောက်ပိုင်းတွင် တရုတ်များက နေရာယူလာခဲ့ကြပုံကို သိကြလေ …။

”အော် …ငါဟာ ကုလားနဲ့ လည်း ပတ်သက်ခဲ့ရ၊ တရုတ်နဲ့လည်း ဆက်ဆံခဲ့ရပါကလား။ တရုတ် ကု လားကျွေးခဲ့တဲ့ထမင်းစေ့တွေ ငါ့ဗိုက် ထဲမှာ အပြည့်ပါကလားဟဲ့”ဟု ကျွန် တော်သည် အလန့်တကြား ဆင်ခြင်မိပါသည်။

သို့ …ဆင်ခြင်မိရာက ကျွန် တော်၏အတွေးသည် လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်တုန်းက ‘ပေါက်စန ကြူးနှစ်’၏ ဘဝဆီသို့ နောက်ကြောင်းပြန် မြင်ယောင်မိလာ သည်။

ကြူးနှစ်ကလေးသည် စာပေမျိုး ရိုးမရှိသော်လည်း စာပေအသိုင်းအ ဝိုင်းနှင့်မနီးစပ်ခဲ့ရသော်ငြား၊ စာဖတ် နာခဲ့သောကြောင့် စာပေလောကအ တွင်းမှ ဆက်ဆံရေးပုံသဏ္ဌာန်များကို တီးမိခေါက်မိရှိခဲ့၏။ ဘဝင်လေဟပ်၊ မာနတံခွန်ထူနေသော မဂ္ဂဇင်းအယ် ဒီတာအချို့၏အထာကို မမြင်မတွေ့ ဖူးဘဲနှင့် သဘောပေါက်နားလည်နေ ခဲ့၏။ ‘မိကျောင်းမှန် ဆန်လိမ့်မည်’ ဟူသော သဘောတရားအတိုင်း မိမိ ဘက်က (စု၊ တု၊ ပြု) အဆင့်များကို မှန်ကန်စွာ ဖြတ်သန်းနိုင်ခဲ့လျှင် ‘ပညာရဲရင့် ပွဲလယ်တင့်’မည်ဟု ယုံ ကြည်ပြီးသားလည်း ဖြစ်သည်။

သို့ဖြင့် ၁၉၇ဝ ပြည့်တစ်ဝိုက် တွင် ကျွန်တော်သည် ကဗျာများ ရေး ဖွဲ့၍ မဂ္ဂဇင်းများသို့ စာတိုက်မှ ပေး ပို့သည်။ မဂ္ဂဇင်းမှာ ပါရှိသော် အယ် ဒီတာတွေနှင့် ထိတွေ့ဆက်ဆံရမှာ စိုး၍ မေတ္တာလက်ဆောင်စာအုပ်နှင့် ဥာဏ်ပူဇော်ငွေကိုပင် သွားရောက် ထုတ်ယူခြင်းမပြုခဲ့။ မိမိကဗျာ၊ ဝတ္တု ပါသော မဂ္ဂဇင်းကို ကိုယ့်ငွေနှင့်ကိုယ် ဝယ်ယူသည်။ စာနယ်ဇင်းနှင့် ကင်း နိုင်သမျှ ကင်းအောင် နေမည်ဟူ သော မူကို ကျင့်သုံးသည်။ ၁၉၇၃ ခုနှစ်တွင် ကျွန်တော်သည် နိုင်ငံတော် တာဝန်ထမ်းရွက်ရင်း နယ်အဝေးသို့ မြို့တော်ရန်ကုန်မှ လွင့်ဝဲကျရောက် သွား၏။ နယ်အဝေးမှာရှိစဉ် ပုဂ္ဂလိ က မဂ္ဂဇင်းများက ကျွန်တော့်စာမူပါ ရှိသော မေတ္တာလက်ဆောင်စာအုပ် နှင့် ဥာဏ်ပူဇော်ငွေကို ပို့ပေးခြင်းမရှိ ကြ။ ဘာကြောင့်မှန်းမသိ။ သိရလျှင် လည်း ကျွန်တော်က အလေးအနက် ထားမှာ မဟုတ်။ (အဲ ..ဗျ)ထိုကာ လတွင် အစိုးရပိုင် မဂ္ဂဇင်းကြီးတွေက တာဝန်သိ၊ သစ္စာရှိကြသည်။ စာမူပါ ရှိသော် စာအုပ်ရော ငွေပါ ကျွန် တော့်ထံ အရောက်ပေးပို့ကြသည်။ ပုဂ္ဂလိက မဂ္ဂဇင်းတွေအပေါ်မှာတော့ ကျွန်တော်စိတ်မဆိုးသော်လည်း ကျွဲ မြီးတိုမိသည်ကတော့ အမှန်။ က လောင်သစ်ဆိုပြီး အလေးမထားဘဲ မျက်နှာလွှဲခဲပစ်လုပ်ရက်ကြပါပေ့။

၁၉၇၅ ခုနှစ်တွင် နယ်အဝေး ကနေ၊ ရန်ကုန်မြေသို့ ကျွန်တော်ပြန် လည်ခြေချခဲ့ပါသည်။ ယနေ့ခေတ် စားသော ‘ပြောင်းလဲချိန်တန်ပြီ’ကြွေး ကြော်သံ motto က ကျွန်တော့် နောက်မှာ အများကြီးနောက်ကျ သည်။ ကျွန်တော်က ၁၉၇၅ ကတည်း က…

”ဟဲ့ကောင် ကြူးနှစ်၊ မင်းရဲ့ စာ ပေဆက်ဆံရေးမူဝါဒတွေ ပြောင်းလဲ ချိန်တန်ပြီ”ဟူ၍ ကိုယ့်ကိုယ်ကိုယ်နှိုး ဆော်အသိပေးခဲ့ပြီး ဖြစ်သည်။

ကျွန်တော်၏ အလုပ်ဌာနမှာ ဗိုလ်တထောင်မြို့နယ်အတွင်း၌ရှိရာ မဂ္ဂဇင်းတိုက်များရှိကြသော ကျောက် တံတားမြို့နယ် ပန်းဘဲတန်းမြို့နယ် များနှင့် ဆက်သွယ်ရန် လွယ်ကူလှ သည်။ ဘတ်စကားစီးဖို့ပင် မလို။ လမ်းလျှောက်သွားရုံနှင့် ရောက် သည်။ မဂ္ဂဇင်းတွေ အယ်ဒီတာတွေ နှင့် ထိတွေ့ရန် လွယ်ကူလာသည်။ စာပေသမားများနှင့်တကူးတကနဲ့ လျှောက်ပြီး မိတ်ဖွဲ့ရန်မလို။ ရန်ကုန် မြို့လယ် (၃၃) လမ်းထဲသို့ ဝင်လိုက် လျှင် စာရေးဆရာ၊ ကဗျာဆရာဆိုသူ များနှင့် ပခုံးချင်းတိုက်မိမှာစိုး၍ မ နည်းရှောင်နေရသည်။ မဖြစ်ချောက် ချက်ကဗျာကလေးတစ်ပုဒ်ခွဲလောက် ရေးပြီး၊ ကဗျာဆရာအဖြစ် အခြောက် တိုက်ဘဝင်မြင့်နေကြသော သတ္တဝါ များလည်း ရှိကြသည်။ သူ့လက်ရာ ဝတ္တုအုပ်ရေ ၁ဝဝဝ ပင် မရောင်း ရသော စာရေးဆရာကလည်း သူ့ ကိုယ်သူ ကမ္ဘာကျော်နိုဗယ်ဆုရ စာ ရေးဆရာကြီးတစ်ယောက်အလား လက်မထောင်မော်ကြွား၏။ (ယခု ခေတ်မှာတော့ ဝတ္တုအုပ်ရေ ၅ဝဝ ကုန်လျှင်ပင် စာပေသူရဲကောင်းကြီး ဖြစ်နေပါပြီ။ ဝတ္တုအုပ်ရေ ၅ဝဝ မကုန်သော စာရေးဆရာတွေကား ဘေးထိုင် ဘိုင်ကျပြီး ဘုပြောနေကြ ကုန်၏။

ကျွန်တော်၏ တက်သစ်စ ကလောင်ငယ်ဘဝကလေးဆီသို့ နောက်ကြောင်းလှည့်ကြည့်ကြပါရို့။ ၁၉၇၆ ခုနှစ်တုန်းက။

ကျွန်တော်သည် ရန်ကုန်- ကျောက်တံတားမြို့နယ်အတွင်းမှ ထင်ရှားသော လမ်းမပေါ်ရှိ ထင်ရှား သောသက်တမ်းရင့်မဂ္ဂဇင်းတိုက်ကြီး ဆီသို့ လာခဲ့သည်။ မဂ္ဂဇင်းရုံးခန်း သည် မြေညီထပ်မှာရှိသော်လည်း ကျယ်ကျယ်ဝန်းဝန်းမဟုတ်။ အ ဆောင်အယောင် ပရိဘောဂလည်း မရှိ။ နံရံကပ်ပြက္ခဒိန်ကလေးတစ်ခု တလေတောင်မရှိ။ စားပွဲတစ်လုံး နှင့် ကုလားထိုင်တစ်လုံးသာရှိသည်။ စားပွဲနောက်မှာ ပိန်ညှောင်ညှောင် ညှဉ်းသိုးသိုး ကုလားကလေးတစ် ယောက်က ခပ်တည်တည်ကြီး ထိုင် နေပါသည်။

”အယ်ဒီတာ မရှိဘူးလား”ဟု ကျွန်တော်က မေးသော် ကုလားက လေးက သွားဖြီး၍ ..

”အခုချိန်မှာတော့ ကျွန်တော် က အယ်ဒီတာဆိုလည်း ဟုတ်တယ်။ ငွေစာရင်းတာဝန်ခံဆိုလည်း ဟုတ် တယ်။ ဘာကိစ္စရှိပါသလဲ”ဟု ရှုတင်း တင်းမေးတော်မူ၏။
ကျွန်တော်က ဝတ္တုစာမူမဂ္ဂဇင်း မှာပါ၍ စာအုပ်နှင့် စာမူခလာထုတ် ကြောင်း ပြောသော် …ကုလား ကလေးက ခေါင်းညိတ်ပြီး ”ရတယ်၊ ရတယ်၊ အိုကေ”ဟု ပြော၍ ကျွန် တော့်ကလောင်နာမည်ကို လယ်ဂျာ စာအုပ်မှာကြည့်ပြီး မဂ္ဂဇင်းနှင့်စာမူ ခထုတ်ပေးသည်။ ကျွန်တော်က လက်မှတ်တစ်ချက်ထိုးရုံသာ။

နောက်မှ သိရသည်မှာ ထိုကု လားကလေးသည် ထိုမဂ္ဂဇင်းတိုက်မှ အစေခံသန့်ရှင်းရေးသမားသာဖြစ် သည်ဟူသတတ်။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*