Snare အဖွဲ့အနေနဲ့ မဟုတ်ဘဲတစ်ကိုယ်တော် အခွေထွက်မယ့်ဖြိုးလေး

Snare အဖွဲ့အနေနဲ့ မဟုတ်ဘဲတစ်ကိုယ်တော် အခွေထွက်မယ့်ဖြိုးလေး
November 14, 2018 Asian Fame
Snare အဖွဲ့အနေနဲ့ မဟုတ်ဘဲတစ်ကိုယ်တော် အခွေထွက်မယ့်ဖြိုးလေး

Snare အဖွဲ့က ဖြိုးလေးဟာ အဖွဲ့လိုက်အနေနဲ့မဟုတ်ဘဲ သူ့တစ် ယောက်တည်း တစ်ကိုယ်ခွေထွက်ရှိနိုင်ဖို့အတွက် စီစဉ်နေပါတယ်။

”ကျွန်တော်စီးရီးခွေလုပ်နေပါတယ်။ ကျွန်တော့်အခွေကတော့ ဇန်နဝါ ရီလလောက်မှ ထွက်မယ်။ တစ်ယောက်နဲ့တစ်ယောက် ၂ လ ခြားပြီးမှ ထွက်မယ်။ ပြီးတာကတော့ အကုန် ၈ဝ ရာခိုင်နှုန်းလောက်ပြီးနေပြီ။ တစ် ယောက်နဲ့ တစ်ယောက် အခွေတိုက်နေမှာစိုးလို့ ကျွန်တော် နောက်ဆုတ်ပေး ထားတယ်။ ဇန်နဝါရီလ နောက်ဆုံးပတ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဖေဖော်ဝါရီလ ပထမ ပတ်လောက်မှာ ထွက်မှာပါ” လို့ ဖြိုးလေးက ပြောပါတယ်။

နေဝင်းက လည်း တစ်ကိုယ်တော်စီးရီးခွေ ထွက်တယ်။ ဖြိုးလေးကလည်း တစ်ကိုယ် တော်စီးရီးခွေ ထွက်လာတယ်ဆိုတော့ Snare အဖွဲ့ကွဲသွားပြီလားလို့ ပြောကြမယ့်အသံတွေအပေါ်ကိုကောလို့ ဖြိုးလေးကို မေးတော့…..

”အဲဒီလိုတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Snare ကို အားပေးတဲ့သူတွေလည်း ကျွန်တော်တို့ အကြောင်းတွေ အကုန်သိနေတာပဲ။ အဓိကက ကျွန်တော်တို့ မှတ်တိုင်ပေါ့ နော်။ ကျွန်တော်တို့ နှစ်ယောက် အခွေဆိုလို့ရှိရင် တစ်ယောက်နဲ့ တစ်ယောက်တိုင်ပင်ရတဲ့ အခွေ၊ ပြီးရင် နှစ်ယောက်ဖန်တီးထား တဲ့ပုံစံ၊ ဒီလိုမျိုးပေါ့။ ကျွန်တော်တို့ တစ်ယောက်တည်း ဖန်တီးထား တဲ့ပုံစံမျိုးကကျတော့ ကျွန်တော်တို့တစ်ယောက်တည်း ပုံစံတွေကို ချပြချင်တယ်။ ကျွန်တော်တို့မှတ်တိုင်တွေကို စိုက်ထူချင်တယ်။ အဲဒါကြောင့်မို့လို့ လုပ်ဖြစ်တာပါ” လို့ ဖြိုးလေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်

၊ ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*