ဧပြီလမှာ ရင်သွေးလေး မွေးဖွားမယ့်နန်းမြတ်ဖြိုးသင်း တို့ဇနီးမောင်နှံ

ဧပြီလမှာ ရင်သွေးလေး မွေးဖွားမယ့်နန်းမြတ်ဖြိုးသင်း တို့ဇနီးမောင်နှံ
November 13, 2018 Asian Fame

၂ဝ၁၇ခုနှစ် နိုဝင်ဘာလမှာ ရွှေ လက်တွဲခဲ့ကြတဲ့ ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံဟာ အခုဆို မင်္ဂလာသက် တမ်းတစ်နှစ် ရှိသွားခဲ့ပါပြီ။ နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတဲ့ သူတို့ဇနီး မောင်နှံအတွက် ပျော်ရွှင် စရာတွေ ပေးမယ့် ရင်သွေးလေးဟာလည်း ရောက်လာခဲ့ပါပြီ။ အခုဆိုရင်ကိုယ်ဝန်လေးလလွယ်ထားရပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက ရင်သွေးလေးဟာ ယောက်ျားလေးလို့ သိရတဲ့အတွက် တအားပျော်ရွှင်နေပါတယ်။

”ယောက်ျားနဲ့ အဖေလိုချင် နေတဲ့ သားယောက်ျားလေး မွေးပေး ချင်တာ။ ခုတော့ ဆန္ဒတွေလည်း ပြည့်ပြီ” လို့ နန်းမြတ်ဖြိုးသင်းက သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။ ရင်သွေးလေး စရှိချိန်မှာတော့ နေထိုင်မကောင်းဖြစ်ပေမယ့် ၄လ ကျော်လာတဲ့အခါမှာတော့ နေလို့ ထိုင်လို့ စကောင်းလာပါပြီ။ ရင်သွေး လေး အာဟာရပြည့်ဝစေဖို့အတွက် အစားရှောင်တာမျိုး သိပ်မရှိဘူးလို့ ဆိုတဲ့ နန်းမြတ်ဖြိုးသင်းက…

”ရှေးရိုးအယူနဲ့ဆိုရင်တော့ ဟိုဟာမစားနဲ့ ဒီဟာမစားနဲ့ ရှိတာ ပေါ့။ နန်းမြတ်ကတော့ ကိုယ်ကိုယ် တိုင်လည်း ဆရာဝန်ဖြစ်တော့ ရင်သွေးလေး အတွက်က ရှိသမျှဗီတာမင်အားလုံး လိုတယ်။ ကိုယ့်အတွက် ဆိုးဆိုး ရွားရွားဖြစ်မယ့် ဟာကလွဲရင်ပေါ့။ အဲဒီလိုမျိုးဆိုရှောင်ပါတယ်။ နန်းမြတ် စားနိုင်သမျှ အရာအားလုံးစားတယ်။ ကိုယ်ဝန်သည်တွေ ကိုလည်း ပြောချင်တာက တအားအ ယူမသီးပါနဲ့။ စားစရာရှိတာ အကုန် လုံးစားပါ။ ဘယ်အစားအစာမဆို သင့်တော်တဲ့ဗီတာမင်တွေပါတယ်။ သင့်တော် သလောက် အာဟာရဖြစ် မယ့်ဟာတွေကို ရွေးပြီးစားပါ” လို့ ပြောပါတယ်။

ကိုယ်ဝန် သည်ဖြစ်ပေမယ့် ခင်ပွန်း ဖြစ်သူကို ချဉ်ခြင်း တပ်ပြီး ပူဆာတာမျိုး မရှိသေးဘူး လို့လည်း ဆိုပါတယ်။ နိုဝင် ဘာလမှာတော့ နန်းမြတ် ဖြိုးသင်းတို့ ဇနီးမောင်နှံက ထီ ၅သောင်းဆု ပေါက်ခဲ့ပါတယ်။ ကံကောင်း ခြင်း တွေ ယူလာပေးတဲ့ ရင်သွေးလေးအတွက် ပျော်ရွှင်နေတဲ့ နန်းမြတ်ဖြိုးသင်းက…

”ကလေးလေးက Lucky ပေါ့။ တစ်သက်နဲ့တစ်ကိုယ် နန်းမြတ် ထီ တစ်ခါမှ မပေါက်ဖူးဘူး။ ဘယ်လို ပဲဖြစ်ဖြစ် ပျော်တာ ပေါ့” လို့ပြော ပါတယ်။ နန်းမြတ်ဖြိုး သင်းက အခု လောလောဆယ်မှာတော့ ဇာတ်ကား ရိုက်ကူးမှုတွေကို နားထားလိုက် ပြီဖြစ်ပြီး ရင်သွေးလေးကိုတော့ ဧပြီလထဲမှာ မွေးဖွား မှာ ဖြစ်ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*