ရက်ပ်ပါ မက်မိုင်လာ သေဆုံးရတဲ့ အကြောင်းရင်းမှန်က မူးယစ်ဆေးဝါးကြောင့် လို့အတည်ပြု

ရက်ပ်ပါ မက်မိုင်လာ သေဆုံးရတဲ့ အကြောင်းရင်းမှန်က မူးယစ်ဆေးဝါးကြောင့် လို့အတည်ပြု
November 13, 2018 Asian Fame
ရက်ပ်ပါ မက်မိုင်လာ သေဆုံးရတဲ့ အကြောင်းရင်းမှန်က မူးယစ်ဆေးဝါးကြောင့် လို့အတည်ပြု

အမေရိကန် ရက်ပ်ပါ မက်မိုင်လာ သေဆုံးမှုနဲ့ပတ် သက်ပြီး ဒေသဆိုင်ရာ ဆေးဘက်ဌာနက မူးယစ်ဆေးဝါး ကြောင့်သေဆုံးခဲ့ရ တာဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့ က အတည်ပြုလိုက်ပါတယ်။

မက်မိုင်လာရဲ့ အမည်ရင်းက မဲလ်ကန်မ်မက်ကော့ မစ်ခ် ဖြစ်ပြီးလွန်ခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ ကကွယ်လွန် ခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။ သေဆုံးပြီး စဉ်မှာ သေမှုသေခင်းက ရှုပ်ထွေး နေပြီး အ ကြောင်း ရင်းမှန်ကို မဖော်ထုတ်နိုင်ခဲ့တာကြောင့် ဆေးဘက် ဆိုင် ရာအဖွဲ့ကို တာဝန်လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေအရ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကိုကင်း၊ အီသနောနဲ့ ဖန်တနိုင်းစတဲ့ မူးယစ်ဆေးတွေ သုံးစွဲ ထားတာ တွေ့ရှိခဲ့ရပါတယ်။

မက်မိုင်လာဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ရက်ပ်ဂီတ လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပြီး ၂ဝ၁၂ ခုနှစ်မှာ တော့ သူ့ရဲ့ ပထမဆုံး တေးအယ်လ်ဘမ်ဖြစ်တဲ့ ‘Blue Slide Park ‘ ကို ထုတ်ဝေခဲ့ပြီး ဘီလ်ဘုတ်ရဲ့ အရောင်းရဆုံး စာရင်းမှာ ကာလအတန်ကြာ ချိတ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်က မိုင်လာဟာ အသက် ၁၉ နှစ်သာ ရှိသေးကြောင်းလည်း သိရပါတယ်။

Ref:CNN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*