ပြိုင်ဘက်နံပါတ်၂ ထွက်လာဖို့ ကြိုးစားနေကြတဲ့အနဂ္ဂ နဲ့ ဘာဘူ

ပြိုင်ဘက်နံပါတ်၂ ထွက်လာဖို့ ကြိုးစားနေကြတဲ့အနဂ္ဂ နဲ့ ဘာဘူ
November 9, 2018 Asian Fame
ပြိုင်ဘက်နံပါတ်၂ ထွက်လာဖို့ ကြိုးစားနေကြတဲ့အနဂ္ဂ နဲ့ ဘာဘူ

လွန်ခဲ့တဲ့ ၁၄ နှစ်တာ ကာလက ဟစ်ဟော့(ပ်)လောကမှာ တခြားဟစ် ဟော့အခွေတွေနဲ့ တစ်မူထူးခြားနေတဲ့ အခွေတစ်ခွေ ထွက်ခဲ့ပါတယ်။ ဒီ အခွေကတော့ ပြိုင်ဘက်လို့ အမည်ပေးထားတဲ့ စီးရီးခွေတစ်ခွေပဲဖြစ်ပါတယ်။ ပြိုင်ဘက်အခွေကို အကောင်အထည်ဖော်ကြတဲ့ နှစ်ယောက်ကတော့ အနဂ္ဂနဲ့ ဘာဘူပဲဖြစ်ပါတယ်။ ပြိုင်ဘက်အခွေ ဖြစ်ပေါ်လာပုံကလည်း ထူးခြားပါတယ်။ အဲဒီကာလမှာ အနဂ္ဂကလည်း အက်စစ်နဲ့အတူ အောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော်တစ်ဦးဖြစ်နေပြီဖြစ်သလို ဘာဘူကလည်း သီအိုရီနဲ့အတူ အောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော်တစ်ဦးပါပဲ။ အဲဒီလိုအချိန်မျိုးမှာ မတူတဲ့ ပုံစံတစ်ခုကိုထပ်သွားချင်တဲ့အတွက် သူငယ်ချင်းနှစ်ယောက်က လမ်း ကြောင်းသစ်တစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒီလိုစတင်ရင်းနဲ့မှ ပြိုင် ဘက် အခွေဖြစ်တည်လာခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီလိုနဲ့ ပြိုင်ဘက်အခွေဟာ လူငယ်တွေကြားမှာတော်တော်လေးပျံ့နှံ့မှုအားကောင်းခဲ့တဲ့ အခွေတစ်ခွေဖြစ်ခဲ့ပြီး သီချင်းစာသားတွေဟာလည်း တစ်မူထူးခြားလို့ နေခဲ့ပါတယ်။ ပြိုင်ဘက်အခွေကိုတော့ ၂ဝဝ၆ ခုနှစ်မှာ ထွက်ရှိခဲ့တာပဲဖြစ် တဲ့အတွက် အခုဆိုရင် ၁၈ နှစ်တာကာလထဲကို တောင် ရောက်ရှိလို့ လာခဲ့ပါပြီ။ အဲဒီ ကာလအတွင်းမှာတော့ ပြိုင် ဘက်နှစ်ဦးက ပြိုင်ဘက်အမည်နဲ့ ဖျော်ဖြေပွဲတွေ သီဆိုမှုမရှိခဲ့ဘဲ အခုနှစ် နိုဝင်ဘာ ၃ ရက်နေ့မှာတော့ ရန်ကုန်မြို့၊ ဆာကူရာအထပ် ၂ဝ မှာရှိတဲ့ Yangon Yangon Bar မှာ ပြိုင်ဘက်အနေနဲ့ ဖျော်ဖြေပွဲပြုလုပ်ခဲ့ပါတယ်။

ကဲ … အခုဆိုရင် ပြိုင်ဘက်နှစ် ဦးဖြစ်တဲ့ အနဂ္ဂနဲ့ ဘာဘူတို့နဲ့ ပေါ် ပြူလာက စကားဝိုင်းလေးတစ်ခုပြု လုပ်ခဲ့ပါတယ်။ ဒီစကားဝိုင်းကနေ ပြိုင်ဘက်စတင်ဖြစ်ပေါ်လာခြင်း၊ ပြိုင်ဘက်အခွေသစ်ထပ်ထွက်ဖို့ အစီအစဉ်ရှိမရှိ အကြောင်းအရာ တွေနဲ့အတူ သူတို့နှစ်ယောက် ၁၄ နှစ်တာ ကာလအတွင်းမှာ ဘာတွေပြောင်းလဲ သွားကြလဲဆိုတာတွေကို သိရှိကြရ မှာပဲ ဖြစ်ပါတယ်။

 

လင်း – ကိုအနဂ္ဂကလည်း အဲဒီအချိန် မှာ အက်စစ်နဲ့ အောင်မြင်နေတယ်။ ကိုဘာဘူကလည်း သီအိုရီနဲ့ အောင် မြင်နေပြီ။ အဲဒီအချိန်မှာ ဘယ်လို ဖြစ်လို့ နှစ်ယောက်သားက ပြိုင်ဘက် အခွေကိုလုပ်ကြဖို့ စိတ်ကူးမိကြတာ လဲ…။

အနဂ္ဂ – ကျွန်တော်မှတ်မိသေးတယ် ဗျ။ ကျွန်တော်တို့ ဆုံကြတော့ ဘာ လုပ်ကြမလဲဆိုတာ ကျွန်တော်တို့မှာ ဘာ ငိနေ မှ မရှိသေးဘူး။ အခွေ လုပ်ကြမယ် ဆိုပြီးပဲရှိတယ်။ အက် စစ် အခွေလုပ်တဲ့အချိန်မှာ ဘာဘူ ဘေးနားမှာရှိတယ်။ သီအိုရီအခွေ လုပ်တော့လည်း ကျွန်တော်ဘေးနား မှာရှိတယ်။ အဲဒီအခွေတွေပြီးကော ကျွန်တော်တို့ တစ်ယောက်နဲ့ တစ် ယောက် မပေါင်းဖြစ်ကြတော့ဘူး။တစ်နှစ်လောက် အဆက်အသွယ်ပြတ် သွားတယ်။ အခွေလုပ်ကြမယ်ဆို တော့မှဆုံဖြစ်တယ်။ ပထမဆုံးအနေ နဲ့ သီချင်းပုံစံပြောင်းရအောင်ဆိုပြီး တော့ ပြောဖြစ်ကြတယ်။ ဘာကြောင့် လဲဆိုတော့ အက်စစ်က တအား ပေါက်ထားတာ ကျွန်တော်တို့ သိ တယ်။ သီအိုရီ တအားပေါက်ထား တာလည်း ကျွန်တော်တို့ သိတယ်။ မတူတဲ့ပုံစံမျိုးလုပ်ချင်တယ် ဆိုပြီး တော့ အားခဲခဲ့ကြတာပါပဲ။ ဒါပေမဲ့ တကယ်တမ်းလုပ်ကြည့်တော့ မထွက် ပါဘူး။ လုပ်ရင်းလုပ်ရင်းနဲ့မှ ကျွန် တော်တို့ လိုချင်နေတဲ့ပုံစံထက်ပိုပြီး တော့ ထူးဆန်းတဲ့ပုံစံကို ကျွန်တော် တို့ ပိုရသွားတာကတော့ ပြိုင်ဘက် အခွေပါပဲ။

လင်း – ပြိုင်ဘက်အနေနဲ့ တစ်ခွေပဲ ထွက်ခဲ့တယ်ထင်တယ်။

အနဂ္ဂ – ပြိုင်ဘက်ဆိုတဲ့ခေါင်းစဉ်နဲ့ ကတော့ တစ်ခွေပါပဲ။

လင်း – အောင်မြင်ခဲ့ရဲ့သားနဲ့ ဘာ ကြောင့်ထပ်မထွက်ဖြစ်ခဲ့တာလဲ။

ဘာဘူ – ၂ဝဝ၈ မှာ ပြိုင်ဘက်ဒုတိယ အခွေဆိုပြီး လုပ်ခဲ့ကြသေးတယ်ဗျ။ အဲဒီမှာကျတော့ ဘယ်လိုဖြစ်သွား လဲဆိုတော့ ကြားထဲမှာ ၄ နှစ်လောက် သူလည်း သူ့ဘာသာ သူလုပ်ထားတဲ့ စီဒီတစ်ချပ်စာ ရှိတယ်။ ကျွန်တော် လည်း လုပ်ထားတာ စီဒီတစ်ချပ်စာ ရှိတော့ Double cd ဆိုပြီးတော့ လုပ် တာမဟုတ်မဟုတ်တာလုပ်ဆိုပြီး စီဒီ နှစ်ချပ်တစ်ခါတည်း ထွက်လိုက် တယ်။ အဲဒါထွက်ပြီးတာနဲ့ ရှိုးကို လုံးဝမဆိုလိုက်ရဘူး။ အခွေထွက်ပြီး နှစ်ပတ်အလိုမှာ ကျွန်တော်သြစတြေး လျထွက်သွားတယ်။ နောက် ၅ နှစ် လောက်နေမှပြန်ရောက်တယ်။ အဲဒီ တော့ကြားထဲမှာ ဘာမှမလုပ်ဖြစ် တော့ဘူး။

အနဂ္ဂ – နောက်တစ်ခုကကျတော့ ပြိုင်ဘက်အခွေ ထွက်ပြီးပြီးချင်းမှာ ကျွန်တော်တို့အနေနဲ့ ပိုက်ဆံရှာလို့ ရတဲ့လမ်းကြောင်းပေါ်ကို တိတိကျ ကျရောက်နေခဲ့ပြီ။ အဲဒီအချိန်မှာ သာ ကျွန်တော်တို့ ပိုက်ဆံရှာမယ် ဆိုရင် ပိုက်ဆံတွေ အများကြီးဖြစ်နိုင် တဲ့အနေအထားမျိုး ရှိတယ်ဆိုတာ လည်း ကျွန်တော်တို့ နှစ်ယောက်စလုံး သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အ နေနဲ့ အနုပညာကွာလတီတစ်ခုကို ထိန်းမယ်ဆိုပြီးတော့ ကျွန်တော်တို့ မလုပ်ချင်တာတွေ မလုပ်သင့်တာတွေ ရှောင်ခဲ့ကြတယ်။ ရှောင်ခဲ့လို့လည်း ကျွန်တော်တို့ တန်ဖိုးထားတဲ့ ကျွန် တော်တို့ ဖြစ်စေချင်တဲ့ ကျွန်တော်တို့ တန်ဖိုးကလည်း ပိုပြီးတော့ ရှိလာ တယ်လို့လည်း မြင်ပါတယ်။

လင်း – ကျွန်တော်မှတ်မှတ်ရရဆိုရင် ဟစ်ဟော့(ပ်) ၁ဝ နှစ်ပြည့်ပွဲမှာလည်း ကိုအနဂ္ဂက အက်စစ်အနေနဲ့ပဲဆိုခဲ့ တယ်။ ပြီးတော့ တခြားပွဲတွေမှာ လည်း ပြိုင်ဘက်အနေနဲ့ဆိုခဲ့ကြတာသိပ်မတွေ့ခဲ့ရဘူး။ အဲဒီအကြောင်း လည်း ပြောပါဦး။

အနဂ္ဂ – ပြိုင်ဘက်အခွေပြန်လုပ် တာနဲ့ပဲ ကျွန်တော်တို့ အချိန်ကုန်တာ များတယ်။ နောက်တစ်ခုက ကိုယ့် အချိန်ကလည်း နည်းနည်းပြောင်း တယ်လို့လည်း ကျွန်တော်တို့ မြင်ပါ တယ်။ တခြားအသစ်တွေလည်း ပေါ် လာတော့ အသစ်တွေနဲ့ကိုယ်နဲ့ ကိုယ့် နေရာနောက်ဆုတ်သူ့နေရာ ရှေ့ တက်လုပ်ပေးရတဲ့ပုံစံမျိုးတွေလည်း ရှိပါတယ်။

လင်း – ပြိုင်ဘက်အခွေက ထွက်ခဲ့ တုန်းကနဲ့ဆိုရင် အခုက ၁၈ နှစ် ကြာ ခဲ့ပြီ။ ပြိုင်ဘက်နှစ်ယောက်ကလည်းလူငယ်ဘဝကနေ အိမ်ထောင်သည် ဘဝကို ပြောင်းလဲလာခဲ့ပြီနော်။တခြား ဘာတွေပြောင်းလဲသွားတာ ရှိလဲ။

အနဂ္ဂ – ပြောင်းလဲလာတာတွေ တော့ ရှိပါတယ်။ ပြိုင်ဘက်ကာဗာ ဖိုတိုပုံကြည့်လိုက်တာနဲ့ သိသာပါ တယ်။ အဲဒီတုန်းက ကျွန်တော်တို့က ပိန်ပိန်ညှောင်ညှောင်လေးတွေလေ။ အခုဆိုရင် နည်းနည်းလေးမျက်နှာ လေးတွေ ဖောင်းလာပြီ။ မိသားစု တွေလည်း ရလာကြပြီ။ ပြီးတော့ သီ ချင်းတွေပေါ့။ မီးကုန်ယမ်းကုန်ဆို ခဲ့တဲ့သီချင်းတွေကို ကိုယ့်ရဲ့ မိသား စုကိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့သားသမီးတွေ ကိုပဲဖြစ်ဖြစ် ပြန်ဆိုပြချင်တယ်။

လင်း – ပြိုင်ဘက်ဖျော်ဖြေပွဲကိုတော့ လုပ်ခဲ့ပြီးပြီဆိုတော့ အခွေအနေနဲ့ ကော လုပ်သွားဖို့ စီစဉ်ထားကြသေး လား။

အနဂ္ဂ – ဒီနှစ်ထဲတော့ မလုပ်နိုင် လောက်ဘူး။ ပထမအခွေတုန်းက လည်း အဓိကတိုင်ပင်ဖြစ်တာက စာ သားပေါ့။ စာသားပြီးပြီဆိုတာနဲ့ မြူး ဇစ်ဖရိန်ကိုချတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပြောကြရင်းနဲ့မှ ပုံစံ တွေက တအားကြီးသစ်ထွက်သွား တယ်။ အခုအခွေကိုလည်း နဂိုကျွန် တော်တို့ လုပ်ထားတဲ့ပုံစံကိုပြန်လုပ်မလားလို့ စဉ်းစားတယ်။ တကယ်လို့ ပြိုင်ဘက်ဆိုတဲ့ နာမည်ကိုတပ်မယ်ဆို ရင် အခုထပ်ထွက်မယ့်အခွေက ပြိုင် ဘက် ၂ ပေါ့။ ဒါပေမဲ့ ပြိုင်ဘက်နာ မည်တပ်ဖြစ်မလား မတပ်ဖြစ်မလား တော့ မသိသေးဘူး။

 

လင်းအက္ခရာ

ဓာတ်ပုံ – မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*