မန္တလေးမြို့နှင့် ရိုးရာလှေပြိုင်ပွဲ

မန္တလေးမြို့နှင့် ရိုးရာလှေပြိုင်ပွဲ
November 8, 2018 Asian Fame
မန္တလေးမြို့နှင့် ရိုးရာလှေပြိုင်ပွဲ

မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာ လှေလှော်ပြိုင်ပွဲကို အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် မန္တလေး နန်းမြို့ရိုးကျုံးအနောက် ဘက်၌ မြန်မာ့လှေလှော်အားကစား အ ဆင့်အတန်း တိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်လှေလှော်အားကစား သမားများ ပေါ်ထွက်စေရေး၊ မြန်မာ့ လှေလှော်အသင်းအတွက် အရန် အင်အားများပေါ်ပေါက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ စု စည်းချစ်ကြည်ရင်းနှီးမှု ရရှိပြီး ပြည် ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးဟူသော ဦးတက်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ပေသည်။

မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ သည် မြန်မာနိုင်ငံ၌ ရှေးမြန်မာမင်း များသည် တော်သလင်းလ၏ ရာသီ ပွဲတော်အဖြစ် ကျင်းပလေ့ရှိကြသည်။ ‘တော်သလင်းကို၊ မြစ်တွင်းသင်ဖြူး ခင်း’အဆိုနှင့်အညီ မြစ်ရေပြင်သည် ကြည်လင်သော ကောင်း ကင်ပြင်နှင့် လိုက်ဖက်စွာ လှိုင်းလေကင်းစင်သ ဖြင့် သင်ဖြူများခင်းထားဘိသကဲ့သို့ ပြန့်ပြူးငြိမ်သက်လျက်ရှိသည်ကို တွေ့ရပေမည်။ ဤသို့ ရာသီဥတုသာ ယာကြည်လင်၍ မြစ်ပြင်တွင် လှိုင်း လေငြိမ်သက်သော ရေသင်ဖြူးခင်း ထားသည်သို့ရှိသောကြောင့် ရှေးမြန် မာဘုရင်များသည် သာယာငြိမ်သက် သည့် ရေပြင်တွင်ရာသီကြိုက်သော လှေပြိုင်ပွဲကို ဆင်ယင်ကျင်းပခဲ့ကြ ဟန်ရှိသည်ဟု ပညာရှင်တို့ကဆိုကြ ၏။

လှေပြိုင်ပွဲသဘင်ကို ပန်းလုလင် သဘင်၊ ရေပွဲသဘင်၊ မြစ်ယံပွဲ စသည်ဖြင့် အမည်အမျိုးမျိုး ခေါ်ခဲ့ ကြသည်ဟု ဆို၏။ ရှေးမြန်မာဘုရင် တို့သည် လှေပွဲသဘင်ကို လွန်စွာ နှစ် သက်မြတ်နိုးတော်မူကြသည်။ ဘုရင် နှင့်တကွ လှော်ကားမှူးကြီးများ ကြပ် မတ်၍ ခင်းကျင်းပြုလုပ်လေ့ရှိကြ သည်။ ဘုရင်မင်းမြတ် ကိုယ်တော် တိုင် မှူးမတ်ဗိုလ်ပါများ ခြံရံလျက် ဘုရင်၏ ရွှေလှေတော်ကြီးဖြစ်သော ‘ပြည်ကြီးမွန်’ ပေါ်တွင် လေညင်းခံ ကာ လှေလှော်သဘင်ကို ရှုစားတော် မူလေ့ရှိသည်။ ပြည်ကြီးမွန်လှေ ဆိုသည်မှာ မြန်မာမင်းကို တစ်ရာ သောမင်းတို့ ဦးညွတ်ဟန်၊ ဦးမှပဲ့ အထိ လက်ဝဲလက်ယာ အရုပ်ငါး ဆယ်စီထုလုပ်တန်ဆာ ဆင်ထား သည့် ဘုရင့်ရွှေလှေတော် ဖြစ်ပေ သည်။ ဤသို့ဘုရင်ကိုယ်တိုင် ကြွ ရောက်ရှုစားအားပေးသော လှေပွဲ သဘင်သည် အလွန်ကြီးကျယ် စည်ကားခမ်းနားမည်မှာ မလွဲပေ။

လှေပြိုင်ပွဲသဘင်ကို တော်သ လင်းလဆန်း ၈ ရက်၊ လပြည့်နေ့၊ လပြည့်ကျော် ၈ ရက် လကွယ်နေ့ များ၌ ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲ တွင် လှော်ကား၊ လှေတော်ကြီး၊ လှော်ကားတော်၊ လှော်လှေတော်၊ ခတ်လှေတော်၊ လောင်းတော်၊ ရဲလှေ စသည်ဖြင့် အမျိုးအစားခွဲကျင်းပ သည်။ ပြိုင်ပွဲသို့ ဘုရင့်ရေတပ်မ တော်အဖွဲ့များ နာမည်ရ သာမန် အရပ်သားတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ မြစ်တွင်း၌ ဂဠုန်ငှက်ကဲ့သို့ မာန်တ ဝင့်ဝင့်ရှိနေကြသည့် ပြိုင်လှေတို့ ပြည့်နှက်နေသည်ဟုဆို၏။ လှေ လှော်သားများတို့ ဝတ်စားဆင် ယင် ထားသည့် ရွှေဦးထုပ်များနှင့် ငွေ လက်ကျပ်များသည် နေရောင်တွင် ပြောင်လက်တောက်ပလျက်ရှိသကဲ့ သို့ ယင်းတို့၏စိတ်ဓာတ်များသည် လည်း မြူးကြွတောက်ပနေကြသည်။ လှေလှော်သားတို့သည် လှေလှော် တက်များကို အချီအချ ညီညွတ်စွာ လှော်ခတ်ခြင်းဖြင့် လှပစွာ တက်ရေး ပြလျက်ရှိနေသည်မှာလည်း မျိုးချစ် စိတ် တတ်ကြွစေလျက်ရှိနေပေမည်။

ပြိုင်ပွဲဝင်ရန် အလှည့်ကျသော လှော်လှေခတ်လှေတို့သည် ‘ရွှေသား စက်ကွင်း’ရှိရာသို့ အကြိတ်အနယ် လုယက်လှော်ခတ်ကြသည်။ ပန်းတိုင် တွင် အဝါရောင်စက္ကူအလယ်၌ အ မည်းကွက်ပါရှိသော ‘ရွှေသားစက် ကွင်း’ကို ထားပေးသည်။ လှော်လှေ ခတ်လှေတို့သည်တာမှ ထွက်သည် နှင့် စည်၊ ဗုံ၊ မောင်းတီးသည့် တူရိ ယာတို့ကို မြူးကြွစွာတီးမှုတ်ပေးကြ သည်။ အမရပူရကောင်းစားသည့် အချိန်အခါက ရွှေခဲလှေတော်၊ နတ် မြှားလှေတော်၊ ရွှေတုံးလှေတော် စ သည်ပြိုင်ပွဲလှေများ နာမည်ကျော်ခဲ့ သည်ဆိုပါသည်။ ထိုပြိုင်လှေကျော် များမှ လှေတော်သားတို့သည် မိမိတို့ ၏လှေကိုဂုဏ်တင်၍ လှေချင်းသံ များကို မြစ်လုံးညံမျှ သီဆိုကျူးရင့် လေ့ရှိကြသည်။

လှေပြိုင်ပွဲကြီး ပြီးပါက ဘုရင့် ရေတပ်မတော်မှ လှေခွင်လှေကွင်း ပြုလုပ်ပြီး မင်းစီးလှော်ကားတော်ကို ရှေ့ဆုံးတွင်ထားသည်။ နောက်ပိုင်း တွင် ရာထူးရာခံအလိုက် အရာရှိ လှေတော်များ လိုက်ပါ၍ လှေတပ် ကြီးဖွဲ့ကာ မြူးကြွတူရိယာသံများ ကြားတွင် လှေချင်းများ သီဆိုကာ တက်ရေး ၃၇ ပါးအလိုက် အစုန်အ ဆန် သိုက်မြိုက်စွာ လှော်ခတ်ကြရာ မြစ်ပြင်တစ်ခုလုံးပဲ တင်သံများဖုံး လွှမ်းလျက်ရှိပေသည်။

ဤသို့ခမ်းနားစွာ ရှေးမြန်မာ မင်းများသည် လှေပြိုင်ပွဲများကို ကျင်းပခဲ့ခြင်းသည် ပျော်ပွဲသက် သက် မဟုတ်ပါချေ။ ရှေးအခါက လေယာဉ်များပေါ် ထွန်းခြင်းမရှိသေး သည်ကြောင့် ကြည်းတပ်၊ ရေတပ်တို့ ကိုသာ အခြေခံအင်အား တောင့် တင်းအောင် ဖွဲ့စည်းခဲ့ရသည်။

ရေတပ်ကို ဖွဲ့စည်းရာတွင် သဘောင်္အစု၊ သမ္ဗာန်အစု၊ သရပတ် အစု၊ ရဲလှေအစု၊ ခတ်လှေအစု၊ လှေ လျင်အစုဟူ၍ ဖွဲ့စည်းထားရှိသည်။ သဘောင်္အစုတွင် ကပ္ပီတန်၊ စတ်ဆ ရာနှင့် သဘောင်္အမှုထမ်းများပါဝင် သည်။ သမ္ဗာန်အစုသည် မင်းစီး လှေများကို ဆွဲလေ့ရှိသည်။ မင်း တုန်းမင်း လက်ထက်တွင် သဘောင်္ အစုနှင့် တစ်ပေါင်းတည်း ဖွဲ့စည်း သည်။

သရပတ်အစုတွင် သွေးသောက် ကြီး၊ အကြပ်အမှုထမ်းများ ပါဝင် သည်။ ရဲလှေနှင့် ခတ်လှေတို့ လှေပုံ သဏ္ဍာန် ခြားနားသော်လည်း ထောင်ကဲ၊ ပဲ့နင်း၊ သွေးသောက်ကြီး၊ ဦးစီးတက်မကိုင်၊ အမှုထမ်းများ ပါဝင်သည်။ လှေအလျင်အစုတွင် လှော်လှေ၊ လှော်လောင်း၊ စက်လှေ များ ပါဝင်သည်။

ဤသို့ စနစ်တကျ ဖွဲ့စည်း ထားသော မြန်မာ့ရေတပ်မတော် တွက် ရေတပ်အင်အားကို စမ်းသပ် လေ့လာမှုဖြစ်သည်။ ရေတပ်မတော် သားများ၏ အရည်အသွေး တိုးတက် စေသော ပွဲတော်လည်း ဖြစ်သည်။ ရေတပ်မတော်သား တိုးပွားစေသော ပွဲလည်းဖြစ်သည်။

ယခုခေတ်၌ တော်သလင်းလ၏ လှေပြိုင်ပွဲသည် ပျောက်ကွယ်သ လောက် ရှိနေပေသည်။ အချို့ ကျေး လက်တောရွာများ၌သာ လှေပြိုင်ပွဲ ကို မြင်တွေ့နိုင်ကြပြီး ရန်ကုန်မြို့ ၌ လည်း ရာသီပွဲတော်အဖြစ် မဟုတ်ဘဲ အကြောင်းအားလျော်စွာ ကန်တော် ကြီးတွင် ကျင်းပသည့် လှေပြိုင်ပွဲ သဘင်ရှိသည်။

ဤသို့အချိန်အခါသမယမျိုး တွင် မန္တလေး တိုင်းဒေသကြီးအစိုးရအ ဖွဲ့သည် ရိုး ရာလှေလှော်ပြိုင်ပွဲအား ရည်ရွယ်ချက် ကြီးမားစွာဖြင့် ကျင်းပပေးခဲ့သောကြောင့် ဝမ်း မြောက်ကြိုဆိုမိပါသည်။ အစဉ်အ လာမပျက် ကျင်းပခဲ့သည်မှာ သုံး ကြိမ်တိုင် ရှိခဲ့ပြီဖြစ်၍ နောင်နှစ်များ တွင်လည်း ရိုးရာအစဉ်လာမပျက် ရိုး ရာလှေလှော်ပြိုင်ပွဲများကို ဆက်လက် ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်မျှော် လင့်နေမိပါသည်။

မြတ်မင်းလှိုင်
မှီငြမ်း
၁။ ဦးအေးနိုင် (BA) အစိုးရဓမ္မာစရိယ၏ ဆယ့်နှစ်လရာသီ
၂။ စန်းသမိန်၏ မြန်မာ့သွေး၊ မြန်မာ့ဓား၊ မြန်မာ့စစ်ပညာ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*