ပိုင်ဖြိုးသုကို ချီးမွမ်းစကားဆိုလိုက်တဲ့ခင်ပွန်းလောင်းဒါရိုက်တာ ဏကြီး

ပိုင်ဖြိုးသုကို ချီးမွမ်းစကားဆိုလိုက်တဲ့ခင်ပွန်းလောင်းဒါရိုက်တာ ဏကြီး
November 8, 2018 Popular

”ကျွန်တော်ဒီဇာတ်ကားကို ရိုက်ပြီးကတည်းကသိတယ်။ ဒီဇာတ်ကားမှာ အကောင်းဆုံးကသူ(ပိုင်ဖြိုးသု)ပဲဆိုတာ(ရယ်လျက်)။ ဘာလို့ လဲဆိုတော့ ဒီဇာတ်ကားမှာ သူကဆွဲခေါ်သွားမှရမှာ ဖြစ် တယ်။ မီကာရိုက်တာက ပရိသတ်ကို ဆွဲခေါ်နိုင်မှ အစ အဆုံးကိုပါ သွားမှာဖြစ်တယ်။ သူကောင်းခဲ့လို့သာ အစအဆုံးစီးမျောနိုင်ခဲ့ကြတာဖြစ်တယ်”လို့ ဒါရိုက်တာ ဏကြီးက သူ့ရဲ့ဇနီးလောင်း ဖြစ်သူ ပိုင်ဖြိုးသုကို ချီးမွမ်းစကားဆိုလိုက်ပါတယ်။

ဘာလို့လဲဆိုတော့ ပိုင်ဖြိုးသုဟာ ‘မီ’ဇာတ်ကား မှာ ဒါရိုက် တာဏကြီးလိုချင်တဲ့ မီကာရိုက်တာအတိုင်း ဖြစ်ခဲ့လို့ပါပဲ။ ပိုင်ဖြိုးသုဟာ မီအဖြစ် ဘယ်လောက် အထိ ပီပြင်ခဲ့သလဲဆိုရင် ‘မီ’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြီးသွားခဲ့ပြီး အချိန်တစ်လကြာ မြင့်တဲ့အထိတောင်မှ မီအဖြစ် မု(ဒ်)ဝင်နေခဲ့တယ်လို့ဆိုတယ်။ အဲဒီ လောက်အထိ ကြိုးစားခဲ့တာပါ။

”သူတအားကြိုးစားတယ်။ ပြီးတော့ တအားပါးနပ်တယ်။ Pick up လုပ်တာ တအားမြန်တယ်။ ကျွန်တော်တို့ Actor တွေမှာ Sense Memory ခေါ်တာပေါ့။ အဲဒါမျိုးရှိတယ်။ အဲဒါက Actor အပေါ်မှာ မူတည်ပြီးတော့ ကြာတဲ့အချိန်ရှိတယ်။ ဒါပေမဲ့ သူက တအားမြန်တယ်။ သူ့ရဲ့ Sense Memory လည်းတအား မြန်တယ်။ ပြီးတော့ သူ့ရဲ့တုံ့ပြန်မှုတွေက ဘယ်သူနဲ့မှ မတူဘူး။ ကျွန်တော့် ချစ်သူမို့လို့ ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ Actor တစ်ယောက် အနေနဲ့ သူ့အပေါ်ကို မြင်တဲ့အမြင်ကို ပြောပြ တာပါ”လို့ ဒါရိုက်တာဏကြီးက သုံးသပ်ပြောပြပါတယ်။

‘မီ’ ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ ၉ ရက်နေ့မှာ မြန်မာနိုင်ငံ တစ်ဝန်းရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

 

ထက်လူ၊

ဓာတ်ပုံ -အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*