
ရီရယ်လတီ ရုပ်သံစတား မော်ဒယ်လ်ကိုင်လီဂျန်နာက သူ့မိခင်ရဲ့မွေးနေ့မှာ အမေရိကန် ဒေါ်လာနှစ်သိန်းခွဲကျော်တန်တဲ့ ကမ္ဘာကျော် ဖယ်ရာရီကားတစ်စီးကို ကြိုပြောမထားဘဲ မွေးနေ့လက်ဆောင် ပေးခဲ့ပါတယ်။
မိခင်ဖြစ်သူ ခရစ်ဂျန်နာဟာ အောက်တိုဘာလ ၂၉ ရက်နေ့က အသက်၆၃နှစ် ပြည့်ခဲ့တာ ဖြစ်ပါတယ်။ သမီးငယ်ဖြစ်သူ အသက်၂၁နှစ်အရွယ် ကိုင်လီဂျန်နာက သူ့မိခင်ကြီးအတွက် “Dream Car” လို့ သူ့ဘာသာသူ အမည်ပေးထားတဲ့ အမေရိကန်ဒေါ်လာ ၂၅၂၈ဝဝ တန်ကြေးရှိတဲ့ “Ferrari 448” ကားကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာ ဖြစ်ပါတယ်။ ကိုင်လီဂျန်နာရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ အနီရောင် ဖယ်ရာရီကားကို သူကိုယ်တိုင် မိခင်ကြီးအိမ်ကို မောင်းယူလာခဲ့တာ တွေ့ရပါတယ်။ ကားရဲ့ရှေ့စက်ဖုံးပေါ်မှာလည်း အဖြူရောင်ဖဲကြိုးနဲ့ ပန်းပုံအကြီးကြီး ကပ်ထားပါသေးတယ်။ ကိုင်လီက အမေ့ကို အိမ်ခန်းထဲက သွားခေါ်လာပြီး အိမ်ရှေ့တံခါးဝတည့်တည့်မှာ ရပ်ထားတဲ့ကားကို ခေါ်ပြပြီး ‘ဟက်ပီးဘတ်ဒေး’လို့ ပြောလိုက်တဲ့အချိန် မိခင်တစ်ယောက်ရဲ့ အံ့သြဝမ်းသာခံစားမှု သမီးဖြစ်သူရဲ့ ကျေနပ်ပီတိမြင်ကွင်းကို မြင်လိုက်ရသူတွေအားလုံး အပျော်တွေ ရင်ထဲကို ကိုယ်စီကိုယ်စီ ကူးစက်ခဲ့ရကြောင်းပါ။
Ref: Mirrior