Heineken Beer
Heineken Beer

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်ရမယ့်တာဝန်ရှိတယ် ခွန်းဆင့်နေခြည်

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်ရမယ့်တာဝန်ရှိတယ် ခွန်းဆင့်နေခြည်
November 5, 2018 Asian Fame

ခွန်းဆင့်နေခြည် ကိုယ်တိုင်ငွေကျပ်သိန်းပေါင်းများစွာ အကုန်အကျခံ ရိုက်ကူးထားခဲ့တဲ့ ”မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားကတော့ နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက စတင်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ ပြသနေခဲ့ပြီဖြစ်ပါတယ်။ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကို လွန်ခဲ့တဲ့ ငါးနှစ်နီးပါးအကြာက ရိုက်ကူး ထားခဲ့တာဖြစ်ပြီး ကင်မရာအထူးပြုလုပ်ချက်တွေကို သေချာပြုလုပ်နေတာမို့ အခုလိုအချိန်ကြာညောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ရိုက်ကူးစဉ်က ကျားအစစ်တွေနဲ့ ရိုက်ကူးဖို့ အစီအစဉ် မရှိခဲ့ပေမယ့် အန်နီမေးရှင်းအခက်အခဲတွေ ကြောင့် တကယ့်ကျားအစစ်တွေနဲ့ သွားရောက်ရိုက်ကူးခဲ့ ရပါတယ်။ ဇာတ်ကားထဲမှာ ခွန်းဆင့်နေခြည်က ရေဆင်းချိုးတဲ့ အခန်းတွေလည်း ပါဝင်နေတာကြောင့် အဲဒီဇာတ်ဝင်ခန်းတွေကို ဘယ်လိုရိုက်ကူးခဲ့ရလဲဆိုတာ မေးမြန်း ကြည့်တဲ့အခါ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အတွက် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်ရမယ့် တာဝန်ရှိတယ်လို့ အခုလိုပဲ ပြောပြပါတယ်။

”အဲဒီဇာတ်ဝင်ခန်းမှာ အကုန်လုံးတော့ မချွတ်ခဲ့ပါဘူး။ ထဘီလေးပဲ ချွတ်ချခဲ့လိုက်တာပါ (ရယ်လျက်)။ တကယ်တော့လေ အဲဒီ ဇာတ်ဝင်ခန်းရိုက်ကူးစဉ်တုန်းက အဲဒီလို လုပ်ရမယ်ဆိုတာ ကြိုမသိထားခဲ့ဘူး။ ရေတံခွန်နား အထိကို ခက်ခက်ခဲခဲနဲ့ ဆင်းလာခဲ့ပြီးကြပြီလေ။ အွန်ဆင်းမ်ပေါ်မှာပဲ အဲဒီဇာတ်ဝင်ခန်း ရိုက်ကူးရမယ်ဆိုပြီးတော့ ဖြစ်သွားတာ။ ဒါရိုက်တာ က Surprise လုပ်လိုက်တဲ့သဘောပေါ့။ မရိုက်ကူးရင်လည်း မဖြစ်ဘူးလေ။ ခက်ခက်ခဲခဲနဲ့ ရေတံခွန်နားအထိကို လာခဲ့ကြပြီးပြီ။ အစ်မသည် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်ရမယ့် တာဝန်ရှိတယ်။ ကိုယ့်ရဲ့ရှေ့မှာတော့ ရေတံခွန်ပဲရှိ တော့တယ်လေ။ အဲဒီလိုဇာတ်ဝင်ခန်းမှာ ရိုက်ကူး ရတော့ စိတ်ဖိစီးမှုတော့ရှိတာပေါ့။ စိုးရိမ်စိတ် လည်းဖြစ်တယ်။ မရိုက်ရဲဘူး။ အဲဒီဇာတ်ဝင်ခန်းက အကြာကြီးရိုက်ခဲ့ရတယ်”လို့ ခွန်းဆင့်နေခြည်က ပြောပြခဲ့တယ်။

”မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားအတွက် လုပ်လို့ရနိုင်သမျှ အကောင်းဆုံးဖြစ်အောင် ဖန်တီးခဲ့ပြီးပြီလို့ သူက ဆိုပါတယ်။

ထက်လူ၊
ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*