မြန်မာနိုင်ငံမှာ စီးပွားရေးတွေလုပ်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်သားစိုး

မြန်မာနိုင်ငံမှာ စီးပွားရေးတွေလုပ်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်သားစိုး
November 2, 2018 Asian Fame
မြန်မာနိုင်ငံမှာ စီးပွားရေးတွေလုပ်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်သားစိုး

ရောသမမွှေဆိုတဲ့နာမည်နဲ့ စီးရီးလိုက်အောင်မြင်မှုတွေရရှိခဲ့တဲ့ အဆိုတော်သားစိုးက အခုအချိန်မှာတော့ စီးပွားရေးသမားတစ်ယောက်အဖြစ် လုပ်ငန်း ပေါင်းများစွာကို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ သူဟာ အခုလက်ရှိမှာလည်း ရောသမစင် တာဆိုတဲ့နာမည်နဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးဦးဆောင်ကာ လုပ်ဆောင်ပြီး စီးပွားရေးလောကမှာလည်း အောင်မြင်မှုတွေရရှိတဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်လို့ လာခဲ့ပါပြီ။ သူ့အနေနဲ့ အနုပညာဘက်ကနေ စီးပွားရေးဘက်ကို အကူး အပြောင်းမှာတော့ အခက်အခဲတွေများစွာရှိခဲ့ပါတယ်။ သို့ပေမဲ့လည်း သူဟာဒီအခက်အခဲတွေကို ကြိုးစားဖြတ်သန်းရင်းနဲ့ ရောသမစင်တာအထိ ဖွင့်လှစ်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူကစီးပွားရေးလုပ်ချင်တဲ့ လူငယ် တွေကိုလည်း သူ့ရဲ့အတွေ့အကြုံတွေကိုအခုလိုပြောပြခဲ့တာက . . .

”အခွင့်အလမ်းဆိုတာ ကိုယ့်ဘာသာကိုယ်လုပ်မှရမယ့်အခွင့် အလမ်းတွေရှိပါတယ်။ သူများတိုင်းပြည်မှာ သွားလုပ်ရင်တော့ သူများ လက်အောက်မှာလုပ်ရမယ်။ လစာမြင့်တယ်။ ပြီးရင်ပြန်စုပေါ့လေ။ ဒီနိုင်ငံ မှာတော့ Small Businessအနေနဲ့ လုပ်မယ်ဆိုရင်တောင် လုပ်စရာ အလုပ်တွေအများကြီးပါပဲ။ အင်တာနက်မှာရှာကြည့်ရင်တောင် အသေး စားလုပ်ငန်းတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာက စားသုံးသူတွေအများကြီးရှိတယ်။ Product ကောင်းကောင်း ဘယ်တော့မှမရှိဘူး။ နာမည်ကြီးလာတာနဲ့ အဲဒီ Productက အရည်အသွေးကျလာပြီး ပျောက်သွား တာများတယ်။ လူငယ်တွေအတွက်က အလုပ်တွေအများကြီးရှိပါတယ်။အခွင့် အလမ်းတွေအများကြီးရှိပါတယ်။ ကိုယ်ကလုပ်နိုင်မှပဲဖြစ်မှာလေ။ စနစ်ကိုပဲ အပြစ်တင်နေလို့မရဘူး။ အစိုးရလည်းအပြစ်တင်နေလို့ မရဘူး။ ကိုယ့်ဘာသာ ကိုယ်လုပ်သွားရင် ဖြစ်သွားတာချည်းပါပဲ။ လူငယ်တွေကမလုပ်ဘူးဆိုရင် နိုင်ငံခြားသားတွေကလာပြီးတော့ သူတို့ လုပ်သွားရင်လူငယ်တွေက အလုပ်သမားတွေပဲပြန်ဖြစ်သွားလိမ့်မယ်။ အလုပ်ရှင်ဖြစ်မှာ မဟုတ် ဘူး”လို့ သားစိုးကပြောပြပါတယ်။ စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင် စီးပွားရေးနဲ့ပတ်သက်တဲ့ စာများများဖတ်ရမှာဖြစ်ပြီး ကိုယ်ပိုင်ပစ္စည်းထုတ်နိုင်ဖို့အတွက် အားထုတ်ကြိုးစားရမှာဖြစ်ကြောင်း သူကထပ်ပြောပါတယ်။

သူ့အနေနဲ့ကတော့ စီးပွားရေးသာမလုပ်ဖြစ်ခဲ့ဘူးဆိုရင် ဒီအတိုင်းပဲ ဂီတလောကမှာ မျောနေမှာပဲဖြစ်ပြီး ပုံမှန်သွားနေရုံပဲဖြစ်နေမှာဖြစ်ကြောင်း ပြောပါတယ်။

”ဒီတိုင်းပြည်မှာဆိုရင် ကျွန်တော့်အနေနဲ့ ထမင်းငတ်စရာအကြောင်းမရှိဘူးလေ။ အဆို တော်လေးလုပ်လိုက်၊ သီချင်းလေးတီးလိုက် သာသာယာသာလေး နေလိုက်ရုံပဲရတယ်။ ဒါပေမဲ့ အဲဒီလိုဘဝကနေ ရုန်းထွက်မှကိုရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ခိုးကူးဆိုတဲ့ အန္တရာယ်ကရှိလာပြီလေ။ တစ်ခါတလေကျရင် ခိုးကူးတွေကို တအားကျေးဇူးတင်တယ်။ ခိုးကူး တွေသာမရှိရင် ဒီစီးပွားရေးတွေလုပ်ဖြစ်မှာကိုမဟုတ်ဘူး။ ခိုးကူးတွေကြောင့် ကြောက်လန့်ပြီး ကိုယ်စီးပွားရေးလုပ်ရမှာဆိုတဲ့အသိဝင်လာတာ။ ကိုယ့်မှာအသိုင်းအဝိုင်း လည်းမရှိဘဲနဲ့ ရွှေပိုး နန်းတော်ပိုးထည်ဆိုင်ဖွင့်တယ်။ ပြီးရင် ၁၂၃ မီဒီယာလုပ်တယ်။ ရောသမနှပ်လက်ဖက်လုပ်တယ်။ ကိုယ့်ရဲ့ အနာဂတ်ကို ကြိုမြင်တဲ့အခါမှာ ကြောက်သွားပြီးတော့ စီးပွားရေးတွေလုပ်ခဲ့တာပေါ့။ ကျွန်တော်တို့ဆီမှာက လူငယ်တွေက Confort Zone ထဲမှာနေကြတယ်။ အဲဒီ Zone ထဲကနေ ရုန်းထွက်ဖို့လိုပါတယ်”လို့ သားစိုးကပြောပြပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*