အဆင့်မြင့် ရုပ်ရှင်ရုံများနှင့် အဆင့်မြင့် ရုပ်ရှင်ရုံများနှင့် ဈေးခေါ် မင်းသားခေတ် စိန်ခေါ်ပွဲ ဖြစ်နေတဲ့ သရုပ်ဆောင်သစ်

အဆင့်မြင့် ရုပ်ရှင်ရုံများနှင့် အဆင့်မြင့် ရုပ်ရှင်ရုံများနှင့် ဈေးခေါ် မင်းသားခေတ် စိန်ခေါ်ပွဲ ဖြစ်နေတဲ့ သရုပ်ဆောင်သစ်
November 2, 2018 Asian Fame
အဆင့်မြင့် ရုပ်ရှင်ရုံများနှင့် အဆင့်မြင့် ရုပ်ရှင်ရုံများနှင့် ဈေးခေါ် မင်းသားခေတ် စိန်ခေါ်ပွဲ ဖြစ်နေတဲ့ သရုပ်ဆောင်သစ်

မြန်မာရုပ်ရှင်ပထမခေတ်၊ ဒုတိ ယခေတ်များမှာ သရုပ်ဆောင် ဝါသနာပါရင် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေမှာ လျှောက်ရတယ်။ အဆက်အသွယ်နဲ့လည်း ကုမ္ပဏီကို ဝင်လို့ရတယ်။ ဒါပေမဲ့ သရုပ်ဆောင် ဇာတ်ပို့၊ ဇာတ်ရံက အစချက်ချင်း မဖြစ်ဘူး။ ရုပ်ရှင်ရိုက်ကွင်းမှာ ကုမ္ပဏီမန်နေဂျာခိုင်းတာ လုပ်ရ တယ်။ ရုပ်ရှင်ရိုက်ကူးမှု ပုံသဏ္ဌာန် နဲ့တော့ နီးစပ်ခွင့်ရှိတယ်။ ရုပ်ရှင် ရိုက်ကူးမှုရဲ့ သုံးလေးကားလောက် ရုပ်ရှင်ရိုက်ကွင်းနဲ့ ယဉ်ပါးလာတော့ မှ ဇာတ်ဝင်ခန်းရဲ့ ဘာလေးယူခဲ့ပါ၊ ဒါလေးသွားပို့လိုက်ပါဆိုတဲ့ ကင်မရာ မြင်ကွင်းမှာ ဖြတ်လျှောက်ဆိုတဲ့ နေရာမျိုးလေးစပြီး ပါခွင့်ရှိတယ်။ အဲဒါတောင် လမ်းလျှောက်ခြေလှမ်း က တွန့်ဆုတ်သလား၊ ရှက်ကိုးရှက် ကန်း နဲ့ မျက်နှာအမူအရာရှိသလား စတဲ့ အခြေအနေကို အကဲခတ်တယ်။ ဟုတ်တယ်လေ ရုပ်ရှင်ရိုက်တာကို ဘေးကကြည့်နေရင် ဒါလောက်တော့ ငါလည်း လုပ်တတ်ပါတယ်လို့ အထင်ရှိတတ်ကြတယ်။ တကယ့် ရိုက်ကွင်းမှာ ကင်မရာရဲ့အရှေ့မှာ မီးစုံဝင်းခနဲ လက်ခနဲထိုးပြီး အခန်း စဉ်အမှတ်အသားဖြစ်တဲ့ ကလက် ရိုက်သူက ဆင်းန်(Cine) ဘယ် လောက်၊ ကဒ် (Cut) ဘယ်ရွေ့ပေါ့။ အော်ပြီး၊ ခွပ်ခနဲ ကလက်ကို ရိုက်ကာ ကင်မရာရှေ့မှ ထွက်လိုက်တာနဲ့ ကင် မရာက ရိုက်နေပြီဆိုတဲ့ အသိ၊ ဝင်းထိန်သွားတဲ့ မီးစလောင်းကြီးရဲ့ ဝင်းလက် သွားမှုနဲ့၊ ‘ခွပ်’ခနဲအော်ပြီး ရိုက်လိုက်တဲ့အသံ၊ အဲဒါတွေဟာ လုပ်ငန်း ယဉ်ပါးမှု နည်းသူအတွက် ချောက်ချားစေတတ်တယ်။ အဲဒီမှ ခြေတစ်လှမ်းမှာ လုပ်ဆောင်မှု မှား မှားယွင်းယွင်း ဖြစ်တတ်တယ်။

မှတ်မိသေးတယ်။ ရှေ့ဆောင် ရုပ်ရှင်က ရိုက်ကူးတဲ့ဇာတ်ကားတစ်ခု မှာ မင်းသားကျော်ဟိန်းကို အကျိုး အကြောင်း ပြောပြဆုံးမတဲ့အခန်း အတွက် စကားအပြောကောင်းသူ၊ ပြောနိုင်သူအတွက် ရှုတင်မန်နေဂျာ က လူမှုရေးလုပ်ငန်းတွေမှာ ရဲရဲတင်း တင်း ပြောတတ်ဆိုတတ်သူ၊ ရုပ်ရည် လည်းခံ့ညားသူ တစ်ယောက်ကို ခေါ်လာတယ်။ ပထမ ရီဟာဇယ်။ အစမ်းပြောခိုင်းစဉ်က အမှားအယွင်း မရှိ၊ လေယူလေသိမ်းမှန်စွာ ချော မွေ့လို့ ဒါနဲ့ပဲ တကယ်ရိုက်ကူးတော့ ကင်မရာ၊ မီးစုံ၊ ကလက်၊ အဲဒီသုံးခုရဲ့ အနေအထားကြောင့် စကားလည်း ပြောရော၊ ကမောက်ကမတွေနဲ့အသံ က တုန်တုန်ယင်ယင်သုံးခါလောက် ပြန်ရိုက်ကြည့်လည်း မထူးခြားဘူး။ နောက်ဆုံး လက်လျှော့လိုက်ရပြီး ဇာတ်ပို့လုပ်နေကြသူကို သွားခေါ်ပြီး ရိုက်ကူးရတယ်။ ဒါကြောင့် ကင်မရာ ဟာ နတ်ကြီးတယ်လို့ ရုပ်ရှင်လောက မှာ ပြောလေ့ရှိတယ်။ တကယ် ကင် မရာက နတ်ကြီးတာလား၊ ရုပ်ရှင် ရိုက်ကွင်းနှင့် ယဉ်ပါးနေမှုမရှိခြင်း လား စဉ်းစားကြည့်စရာပါ။ ဒါ ကြောင့် ရုပ်ရှင်ပထမခေတ်ထဲမှာ ကုမ္ပဏီက သဘောကျရင်၊ လခစား ခန့်တယ်။ ကုမ္ပဏီကို နေ့တိုင်းထမင်း ချိုင့်နဲ့ အလုပ်ချိန်အတွင်း ရောက် အောင်လာရတယ်။ ရိုက်ကွင်းမှာ ဝိုင်းကူလုပ်၊ ရုပ်ရှင်နှင့် ယဉ်ပါး အောင် နေကြတယ်။ ရုပ်ရှင်ဒုတိယ ခေတ်မှာ လစာမရဘူး။ ရိုက်ကွင်းကို လိုက်၊ ရှုတင်ထမင်းစားခိုင်းတာလုပ်။ အဲဒီလို ယဉ်ပါးအောင် နေခဲ့ရပြီးမှ ဇာတ်ဝင်ခန်းထဲ စမ်းသပ်ပြီး ခိုင်း ကြည့်ရာမှ အမှားအယွင်းမရှိ လုပ် ဆောင်နိုင်မှု၊ ပြောရဲဆိုရဲရှိမှု၊ ဖြတ် ထိုးÓဏ်ရှိမှုနှင့် အနုပညာ ဗီဇအနေ အထားကိုပါ မြင်သာမှ နောက်ပိုင်း ဇာတ်ကားတွေမှာ နေရာပိုပေးပြီး စမ်းသပ်လို့ စိတ်ချရမှ ခေါင်းဆောင် သရုပ်ဆောင်၊ မင်းသား၊ မင်းသမီး အဖြစ်တင်တယ်။

အချိန်ကာလ ပြောင်းလဲမှုတွေ များစွာကို ဖြစ်စေခဲ့တာ ဒီနေ့ ဒစ်ဂျစ် တယ်ခေတ်၊ ကွန်ပျူတာ နည်းစနစ် တွေနဲ့ အများကြီး ပြောင်းလဲခဲ့သလို၊ ပြသတဲ့ ရုပ်ရှင်ရုံတွေကလည်း အဆင့်မြင့် ဒစ်ဂျစ်တယ် (system) တွေနဲ့ အဲယားကွန်းနဲ့ သန့်ရှင်းသပ် ရပ်လို့။ ဒီတော့ ရုပ်ရှင်ဆိုတာ တိုး တက်မှုတို့နဲ့အတူ အများကြီး တိုး တက်ပြောင်းလဲမှုတို့ လိုအပ်လာ တယ်။ တစ်လောက ကြားလိုက်မိ တယ်။ ရုံပိုင်ရှင်တို့က ရုံတင်ပြသခွင့် မရလို့ဆိုသံကြောင့် စူးစမ်းကြည့် တော့ ရုပ်ရှင်ရုံနဲ့ ရုံတင်ပြသသူတို့ ဟာ ၅ဝ ရာခိုင်နှုန်းစီ၊ ဝင်ငွေကို ခွဲ ဝေယူရတာဆိုတော့ ဈေးခေါ်မင်း သား၊ မင်းသမီးမပါလို့ဟု ပြောသံဆို သံမျိုးလည်းကြားရသည်။ ဇာတ်ကား က ကွာလတီမမီလို့ဟုလည်း ပြောသံ ဆိုသံကြားသည်။ အင်တာနက်အွန် လိုင်းမှာ ကြိုက်ကြလို့ ချီးမွမ်းကြတယ် လို့လည်း ကြားရတယ်။ ထားပါ ဘယ် လိုပဲဖြစ်ဖြစ်၊ ပြုလုပ်ခဲ့မှု အနုပညာ ပေါ်မှာ သရုပ်ဆောင်သစ်များနဲ့ စိတ် ကြိုက်ယုံကြည်မှုရှိခဲ့ရင် ရုံပိုင်ရှင်ဆို တာ စီးပွားရေးသမားဖြစ်လို့ ဝင်ငွေ ရဲ့ ၅ဝ ရာခိုင်နှုန်းစီအတွက် လူမ ကြိုက်လို့ ဝင်ငွေသိပ်နည်းလွန်းရင် အလုပ်သမားစရိတ်စကနဲ့ ရှုံးမှာ ကြောက်တာ စီးပွားရေးသမားတို့ရဲ့ အလုပ်ပဲလေ။ ဒါဆိုရင် တစ်နေ့ကို ရုံခ ဘယ်လောက်၊ အနည်းဆုံး တစ်ပတ် ဆိုပြီး သတ်မှတ်ခဲ့မယ်ဆိုရင် ဝါသနာ နှင့် ယုံကြည်ချက်ကြောင့် ငွေကုန်ခံ ပြီး ဒါရိုက်တာလုပ်သူတို့အတွက် အခွင့်အလမ်းဖြစ်လာနိုင်ခြေရှိတာ ပေါ့။ ဒါရိုက်တာအကယ်ဒမီမောင်ဝဏ္ဏ (ကွယ်လွန်)အား ‘ဓာတ်ခဲ’ဇာတ်ကား ကို နာမည်ကြီး သရုပ်ဆောင်တစ် ယောက်မှ မပါဘဲ ဇာတ်ကောင်စရိုက် လိုက်မယ့်သူများနဲ့ချည်း စိတ်ကြိုက် ရိုက်ပြီး သမ္မတ ရုပ်ရှင်ရုံကြီးမှာ ရဲဝံ့ စွာ တင်ပြသခဲ့လို့ အထူးအောင်မြင် သွားဖူးတာမျိုး အစဉ်အလာရှိခဲ့ဖူးပါ တယ်။ အဲဒါကြောင့် ရုံပိုင်ရှင်တွေ အနေနဲ့လည်း ၅ဝ/၅ဝ ရာခိုင်နှုန်းက တစ်မျိုး၊ တစ်ပတ်စာ ငှားရမ်းခြင်း ကတစ်မျိုးပြု လုပ်ဆောင်ရွက်ပေးရေး ရုပ်ရှင် အစည်းအရုံးက ညှိနှိုင်းပေး မယ်ဆိုရင် စိတ်ကူးသစ်၊ အတွေးသစ် နဲ့ ဒါရိုက်တာသစ်တွေ၊ သရုပ်ဆောင် သစ်တွေ ပေါ်ထွက်လာနိုင်မှာဖြစ် တယ်လို့ ဆိုချင်မိတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဟိုးတုန်း က ရုပ်ရှင်ပထမခေတ်၊ ဒုတိယခေတ် များကဲ့သို့ ရုပ်ရှင်ခြံပေါက် ခေတ်မျိုး မဟုတ်တော့ဘူး။ နောက်ပိုင်းရုပ်ရှင် တတိယခေတ်နဲ့ ဗီဒီယိုခေတ်များက ငွေရှိရင် ဒါရိုက်တာဖြစ်ခွင့်၊ မင်း သား၊ မင်းသမီးဖြစ်ခွင့်ရှိလာကြတယ်။ ရှုံးခြင်း၊ မြတ်ခြင်းက သူတို့အလုပ်။ အဲဒီမှာ ဝါသနာရယ်၊ ဗီဇရယ်၊ ပါရမီ ရယ် တွဲကပ်မိသူတွေက အောင်မြင် လာကြမယ်။ သရုပ်ဆောင်တွေ များ လာရင် ဈေးခေါ်မင်းသားခေတ်ဆို တာ မှေးမှိန်သွားမှာပဲ။ သရုပ်ဆောင် တွေ များလာရင် ကြိုးစားမှုတွေ လည်း ပိုများလာမယ်။ ဒါရိုက်တာဆို တာလည်း အသစ်အဟောင်းရယ် မဟုတ်ဘူး။ ဆန်းသစ်ချင်မှု ထူးခြား ဆန်းပြားစွာ ရိုက်ကူးပြချင်တဲ့ စိတ်ကူး၊ အတွေးအခေါ်၊ အယူအဆ ရှိမှု၊ ရုပ် ရှင်လောကကြီးအပေါ် ဆန်းသစ် ပြောင်းလဲမှုနဲ့ တိုးတက်လိုစိတ်ရှိမှု အတွက် စေတနာထားတတ်တဲ့ ဒါရိုက်တာမျိုးတွေ ပေါ်လာရင်၊ ခပ် ပေါပေါ ဆူလွယ်နပ်လွယ် စီးပွားရှာ နည်း ဒါရိုက်တာမျိုးတွေ ပြောင်းလဲ ကြိုးစားရင် တိုးတက်ခြင်းပဲ။ စိတ်ကူး အရည်အချင်း နည်းရင် ကျဆုံးခြင်း ရဲ့ အဖြေမျိုးတွေ့ရမှာ ဖြစ်တယ်။

ဒါကြောင့် ပြောချင်တာက ရုပ် ရှင်ဆိုတာ ထုတ်လုပ်နိုင်ခွင့် စီးပွား ရေးရှိရမှာ တစ်မျိုးနဲ့ မပြီးပါဘူး။ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်များအပြင်၊ တည်းဖြတ် နောက်ခံတေးဂီတလိုက်ဖက်ဆီလျော် မှု၊ ဇာတ်လမ်းအပေါ် သရုပ်ဆောင်ရဲ့ အမူအရာအပေါ် ထိရောက်တဲ့ ပံ့ပိုး နိုင်မှု၊ နေရာဒေသရဲ့ အလင်း အမှောင်ကအစ အားလုံးဟာ အနု ပညာ များချည်းဖြစ်တဲ့အတွက် အနု ပညာဆိုတာ စီးပွားရှာရမှုထက် မတူ ညီသော၊ ခက်ခဲမှု၊ နက်နဲမှုတွေ၊ ဆန်း ကြယ်တာတွေ ရှိပါတယ်။ မြန်မာရုပ် ရှင်တတိယခေတ်ထဲမှာ ငွေရှိလို့ ကုမ္ပဏီပိုင်ရှင်တွေ၊ ဒါရိုက်တာလုပ် ခဲ့ပြီး အောင်မြင်တဲ့ မင်းသား၊ မင်း သမီးငှားပြီး ယာယီဈေးကွက်ကိုကြည့် ပြီး ဒါရိုက်တာ လုပ်ခဲ့ကြလို့ ဈေးခေါ် မင်းသားခေတ်ရယ်လို့ ဖြစ်လာပြီး Cine of the king ဆိုတဲ့ခေတ်ကြီး ပျောက်ဆုံးပြီး မြန်မာရုပ်ရှင်လောက ကြီး စတင်ပျက်စီးခဲ့တာ ဒီနေ့အထိ ဈေးခေါ်မင်းသားဆိုတာ ရှိနေခဲ့ခြင်း လို့ပဲ ဆိုလိုက်ပါရစေတော့။

အောင်ဟိဏ်း (ကျိုက်ထော်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*