ခရမ်းပြာ အရေးအခင်း

ခရမ်းပြာ အရေးအခင်း
November 1, 2018 Asian Fame

အတိတ်က သူ့ကိုလူကြီးလို့ခေါ် တယ်။ လူကြီးဟာ ကဗျာဆရာ တစ်ဦးဖြစ်တယ်။ ချာတိတ်ကယောက်ျား စိတ်များတဲ့ ကောင်မလေးတစ် ယောက်။ ကဗျာရေးချင်သူ။ သူတို့ အသက်အပိုင်းအခြားက အနှစ် ၂ဝ လောက်ကွာတယ်။

သူတို့နှစ်ယောက်ဟာ နှစ်ဦး သဘောတူ ကဗျာဆက်ဆံရေး ထူ ထောင်ခဲ့ကြတယ်။ ချာတိတ်ကဲအ ချစ်ကဗျာလေးတွေရေးပြီး လူကြီး ကိုပြဲ တယ်။ ပြင်ခိုင်းတယ်။ ဝေဖန် ခိုင်းတယ်။ လူကြီးကလည်း ချာတိတ် ရေးပြသမျှ ကဗျာအားလုံးကို ပြင်ဗဌ ပေးတယ်။ ဝေဖန်ပေးတယ်။ ပထမ တော့ သူတို့နှစ်ယောက်ရဲ့ ကဗျာ ဆက်ဆံရေးက ဒါလောက်ပါပဲ။

နောက်ပိုင်းကျတော့ ချာတိတ် ရဲ့ ကဗျာဆက်ဆံရေး မြှင့်လိုက်တယ်။ ချာတိတ်က လူကြီးရေးတဲ့ အချစ် ကဗျာလေးတွေ သူဖတ်ချင်ကြောင်း ပြောပြီး လူကြီးက အချစ်ကဗျာရေး တိုင်း သူ့ကိုပေးဖတ်ဖို့ ပူဆာတယ်။ ဒီလိုနဲ့ သူတို့ကဗျာဆက်ဆံရေးဟာ တစ် ဆင့်တက်သွားရော ဆိုပါစို့။

ဒီအဆင့်မှာတော့ လူကြီးဟာ ချာတိတ်ကို စိတ်ဝင်စားလာပြီ။ လူ ကြီးရေးဖွဲ့တဲ့ အချစ်ကဗျာလေးတွေ ကလည်း ချာတိတ်ကို မသိမသာ ရည်ရွယ်တဲ့ သဘောမျိုးတွေ ပါလာ တယ်။ ဒါပေမဲ့ ချာတိတ်မ သဘော မပေါက်ဘူး။ လူကြီးဟာ ချာတိတ်အ တွက် သူရေးတဲ့ ကဗျာတွေအပေါ်၊ ချာတိတ်ဘယ်လို တုံ့ပြန်မလဲဆို တာ တိတ်တိတ်လေးစောင့်နေ တယ်။ ဒါပေမဲ့ ချာတိတ်က သူ့ကဗျာ တွေ သဘောမပေါက်ဘူး။ သဘော မပေါက်ဆို ချာတိတ်က ယောက်ျား စိတ်များတဲ့ မိန်းကလေးလေ။ ယောက်ျားလျာအပြည့်မဟုတ်ဘူး။ မိန်းမစိတ် ပါဝင်မှုက သင့်ရုံသာ ရှိ မယ့်ပုံ။ ဒီပုံနဲ့ကျတော့ လူကြီးခမျာ ကောင်းကောင်း ဒုက္ခရောက်နေတော့ တာပေါ့။

ဒါပေမဲ့ လူကြီးဟာ လူကြီးပဲ လေ။ ဘယ်ရိုးသားရမလဲ။ ရှေ့တစ် ဆင့်တိုးတာပေါ့။ လူကြီးရေးတဲ့ ကဗျာတွေက ပွင့်လင်းလာတယ်။ ချာ တိတ် သဘောပေါက်နိုင်အောင်အထိ ချရေးလာတယ်။ အဲသလိုတွေ ချရေး ပြီး ချာတိတ်ဆီက ပြန်ရေးလာမယ့် ကဗျာကို လူကြီးမျှော်လင့်လာပြီး စောင့်ဖတ်တယ်။ ခက်တာက စောင့် ဖတ်လည်း ဖတ် ဖတ်ပဲဖြစ်နေတယ်။ ဒီထက် ချရေးရင်လည်း ဘိုဘိုဟန် သီချင်းလိဲုနင့်ကိုငါချစ်တယ် ငါ့ကို နင် ချစ်မလာဲးဖြစ်တော့မယ်။

ဒါပေမဲ့ လူကြီးလက်မလျှော့ ဘူး။ ဆက်ရေး ဆက်ပေးပဲ။ ချာတိတ် ကလည်း အချစ်ကဗျာတွေ ပြန်ရေး တာပဲ။ ဒါပေမဲ့ အဖြေမဟုတ်တဲ့ ကဗျာတွေ။ နောက်ဆုံးတော့ လူကြီး ရေးပြီး ချာတိတ်ပေးတဲ့ ကဗျာတွေ ဟဲာရည်းစားစာမဖြစ်ရုံတမယ်ဲလို့ ပြောရမတတ် ပွင့်လင်းလာတယ်။ ချာတိတ်ကလည်ဲးသဘောမပေါက် သလိုပဲ ဆက်ရေးနေတယ်။

နောက်ဆုံးတော့လူကြီးဟာ သူကိုယ်တိုင် ရည်းစားစကား စပြော ဖို့ မသင့်တဲ့အတွက် သူရည်းစား စကားပြောရမယ့်ရက်ကို ချာတိတ် ကိုယ်တိုင်သာ ရွေးချယ်ဖို့ ရေးတော့ တာပဲ။ လူကြီးရေးပေးတဲ့ ကဗျာ ခေါင်းစဉ်က ခရမ်းပြာ အရေးအခင်း တဲ့။ အကြောင်းအရာကဲရည်းစား စကားအပြောခံချင်တဲ့သူ ခရမ်းပြာ ရောင် ဆံညှပ်ကလစ်လေဲး ခေါင်းမှာ ထိုးတာမို့။ ဆိုလိုတာက ချာတိတ် လူကြီးဆီ လာတဲ့နေ့ခေါင်းမှာ ခရမ်း ပြာကလစ်လေးပါရင် ရည်းစားစ ကားပြောလို့ရပြီဆိုတဲ့ အဓိပ္ပာယ်။

ဒီလိုရေးလိုက်တဲ့အခါကျမှ ချာတိတ်သဘောပေါက်သွားပုံရ တယ်။ အဲဒီနေ့ကစပြီး ချာတိတ်ဟာ လူကြီးဆီ မလာတော့ဘူး။ ဒီတော့ လူကြီးလည်း အသက်အရွယ်နဲ့ မ လိုက်အောင် အသည်းကွဲတော့တာ ပေါ့။ ဒီလိုနဲ့ ချာတိတ်ပေါ်မလာတာ တစ်လလောက်ရှိခဲ့ပြီ။ လူကြီး ဒီတစ် ခါ တစ်မျိုးတွေပြန်ရေး။ ချာတိတ်က သူရည်းစားစကား အပြောခံရမယ် လို့ ရက်ရွေးလို့ မပြီး သေးတာ လား (ဒါမှမဟုတ်) ခေါင်း ညှပ်ရမယ့် ကလစ်မှာ ခရမ်းပြာရောင် ဝယ်လို့မရ သေးတာလား။ ဒီလိုမှန်းသိ ခရမ်းပြာ ရောင်တစ်ရောင်တည်း မဟုတ်ဘဲ အခြားအရောင်လောက်ပါ ဝယ်ရ လွယ်အောင် ထပ်မပြောလိုက်မိတာ မှားပြီလို့ လူကြီးတွေးတယ်။

ဒါပေမဲ့တစ်လကျော်ပြီး နှစ် ရက်သုံးရက်လောက်မှာ ချာတိတ် ရောက်လာတယ်။ ဘာမှမဖြစ်သလိုပဲ။ ထူးဆန်းတာက ဘယ်တော့မှ ဦး ထုပ်ဆောင်းလေ့မရှိတဲ့ ချာတိတ်ဟာ အဲဒီနေ့က ဦးထုပ်ဆောင်းလာတယ်။ လူကြီး မရိုးမရွဖြစ်သွားတယ်။ ဦး ထုပ်အောက်မှာ ခရမ်းပြာကလစ် လေး ဝှက်ထားလေသလား။ နှစ် ယောက်သား တစ်နာရီလောက် ထိုင် စကားပြောကြတာတောင် ချာတိတ် က ဦးထုပ်ကို တစ်ချက်ကလေးမှ မချွတ်။ ယောင်မှားပြီးတောင်မချွတ်။ ချာတိတ်က အချက်မပေးတော့ ရည်း စားစကား ပြောရမယ့် လူကြီးလည်း ပြောခွင့်မသာတော့။ ခဏကြာတော့ ချာတိတ်ကဲပြန်တော့မယ်ဗျဲာဲချာတိတ်ပြန်သွားတယ်။ ဦးထုပ် မချွတ်ဘူး။ လူကြီး ကျန်ရစ်ရာက ချာ တိတ်ခြေထောက်ကို လှမ်းကြည့်လိုက် တယ်။ ချာတိတ်စီးလာတဲ့ ဖိနပ်သဲ ကြိုးအရောင်က ခရမ်းပြာ။

ကိုငြိမ်း (မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*