ကိုယ်နဲ့ မလိုက်ဖက်တဲ့ ကာရိုက်တာမျိုးကိုလက်မခံဘူးရဲလေး

ကိုယ်နဲ့ မလိုက်ဖက်တဲ့ ကာရိုက်တာမျိုးကိုလက်မခံဘူးရဲလေး
November 1, 2018 Asian Fame

ရဲလေးကတော့ လတ်တလော မှာ သရုပ်ဆောင်ပိုင်းကိုလည်း ပြန် လည်လုပ်ကိုင်လာတာတွေ့ရပါ တယ်။ နောက်ပိုင်းမှာလည်း ရုပ်ရှင် ဇာတ်ကားတွေအများ အပြားရိုက်ကူး ဖြစ်သွားဖို့ရှိတဲ့ ရဲလေးက ကိုယ်နဲ့ မလိုက်ဖက်တဲ့ကာရိုက်တာမျိုးတွေ ကို လက်မခံဘူးဆိုတဲ့အကြောင်း အခုလိုပဲပြောပြခဲ့ပါတယ်။

”ကိုယ်လုပ်ချင်တဲ့ ကာရိုက်တာ ရယ်လို့တော့ ရှိတော့ရှိတာပေါ့။ ဒါပေမဲ့ အဲဒီလိုကာ ရိုက်တာကျတော့ ကိုယ်ကိုယ်တိုင် ပရိုဂျူဆာ၊ ကိုယ် တိုင်ဇာတ်လမ်းရေး၊ ကိုယ်တိုင်လုပ် တော့မှပဲ ကိုယ်လုပ်ချင်တဲ့ ကာရိုက် တာကို လုပ်လို့ရမှာပေါ့။ အခုဟာက တော့ ကုမ္ပဏီကလာတဲ့ ကာရိုက်တာ တစ်ခု၊ ဒါရိုက်တာက စဉ်းစားထားတဲ့ ကာရိုက်တာတစ်ခုကို ကိုယ်တွေက ဝန်းရံပြီးတော့ စီးမျောပေးရတဲ့ အ ကောင်းဆုံး သရုပ်ဖော်ပေးရတဲ့ ပုံစံနဲ့တော့ လုပ်ပေးရတာပေါ့။ ဒါက အခုတော့လည်း အဆင်ပြေပါတယ်။ တအားကြီး ကိုယ်နဲ့လွဲနေတဲ့ ကာရိုက် တာမျိုးကိုတော့ ကျွန်တော်လက်မခံ ဖူးဘူးပေါ့နော်။ ဇာတ်ညွှန်းကိုဖတ်ပြီး တော့မှ ကိုယ်နဲ့လိုက်ဖက်တယ်၊ ကိုယ်နဲ့အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော် လက်ခံဖြစ်ပါတယ်။ အခု လက်ခံဖြစ်နေတဲ့ ဇာတ်လမ်းတွေက တော့ ကိုယ်နဲ့တော့ အဆင်ပြေတယ် ပေါ့နော်။ နောက်ပိုင်းကျတော့လည်း ကိုယ်နဲ့ အဆင်မပြေတာရှိရင်လည်း ရွေးချယ်ပြီး ရိုက်ကူးသွားမှာပါ”လို့ ရဲလေးက ပြောပါတယ်။

ရဲလေးကတော့ လတ်တလော မှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက် ကူးဖြစ်နေသလို အဆိုပိုင်းမှာလည်း ပရိသတ်အတွက် ဖျော်ဖြေမှု၊ တင် ဆက်မှုတွေလုပ်ဖို့ ပြင်ဆင်နေတယ် လို့ သိရပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*