မက္ကဆီကိုရောက် အမ်မာဝတ်ဆန်ရဲ့ ရိုမန့်တစ်အနမ်းအင်တာနက်ပေါ် ဂယက်ရိုက်

မက္ကဆီကိုရောက် အမ်မာဝတ်ဆန်ရဲ့ ရိုမန့်တစ်အနမ်းအင်တာနက်ပေါ် ဂယက်ရိုက်
October 29, 2018 Asian Fame
မက္ကဆီကိုရောက် အမ်မာဝတ်ဆန်ရဲ့ ရိုမန့်တစ်အနမ်းအင်တာနက်ပေါ် ဂယက်ရိုက်

မက္ကဆီကိုနိုင်ငံကို အလည်အပတ်ခရီးရောက်နေတဲ့ ဟယ်ရီ ပေါ်တာ စတားမင်းသမီး အမ်မာဝတ်ဆန်နဲ့ သူ့ချစ်သူရဲ့ လူမြင်ကွင်းက အနမ်း ပုံကအင်တာနက်စာမျက်နှာတွေပေါ် မှာ ဂယက်ရိုက်နေပါတယ်။

လက်ရှိမှာတော့ ဟယ်ရီပေါ်တာမင်းသမီးလေးရဲ့ ချစ်သူကလူ ငယ် လုပ်ငန်းရှင်သူဌေး ဘရန်ဒန်ဝေါလေ့စ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယပတ်ကတည်းက မက္ကဆီကိုနိုင်ငံကိုအလည် အပတ်ခရီးရောက်ရှိလာခဲ့ကြတာပါ။ စားသောက်ဆိုင်တစ်ခုမှာ နှစ် ယောက်အတူထိုင်ပြီး ကော့တေးလ် သောက်နေရာက နှစ်ဦးသဘောတူ အနမ်းတွေ ဖလှယ်ခဲ့ကြတာလို့ ဆိုပါတယ်။ နှစ်ဦးစလုံးက ဘာစကားမှ မပြောဘဲ တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်ပြီး ငြိမ်သက်နေ ရာကနေဒီလိုဖြစ်သွားတာလို့သတင်းတွေက ပြောပါတယ်။ အမ်မာ တစ်ယောက်ဟာပြီးခဲ့တဲ့ဇွန်လကမှ သူ့ချစ်သူဟောင်းကော့ဒ်နဲ့ လမ်းခွဲထား တာလည်း ဖြစ်ပါတယ်။

ပြင်သစ်ဖွား၊ ဗြိတိန်သူ အမ်မာကို ဟယ်ရီပေါ်တာ ဇာတ်ကားမှာ စပြီး ပရိသတ်တွေ ချစ်ခင်နှစ်သက်ခဲ့ကြတာပါ။ အနုပညာဘက်မှာ ထူး ချွန်သလို ပညာရေးအနေနဲ့ကလည်း ပရင်စတန် တက္ကသိုလ်ကဘွဲ့ရပြီး စတန်းဖို့ဒ် တက္ကသိုလ်က အမ်ဘီအေဘွဲ့ကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။

Ref:Dailymail

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*