Heineken Beer
Heineken Beer

ဇာတ်လမ်းတွဲရိုက်တယ်ဆိုပြီး ပရိသတ်အားပေးမှုမရမှာ စိုးရိမ်မိတယ် တိုင်ရွန်

ဇာတ်လမ်းတွဲရိုက်တယ်ဆိုပြီး ပရိသတ်အားပေးမှုမရမှာ စိုးရိမ်မိတယ် တိုင်ရွန်
October 29, 2018 Asian Fame

မော်ဒယ်လ်သရုပ်ဆောင် တိုင်ရွန်ကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ဖြစ်သလို ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းတွဲရိုက် တယ်ဆိုပြီး ပရိသတ်အားပေးမှု မရမှာကိုလည်း တိုင်ရွန်က စိုးရိမ်မိခဲ့ပါသေးတယ်။ ဒါပေမဲ့ MRTV-4 မှာ လက်ရှိ ပြသနေတဲ့ ”မနေ့ကဖြစ် သည် ၂” ဇာတ်လမ်းတွဲမှာတော့ ပရိသတ်တွေက တိုင်ရွန်ကို နှစ်သက်အားပေးကြတာမို့ ပျော်ရွှင် နေတယ်ဆိုတဲ့အကြောင်းကို …

”ဒီဇာတ်ကားထဲမှာ ကျွန်တော် သရုပ်ဆောင် ထားတဲ့ ခန့်ထည်ကာရိုက်တာက အပြင်မှာ ကျွန်တော်ရဲ့ ကာရိုက်တာနဲ့ မတူပါဘူး။ ခန့်ထည်က အမြဲတမ်း ဝမ်းနည်းနေတယ်။ သတ်စရာရှိရင်လည်း သွေးအေးအေးနဲ့၊ ချစရာရှိရင်လည်း သွေးအေးအေးနဲ့ပဲ လုပ်လိုက်တယ်။ ဘာမှ လည်း မစဉ်းစားတဲ့ ကာရိုက်တာပေါ့နော်။ ခန့်ထည် ကာရိုက်တာ ကို ပရိသတ်တွေ အားပေးတဲ့အတွက် ပျော်ရွှင်တယ်။ ကိုယ် သရုပ်ဆောင်ထားတဲ့ ကာရိုက်တာကို ပရိသတ်က အားပေးတော့ ပျော်ရွှင်မိတယ်။ အားလည်းတက်တယ်။ နောက်ထပ် ဘယ် ကာရိုက်တာနဲ့ ပရိသတ်နဲ့ အားပေးမှုကိုရမလဲပေါ့နော်။ အမြဲတမ်း စဉ်းစားတယ်။ အမြဲတမ်းတွေးတောတယ်။ အဲဒီလိုမျိုးနဲ့ပဲ ကျွန်တော့်ရဲ့ အနုပညာကို ရှေ့ဆက်တယ်။ ”မနေ့ကဖြစ်သည် ၂” ထဲမှာလည်း အကောင်းဆုံးကြိုးစားခဲ့တယ်။ ရိုက်ကူးတဲ့ ကာလ မှာလည်း အမှတ်တရတွေတော့ အများကြီးပေါ့။ ပျော်စရာတွေ ကတော့ အများကြီးပေါ့။ အဲဒီအတွက်လည်း အကုန်လုံးကို ကျေးဇူးတင်မိတယ်။ ဇာတ်လမ်းတွဲရိုက်တယ်ဆိုပြီး ပရိသတ်အား ပေးမှု မရမှာစိုးရိမ်မိတယ်။ ဒါပေမဲ့ ပရိသတ်အားပေးမှုရတဲ့ အတွက် တအားကျေနပ်ပါတယ်”လို့ တိုင်ရွန်က ပြောပါတယ်။

တိုင်ရွန်ကတော့ လတ်တလောမှာ ”သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်မြင့်မြတ်တို့နဲ့အတူ ပါဝင်ရိုက် ကူးနေတယ်လို့ သိရပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*