Heineken Beer
Heineken Beer

၂ဝ၁၈ ကြားဖြတ်ရွေး ကောက်ပွဲမှာ ဘယ်လို မဲပေးကြမလဲ ဆွေးနွေးခဲ့ကြတဲ့ Orchid ရေနွေးကြမ်းစကားဝိုင်း

၂ဝ၁၈ ကြားဖြတ်ရွေး ကောက်ပွဲမှာ ဘယ်လို မဲပေးကြမလဲ ဆွေးနွေးခဲ့ကြတဲ့ Orchid ရေနွေးကြမ်းစကားဝိုင်း
October 18, 2018 Asian Fame

‘၂ဝ၁၈ ကြားဖြတ်ရွေးကောက် ပွဲမှာ ဘယ်လိုမဲပေးကြမလဲ’ Orchid ရေနွေးကြမ်းစကားဝိုင်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် NLD ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်၊ ပြည်ခိုင်ဖြိုးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ တ.ဆ.ည ပါတီ ဗဟိုကော်မတီဝင် ဦးခင် မောင်သိန်း၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဇီဝ၊ First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူ၊ Mrs.Golden Land Myanmar 2017 ဒေါ်ရီရီသာ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်မောင်အေးတို့ ပါဝင်ဆွေးနွေးခဲ့ကြပြီး သြိနမအေသမ အဖြစ် ဦးဌေးအောင်က ဆောင်ရွက်ခဲ့သည်။

”၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ မှာ ပြည်သူလူထုအားလုံး ကိုယ့်ရဲ့ တာဝန်အရ ဆန္ဒမဲလာပေးကြဖို့ ကျွန်တော် ပြောချင်ပါ တယ်။ ဆန္ဒမဲပေးတဲ့နေ့ဟာ ကိုယ်က အစိုးရကို နိုင်တဲ့နေ့ပဲလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောဖူးပါတယ်။ အဲဒါလေး ကိုလည်း ဆန္ဒမဲပေးမယ့်သူတွေကို ပြောချင်ပါတယ်” ဟု NLD ဗဟို ပြန် ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က စကားဝိုင်းတွင် ဆွေးနွေးပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒ မဲပေးကြရန် အရေးကြီးသလို ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့်လည်း သမာသမတ်ကျရန် လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ထောက်ပြဆွေးနွေး ခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲ ဆိုင်ရာ အကြောင်းအရာများ၊ အမြင် များကိုလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး စကားဝိုင်းကို နေ့လယ် ၁၂ နာရီခန့်တွင် အဆုံးသတ်ခဲ့သည်။ ကြားဖြတ်ရွေး ကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ ရှိကြောင်း သိရသည်။

စုမွန်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*