ကောင်းကောင်းရဲ့ အဆိုးထဲက အကောင်းက ဘာဖြစ်မလဲ

ကောင်းကောင်းရဲ့ အဆိုးထဲက အကောင်းက ဘာဖြစ်မလဲ
October 18, 2018 Asian Fame

ပရိသတ်ရှေ့မှောက်ဆီ ဂီတအနုပညာကို ကိုယ်ပိုင်ဟန်အပြည့်နဲ့ ကောင်းကောင်းက ရဲဝံ့ စွာချပြခဲ့ပါပြီ။ အဆိုးထဲကအကောင်း တေး စီးရီးက ဘာတွေဖြစ်နေလဲဆိုတာကိုပေါ့။ ပရိုမိုး ရှင်း ပြုလုပ်ခဲ့တဲ့ လှည်းတန်းစင်တာမှာတော့ သူ့ပရိသတ်နဲ့သူ စည်ကားနေခဲ့တာဟာ ကောင်းကောင်းရဲ့ ခေါင်းစဉ်လို အဆိုးထဲကအကောင်းလို့ဆိုရမှာပါ။ သူ့ရဲ့ တတိယ မြောက်တေးအယ်လ်ဘမ်မှာတော့ J.Me၊ နီနီခင်ဇော်နဲ့ စိုင်းစည် တွမ်ခမ်းတို့က Featuring ပါဝင်သီဆိုပေးထားကြပါတယ်။

”ကျွန်တော့်ရဲ့ ဒုတိယအခွေကို အမ်တီဗီမထွက်တော့ဘဲ အခု တတိယအခွေကို စီစဉ်ဖြစ်တာပါ။ အားလုံးလည်း သိတဲ့အတိုင်း ကျွန်တော်က ဒီဘက်ပိုင်းမှာ အခက်အခဲ လေးတွေအနည်းငယ် ရှိခဲ့တော့ ဂီတဘက်မှာ နည်းနည်းကြန့်ကြာ သွားတာမျိုးတွေရှိပါ တယ်။ ဒီအခွေလေးကို ကျွန်တော် စိတ်တိုင်းကျပြီဆိုတော့မှ ပရိသတ်ရှေ့ကို ချပြတာဖြစ်ပါတယ်” လို့ ကောင်းကောင်းက ပြော ပါတယ်။ အခုခေတ်လို စီးပွားရေးကျပ်တည်းနေတဲ့ခေတ်မှာ တေးစီး ရီးခွေ တစ်ခွေထွက်ဖို့ဆိုတာမလွယ်ပါဘူး။ ကုန်ဈေးနှုန်းမြင့်တက်မှုက ကောင်း ကောင်းတို့အဆိုတော်တွေအပေါ် သက်ရောက်မှုရှိမလား လို့ဆိုတော့…

”အများကြီးရှိတာပေါ့။ ကျွန်တော်ဆို ဒီအခွေကို စီစဉ်တာ သိန်း ၂ဝဝ နီးပါးလောက်ကုန်တယ်။ ဒါပေမဲ့ ပြန်ရဖို့က မလွယ်ဘူး လေ။ ကျွန်တော့် သီချင်းလေးတွေ ပရိသတ်နားထောင်လို့ ခံစားမှု တစ်ခုခု ရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ” လို့ ကောင်းကောင်းက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*