သီချင်းတွေကို ကိုယ်တိုင်ရေးပြီးသီဆိုနေတဲ့ အဆိုတော် မေမဒီ

သီချင်းတွေကို ကိုယ်တိုင်ရေးပြီးသီဆိုနေတဲ့ အဆိုတော် မေမဒီ
October 17, 2018 Asian Fame Media
သီချင်းတွေကို ကိုယ်တိုင်ရေးပြီးသီဆိုနေတဲ့ အဆိုတော် မေမဒီ

Myanmar Idol Season – 3 အဆိုပြိုင်ပွဲမှတစ်ဆင့် လူငယ်ပရိသတ် ချစ်ခင်အားပေးမှုကိုရရှိလာတဲ့ အဆိုတော် မေမဒီကတော့ လက်ရှိမှာ ကိုယ်တိုင်ရေး သီချင်းတွေကို ပရိသတ် ရှေ့မှောက်ပို့ဆောင်ပေးနိုင်ဖို့ စတင်သီဆိုနေပြီဖြစ်ပါတယ်။ သီ ချင်းတွေကို ကိုယ်တိုင်ရေးပြီး သီဆိုဖြစ်နေတဲ့အကြောင်းကို အဆိုတော်မေမဒီက အခုလိုပြောပြခဲ့ပါတယ်။

”အခု ညီမသီချင်းလေးတွေ ဆက်တိုက်လုပ်ဖြစ်နေပါတယ်။ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေကိုဆရာတွေနဲ့ တိုင်ပင်ပြီးတော့ ဆက်လုပ်ဖြစ်ပါတယ်။ ကိုယ်တိုင်ရေးတဲ့ သီချင်းတွေကတော့ ညီမကကိုယ် Mood လာတဲ့ ပုံစံပဲပေါ့နော်။ ကိုယ့်ရဲ့ခံစားမှု အတိုင်း အချစ်ရော အမုန်းရော ရသအစုံပေါ့။ နောက်ပြီးတော့ ညီမတို့ Myanmar Idol Season – 3 က မိန်းကလေး ခြောက်ယောက်ပေါ့။ ချမ်းမြေ့မောင်ချို၊ Nilen၊ နော် ဂျက်စ်၊ ငွေစင်လှိုင်း၊ နန်းရွှေရည်တို့နဲ့ အတူ Cover Song တစ်ပုဒ်လုပ်နေပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မေမဒီက အရင်ကစစ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ ဖူးတာကြောင့် သရုပ်ဆောင်အလုပ်နဲ့လည်း ရင်းနှီးပြီးသား သူတစ်ဦးပါ။ ဒါပေမဲ့ အနုပညာလောကထဲ တကယ်တမ်း ရောက်လာတာက အဆိုပိုင်းနဲ့ရောက်လာတာမို့ အဆိုပိုင်း ကိုပဲ ဦးစားပေးလုပ်ကိုင်သွားမှာဖြစ်ပြီး မက်ဖူးတဲ့ အနု ပညာအိပ်မက်ကလည်း အဆိုတော်ပါလို့ မေမဒီက ပြောပြ သွားခဲ့ပါတယ်။

 

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*