ရော့ခ်တစ္ဆေ တေးစီးရီး နှစ် ၃ဝ ပြည့် အမှတ်တရပွဲတွင် ဇော်ဝင်းထွဋ်၏ မီနီအယ်လ်ဘမ်အသစ် စတင်ဖြန့်ချိမည်

ရော့ခ်တစ္ဆေ တေးစီးရီး နှစ် ၃ဝ ပြည့် အမှတ်တရပွဲတွင် ဇော်ဝင်းထွဋ်၏ မီနီအယ်လ်ဘမ်အသစ် စတင်ဖြန့်ချိမည်
October 11, 2018 Asian Fame Media
ရော့ခ်တစ္ဆေ တေးစီးရီး နှစ် ၃ဝ ပြည့် အမှတ်တရပွဲတွင် ဇော်ဝင်းထွဋ်၏ မီနီအယ်လ်ဘမ်အသစ် စတင်ဖြန့်ချိမည်

မန္တလေးတွင်ကျင်းပမယ့် ရော့ခ် တစ္ဆေတစ်ကိုယ်တော်တေးစီးရီး အနှစ် ၃ဝ ပြည့်အမှတ်တရ “Ghost Of Rock N’ Roll” Rock Show မှာ ‘အဆုံးမရှိများ’ တေးစီးရီးအသစ် မီနီ အယ်လ်ဘမ်ကို စပြီးဖြန့်ချိမည်ဟု အဆိုတော်ဇော်ဝင်းထွဋ်ကပြော သည်။ တေးစီးရီးအသစ်နဲ့ပတ်သက် ပြီး အဆိုတော်ဇော်ဝင်းထွဋ်က….

”လက်ရွေးစင်တီးထားတာ ၁ဝ ပုဒ်၊ ၁၅ ပုဒ်လောက်ရှိတယ်။ တစ်ခွေလုံးဆိုရင်ကြာနေမှာစိုးလို့ ငါးပုဒ်ဆို တော့ လည်း မြန်မြန် နားထောင်ပြီး မြန်မြန်ရသွားတာ ပေါ့။ ပွဲမှာမြန်မြန် ဆိုလို့ရတယ်သဘောပါ။ သီချင်းတွေ ကတော့တည်တည်တံ့တံ့ လေးတွေပါ မယ်။ အချစ်လည်းပါပါတယ်။ တရား သဘောပါတာလေးတွေလည်းပါ တယ်။ သီချင်းခွေ Title ကို အဆုံး မရှိများလို့ ပေးထားပါတယ်”လို့ပြော သည်။

မြန်မာပြည် ရော့ခ်ဂီတလောက ရဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့သည့် အဆို တော်ဇော်ဝင်းထွဋ်၏ ရော့ခ်တစ္ဆေ တစ်ကိုယ်တော်တေးစီးရီးနှစ် ၃ဝ ပြည့်အမှတ်တရအကြို “Ghost Of Rock N’ Roll” Rock Show ပွဲကြီး ကိုအောက်တိုဘာလ ၂၃ ရက်ညတွင် မန္တလေးမြို့လမ်း ၃ဝ၊ ၅၂ လမ်းနှင့် ၅၃ လမ်းကြားရှိ မဟာစားသောက် ဆိုင်ကွင်းပြင်၌ Taxas Enter-taiment က စီစဉ်ကျင်းပမည်ဖြစ် သည်။

ရော့ခ်တစ္ဆေ Rock Show တွင် သီချင်း ၂၅ ပုဒ်ခန့် သီဆိုရန် ပြင်ဆင်ထားကြောင်း ဇော်ဝင်းထွဋ် က ဆိုသည်။

Ghost Of Rock N’ Roll” Rock Show တွင်ဇော်ဝင်းထွဋ်နှင့် အတူ ရင်ဂို၊ ငွေစိုး၊စိုင်းလေး၊ LE GA စသည့် အဆိုတော်များက သီဆိုဖျော် ဖြေမည်ဖြစ်ပြီး Emperor Music Band အပါအဝင် Music Brand ၅ ခုခန့်က တီးခတ်ဖျော်ဖြေကြမည် ဖြစ် ပါသည်။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*