တောနက်ကြီးထဲမှာ ထောင်ချောက်မိခဲ့တဲ့လ တောနက်ကြီးထဲမှာ ထောင်ချောက်မိခဲ့တဲ့နန်းခင်ဇေယျာ

တောနက်ကြီးထဲမှာ ထောင်ချောက်မိခဲ့တဲ့လ တောနက်ကြီးထဲမှာ ထောင်ချောက်မိခဲ့တဲ့နန်းခင်ဇေယျာ
October 11, 2018 Asian Fame Media

အလှမယ်တစ်ဦးအဖြစ် အနု ပညာလောကကို ဝင်ရောက်လာခဲ့တဲ့ နန်းခင်ဇေယျာကတော့ လက်ရှိမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင် ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင် နေပြီဖြစ်ပါတယ်။ သူကတော့ လက် ရှိမှာ ရုံတင်ပြသလျက်ရှိတဲ့ ‘တည် ကြက်’ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါ ဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ် ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် မှုနဲ့ပတ်သက်ပြီး …

”ဒီဇာတ်ကားကို လာပြီး ကမ်း လှမ်းကတည်းက မင်းသမီးတစ် ယောက်စီမှာ ကာရိုက်တာတစ်ခုစီ ရှိတယ်၊ ပင်ပန်းမယ် လုပ်နိုင်လား မေးပါတယ်။ ပြီးတော့ တောတွင်းမှာ ရိုက်တယ်ဆိုပေမယ့် နန်းခင် အဝတ် အစားအနီတွေ ဝတ်ရတယ်။ ဒါရိုက် တာက ဇာတ်ကားတစ်ကားလုံး အနီ ဝတ်ရမယ်ဆိုတော့ နန်းခင်လည်း ဝတ်လိုက်တာပါ။ ရိုက်တုန်းကလည်း တစ်ဖွဲ့သားလုံး တောနက်ထဲကို ဝင်ရ တယ်။ ကိုယ့်အထုပ်ကိုယ် သယ်ပြီး လမ်းလျှောက်ရတယ်။ နေကလည်း တအားပူတယ်။ နေလောင်ဒဏ်တွေ လည်း ခံခဲ့ရပါတယ်။ ပြန်ကြည့်လိုက် တဲ့အချိန်မှာလည်း ကျေနပ်အားရမှုရှိ ပါတယ်။ ကိုယ့်ရဲ့ သရုပ်ဆောင်မှု နဲ့ပတ်သက်ပြီးတော့ ကိုယ်အကောင်း ဆုံး ကြိုးစားထားပါတယ်။ ဒါပေမဲ့ ဒီထက်ပိုကောင်းအောင် သရုပ် ဆောင်နိုင်ရင်တော့ ပိုကောင်းတာ ပေါ့နော်။ နန်းခင်တို့ တစ်ဖွဲ့သားလုံး ပင်ပင်ပန်းပန်းနဲ့ ကြိုးစားထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အလုပ်အတူ လုပ်ကိုင်ကြတဲ့အခါ သစ္စာဖောက်တွေ လည်း ရှိကောင်းရှိနိုင်တယ်။ အဲဒါ ကတော့ ဒီဇာတ်ကားရဲ့ အဓိက Message ပေါ့”လို့ ပြောပြခဲ့ပါ တယ်။

‘တည်ကြက်’ ရုပ်ရှင်ဇာတ်ကား မှာ ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုအကြောင်းကို လည်း နန်းခင်ဇေယျာက …

”နန်းခင် ထောင်ချောက်မိတဲ့ အခန်းကတော့ တော်တော်လေး ပင် ပန်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ လူ ကို ဇောက်ထိုး လှန်ထားတာလေ။ အဲဒီအခန်းအတွက် အစမ်းလေ့ကျင့် တာလည်း အများကြီးလုပ်တယ်။ ဒါ ရိုက်တာကလည်း မေးပါတယ်။ နင် လုပ်နိုင်မလား မလုပ်နိုင်ဘူးလားပေါ့။ ကိုယ်ကလည်း လုပ်ကြည့်မယ်ပေါ့။ ကိုယ့်ခြေထောက်ကို ဆွဲပြီး အပေါ် တင်လိုက်တဲ့အခန်း ရိုက်ကူးပြီးရင် နန်းခင် နည်းနည်းလေး နားလိုက်ရတယ်။ မျက်လုံးကို သွေးတွေ ဝင်လာတယ်။ ရွှေသမီးတို့ဆို စိုးရိမ်ခဲ့တာရှိတယ်။ ဒါပေမဲ့လည်း ပီပြင်ခဲ့တဲ့အတွက် နန်း ခင်ဝမ်းသာပါတယ်။ တခြားမင်းသမီး တွေလည်း အနာတရတွေ ဖြစ်ခဲ့ကြ တယ်”လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*