အနုပညာသမားဆိုတာ အောင်မြင်မှုရှိသလို ကျရှုံးမှုလည်းရှိပါတယ် သရုပ်ဆောင် နေမျိုးအောင်

အနုပညာသမားဆိုတာ အောင်မြင်မှုရှိသလို ကျရှုံးမှုလည်းရှိပါတယ် သရုပ်ဆောင် နေမျိုးအောင်
October 11, 2018 Asian Fame Media
အနုပညာသမားဆိုတာ အောင်မြင်မှုရှိသလို ကျရှုံးမှုလည်းရှိပါတယ် သရုပ်ဆောင် နေမျိုးအောင်


ဆယ်စုနှစ်တစ်ခုကျော် အနု ပညာအလုပ်တွေ လုပ်ကိုင်လာတဲ့ သရုပ်ဆောင် နေမျိုးအောင်ကတော့ လက်ရှိမှာလည်း ပရိသတ်ချစ်အား ပေးမှုနဲ့အတူ အနုပညာအလုပ်တွေ လုပ်နေဆဲပါပဲ။ သူကတော့လက်ရှိမှာ ရုံတင်ပြသလျက်ရှိတဲ့ ‘တည်ကြက်’ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ သူ့ရဲ့ ပါဝင်သရုပ် ဆောင်မှုနဲ့ပတ်သက်ပြီး နေမျိုး အောင်က အခုလို ပြောပြခဲ့ပါတယ်။

”အစ်ကို့ ဇာတ်ဝင်ခန်း နည်း တယ်ဆိုပေမယ့် ကိုယ်ကြိုက်လို့ လက် ခံလိုက်တဲ့အတွက် ကိုယ်ပါတဲ့ အခန်း တွေကို တာဝန်ကျေချင်တယ်။ အ ကောင်းဆုံးဖြစ်အောင် ကြိုးစားချင် တယ်။ အဲဒါကတော့ အစ်ကို့စိတ်ပေါ့ နော်။ ကိုယ်ပါလိုက်တဲ့ အခန်းတွေ ဟာ ဇာတ်ပို့တစ်ယောက်အနေနဲ့ ဒီ ဇာတ်ကားအတွက် ပြည့်စုံသွားစေ မယ့်ဟာပေါ့နော်။ ပြည့်စုံသွားအောင် လည်း ကိုယ့်ရဲ့ ရှာထားတဲ့ အနုပညာ ဝမ်းစာထဲကနေ ထုတ်သုံးရတာပေါ့။ အဝတ်အစားပြင်ဆင်မှုကတော့ ပြောက်ကျားကြီးနဲ့ဆိုတော့ အစ်ကို တစ်ယောက်တည်း တောက်တဲ့ကြီး လို ဖြစ်နေတာပေါ့။ ရတနာသိုက် နောက်ကနေ လိုက်တဲ့သူဆိုတော့ အစ်ကိုကလည်း ခွဲထွက်ချင်တယ်။ ပြောက်ကျားအင်္ကျီနဲ့ အပေါ်က ဗီယက်နမ်ကုတ် ဝတ်မယ်ဆိုပြီး ဝတ် လိုက်တာပါ”လို့ ပြောပြခဲ့ပါတယ်။

သူကတော့ အနုပညာအလုပ် တွေအပြင် ပုပ္ပားမှာ နေမင်းသား ဟို တယ်၊ နဂါးမောက်ခြံစတဲ့ စီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖြစ်တဲ့အကြောင်းကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ …

”အစ်ကိုတို့ အနုပညာသမား ဆိုတာကတော့ ပုံသေကားကျ တွက် ထားလို့ မရဘူးလေ။ အောင်မြင်မှု ရှိသလို ကျရှုံးမှုဆိုတာလည်း ရှိတယ်။ အဲဒီလိုမျိုး ကျရှုံးသွားတဲ့အချိန်ကျရင် ဘယ်လိုကာကွယ်မလဲ ဘယ်လိုထိန်း သိမ်းမလဲ။ သားနှစ်ယောက်ကလည်း ရှိသေးတယ်လေ။ ဒါကလည်းအစ်ကို့ ရဲ့ အနုပညာကို အားပေးနေတဲ့ ပရိ သတ်ကြီးက ပေးထားတဲ့သန့်သန့်ရှင်း ရှင်းဝင်ငွေနဲ့လုပ်ခဲ့တာပါ။ အဲဒါ ကြောင့် လည်း အစ်ကို့ကို ချစ်တဲ့ ပရိ သတ်ကို အစ်ကို တအားချစ်ပါတယ်” လို့ နေမျိုးအောင်က ပြောပြခဲ့ပါ တယ်။

သတင်း

၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*