အွန်လိုင်းမှာ Single Song MTV တွေတင်ဖို့ စီစဉ်နေတဲ့ အဆိုတော် ဇော်ကြီး (Myanmar Idol)

အွန်လိုင်းမှာ Single Song MTV တွေတင်ဖို့ စီစဉ်နေတဲ့ အဆိုတော် ဇော်ကြီး (Myanmar Idol)
October 11, 2018 Asian Fame Media


Myanmar Idol Season – 3 မှာ Top 3 ထိတက်ရောက်နိုင်ခဲ့တဲ့ အဆိုတော်ဇော်ကြီးဟာ ပြိုင်ပွဲ ဝင်စဉ်ကာလကတည်းက ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကိုရရှိထားသူပါ။ သူကတော့ လက်ရှိမှာ တစ်ကိုယ်တော် တေးစီးရီးအတွက်စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။ တစ်ကိုယ်တော်တေးစီးရီး မထွက်မီအားပေးကြတဲ့ ပရိ သတ်တွေအတွက် အွန်လိုင်းမှတစ်ဆင့် Single Song တွေ တင်ပေးသွားမယ့်အကြောင်းကိုလည်း အဆိုတော် ဇော်ကြီးကအခုလိုပြောပြခဲ့ပါတယ်။

“Myanmar Idol က ပရိသတ်တွေအားပေးခဲ့ကြလို့ အနုပညာအလုပ်လုပ်တဲ့ အခါကြိုးစားရတာလည်း တအားလည်းအားရှိတယ်။ ကြိုးစားလို့လည်းကောင်းတယ်။ အခုကျွန်တော်သီချင်းလေးတွေလုပ်နေပါပြီ။ မကြာခင်မှာလည်း သီချင်းလေးတွေ အွန်လိုင်းမှာတင်ပေးသွားဖို့ရှိပါတယ်။ သိပ်တော့ မကြာတော့ပါဘူး။ MTV ပါ တစ်ခါ တည်းတင်ဖို့ လုပ်ထားပါတယ်။ စုံတွဲ လေးလည်းလုပ်ထားပါတယ်။ ဘယ်သူနဲ့ဆိုတာတော့ ထွက်လာမှပဲ ကြည့်ကြပါ။ လောလောဆယ်တော့ အေးအေးလေးတွေ၊ ချိုချိုလေးတွေလုပ်ဖြစ်နေပါတယ်။ ကျွန်တော်ကြိုက် တာကတော့ Rock သီ ချင်းတွေဆိုရတာကြိုက်တာပေါ့။ တေးစီးရီးခွေထွက်လာတဲ့အခါတော့ Rock သီချင်းတွေ များပါလိမ့်မယ်”လို့ ပြောပြခဲ့ပါတယ်။

နယ်ကလာပြီး အနုပညာအလုပ်တွေလုပ်ရတဲ့ အနုပညာသမား တစ်ယောက်အတွက်ကတော့ အခက်အခဲ ဆို တာရှိစမြဲပါ။ အနုပညာအလုပ်တွေလုပ်တဲ့အခါ အခက်အခဲတွေရှိနေပေမယ့်လည်း ဆရာတွေအသိမိတ်ဆွေတွေက အကြံဥာဏ်ပေးကြပါတယ်လို့ ပြောလာတဲ့ အဆို တော်ဇော်ကြီးက . . .

“အနုပညာအလုပ်လုပ်တော့မယ်ဆိုတော့ နည်းနည်းခက်ခဲ တဲ့အပိုင်းတွေတော့ရှိတာပေါ့။ ဒီလောကထဲမှာ ကျွန်တော့်ရဲ့ ဆရာသမားတွေ အသိမိတ်ဆွေတွေတော့ရှိတာပေါ့။ ဘယ် လိုလုပ်ရမယ်ဆိုတာတွေသူတို့ဆီကပဲ အကြံဥာဏ်တွေရ တယ်။ သင်ပေးကြပါတယ်။ ဒီလောကထဲမှာ အဆက် အသွယ်တော့မရှိပါဘူး။ ပြိုင်ပွဲကတည်းက အားပေး လာ တဲ့ပရိသတ်တွေကိုလည်းဆက်ပြီးအားပေးစေ ချင်ပါ တယ်။ ကျွန်တော်လည်း အကောင်းဆုံးဖြစ် အောင်ကြိုးစားနေပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*