Heineken Beer
Heineken Beer

ဇာတ်ကားသစ်အတွက်ကြိုတင်ပြင်ဆင်နေတဲ့မင်းသမီးHan Ji Min

ဇာတ်ကားသစ်အတွက်ကြိုတင်ပြင်ဆင်နေတဲ့မင်းသမီးHan Ji Min
October 9, 2018 Asian Fame Media

မင်းသမီး Han Ji Min က ဆေးလိပ်သမားခဏဖြစ်သွားခဲ့ပါ တယ်။ သူ့ရဲ့ ပုံမှန်ပါဝင်နေကျ ချစ်စရာ ကောင်းတဲ့ကာရိုက်တာမျိုးမဟုတ်ဘဲ ကာရိုက်တာအသစ်ကို Miss Baek ဇာတ်ကားမှာ တွေ့မြင်ရမှာပါ။

မင်းသမီး Han Ji Min ဟာ သူ့ရဲ့ကာရိုက်တာအတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ အင်တာဗျူးတစ်ခုမှာ သူဟာ သူ့ရဲ့ လေ့ကျင့်မှုတွေကို ပြောပြခဲ့ပါ တယ်။ ပုံမှန်ဆိုဆေးလိပ်သမား တစ်ယောက်မဟုတ် ပေမယ့် ကာရိုက်တာအတွက်လိုအပ်တာမို့ ဆေးလိပ်သောက်နည်းကို လေ့ကျင့်ခဲ့သလို ဆေးလိပ်အစုံ သောက်ခဲ့တယ်လို့ သိရပါတယ်။ ဆေးလိပ်သောက်တဲ့ အခန်းက ၅ မိနစ်လောက်ပဲ ပါမှာကို သူဟာ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကို ခံစားချက်အစစ်အမှန်တွေပဲ ပေးချင် လို့ အခုလို လေ့ကျင့်နေတာလို့ ပြောပြခဲ့ပါတယ်။

Miss Baek ဇာတ်ကားမှာ ပါဝင်မယ့် ကာရိုက်တာက မင်းသမီး အတွက် စွန့်စားမှုတစ်ခုပါ။ သူဟာအမြဲသရုပ်ဆောင်နေရတဲ့ပုံစံတွေကို ရိုးအီ လာ တာမို့ကာရိုက်တာအသစ်ကို လက်ခံခဲ့တာလို့ သိရပါတယ်။

Miss Baek ဇာတ်ကားကို အောက်တိုဘာ ၁၁ ရက်နေ့မှာ ရုပ် ရှင်ရုံတွေမှာ စတင်ပြသတော့မှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*