ရုပ်သံ စီးရီးရိုက်ကူးဦးမယ့်ဒါရိုက်တာခရစ္စတီးနားခီ

ရုပ်သံ စီးရီးရိုက်ကူးဦးမယ့်ဒါရိုက်တာခရစ္စတီးနားခီ
October 5, 2018 Asian Fame Media

ခရစ္စတီးနားခီက သူ့ရဲ့ Central Base Production ကနေ ရိုက်ကူးမယ့် Now & Ever ရုပ်ရှင်ဇာတ်ကားအတွက် အလုပ် တွေ ရှုပ်နေသလို သရုပ်ဆောင်တွေကို လည်း ရွေးချယ်နေပါတယ်။ သရုပ် ဆောင် ရွေးချယ်တာကတော့ နောက် ထပ် ဆက်လက်လုပ်သွားမယ့် ရုပ် ရှင်ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်း တွဲတွေ ရိုက်ကူးမှုအတွက်ပါ ပါဝင် နေတယ်လို့ ခရစ္စတီ နားခီကပြောပါ တယ်။ အခု ရိုက်ကူးဖြစ်မယ့် Now & Ever ရုပ် ရှင်ဇာတ်ကားကတော့ သူ့အတွက် တတိယမြောက် ရိုက်ကူး ဖြစ်လာမယ့် ရုပ်ရှင်ဇာတ်ကား ကြီးလည်း ဖြစ်ပါတယ်။ Now & Ever ရုပ်ရှင်ဇာတ် ကားရဲ့ ဇာတ် ညွှန်းပိုင်းကိုတော့ သူ့ရဲ့ ခင်ပွန်း ဖြစ်သူဇဏ်ခီက ရေးသား ပေးနေတာ ဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူ ဇဏ်ခီ ရေးသားပေးနေတာက Now & Ever နဲ့ သီတာလို့ အမည် ပေးထားတဲ့ ဇာတ်လမ်းနှစ်ခုဖြစ် ပေ မယ့်လည်း ခရစ္စတီးနားခီ တို့ကတော့ Now & Ever ကို အရင်ဆုံး ရွေးချယ် ဖြစ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆို တော့…

”သီတာ ဇာတ်လမ်းလေးက လည်း တအားကောင်းသလို တအား လည်း တာဝန်ကြီးပါတယ်။ ပထမ တုန်းက သီတာကို အစ်မ အရင်ရွေး ဖြစ်ခဲ့တယ်။ ဆုံးဖြတ်ချက်ချလိုက် သေးတယ်။ အဲဒီအချိန် ကိုဇဏ်ကို ပြောပြခဲ့တယ်။ အဲဒီအချိန်မှာ ကိုဇဏ်ကလည်း အစ်မကိုပြောတယ်။ သီတာအတွက် တောက်လျှောက်ပြင် ဆင်မှုတွေ လုပ်သွားကြတော့မလား ပေါ့။ သူက အကြံပေးနေတဲ့ အချိန် မှာပဲ ရုပ်သံစီးရီးတစ်ခု ရိုက်ကူး ပေးဖို့ ကိစ္စဝင်လာတယ်။ အဲဒီတော့ အစ်မတို့ ဆုံးဖြတ်ချက်ကို ပြန်ပြင် တယ်။ Now & Ever ကို အရင် ရိုက်ကူးမယ်။ ပြီးရင် ရုပ်သံစီးရီး ရိုက်ကူးမယ်။ ပြီးတော့မှ သီတာ ကို ရိုက်ကူးမယ် ဆိုပြီးတော့ ဆုံးဖြတ် ချက်ချခဲ့ကြတယ်။ အဲဒါကြောင့် Now & Ever ကို အရင်ရိုက်ကူးဖို့ ဆုံး ဖြတ်ခဲ့ကြတယ်” လို့ ခရစ္စတီး နားခီက ပြောပြပေးတယ်။

ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံ နှစ်ယောက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ဖွင့်ပွဲပြုလုပ်ခဲ့တဲ့ ၂၇ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်ကို အထူးဧည့်သည်တော်တွေ အနေနဲ့ တက်ရောက်ခဲ့ကြသေးတယ်။ ခရစ္စ တီးနားခီကတော့ အခုလို ရုပ်ရှင်ပွဲ တော်တွေမှာ ရုပ်ရှင်အရသာ ခံစားရ တာကို နှစ်သက်တယ်လို့ ဆိုပြီး သူတို့နိုင်ငံတွေမှာ ဆင်ဆာမရှိတဲ့ အတွက် အနုပညာပုံဖော်ရာမှာ လွတ်လပ်နေကြောင်း၊ သူတို့နိုင်ငံ တွေမှာ Rating တွေနဲ့သာ သွား နေကြတာကို တွေ့ပြီး ကိုယ့်နိုင်ငံမှာ တော့ဆင်ဆာဆိုတဲ့ အကြောင်း အရာထဲမှာ တစ်ခုခုနဲ့ ငြိမှာကို ကြောက်နေကြရပြီး ဘာကိုမှ မရိုက် ကူးရဲလောက်အောင် ဖြစ်နေကြရတဲ့ ပုံစံ မျိုးရှိနေတယ်လို့ ပြောပြတယ်။

”သူတို့ကိုကြည့်ရတာ တအားကို လွတ် လပ်တယ်။ သူတို့နိုင်ငံ ကဇာတ် ကားလေး တွေက လူမှုအသိုင်း အ ဝိုင်းမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ရဲရဲဝံ့ဝံ့နဲ့ မီးမောင်း ထိုးပြရဲတယ်။ ပွင့် ပွင့်လင်းလင်း ရိုက် ကူး ပြသကြတယ်။ ပရိသတ်က အားပေး တယ်ဆိုရင် အောင်မြင် လာတာပဲ။ အစ်မတို့ တွေကတော့ ဟိုဟာ မလုပ်ရဒီဟာမလုပ်ရ အသိုင်း အဝိုင်းအတွင်း မှာ နေခဲ့ရ တာ များတော့ အစ်မတို့တွေရဲ့ စဉ်းစား နိုင်မှု ဦးနှောက် တွေဟာ သူတို့ လောက် မထွက်လာ တာ ကိုတွေ့ရ တယ်။ ဖြစ် နိုင်ရင်တော့ အနု ပညာ သမားတစ်ယောက်ကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးလိုက်တာက အကောင်းဆုံးလို့ ထင်ပါတယ်” လို့ သူ့ရဲ့တစ်ဦး တစ်ယောက်တည်းအမြင်ကို မှတ် ချက် ပြုဆိုခဲ့တယ်။

Now & Ever ရုပ်ရှင်ဇာတ် ကားဟာ အချစ်ရိုမန့်ကို အခြေခံတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုဖြစ် လာမှာ ဖြစ်ပြီး မျက်နှာသစ် သရုပ် ဆောင်တွေကိုလည်း ပရိသတ်တွေ မြင်တွေ့ခွင့် ရလာမယ့် ရုပ်ရှင်ဇာတ် ကားတစ်ကားလည်း ဖြစ်လာမှာဖြစ် ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*