အလှအပအတွက် ခွဲစိတ်ပြုပြင်တာ၊ဆေးထိုးတာမျိုးတွေကို လုပ်ရမှာကြောက်တဲ့မေသဉ္ဇာဦး

အလှအပအတွက် ခွဲစိတ်ပြုပြင်တာ၊ဆေးထိုးတာမျိုးတွေကို လုပ်ရမှာကြောက်တဲ့မေသဉ္ဇာဦး
October 5, 2018 Asian Fame Media


သရုပ်ဆောင်မေသဉ္ဇာဦးက အသက် ၄၉ နှစ်အရွယ်ကို ရောက်ရှိလာပေမယ့်လည်း နုပျိုလှပ နေဆဲပါပဲ။ ဒီဘက်ခေတ် ရောက်လာတဲ့အချိန်မှာ တော့ သူနဲ့အရွယ်တူ မင်းသား၊ မင်းသမီးတချို့ လည်း ခွဲစိတ်ပြုပြင်တာမျိုး၊ အသားအရေတင်းရင်း လှပအောင် ဆေးထိုးတာမျိုးတွေ ပြုလုပ်ကာ အလှအပကို ထိန်းသိမ်းစောင့်ရှောက်တတ်ကြပါတယ်။ ဒီလို ပြုလုပ်တာမျိုးတွေကို ကြောက်တဲ့ အတွက် မလုပ်ဖြစ်ဘူးလို့ဆိုတဲ့ မေသဉ္ဇာဦးက…

”အပေါ်က လိမ်းဆိုလိမ်းမယ်။ ဆေးလေး တွေထည့်ဆို ထည့်မယ်။ မျက်နှာကြီးကို ဆေးထိုး ထည့်မှာတွေဆို မလုပ်ဘူး။ ကြောက်လို့လေ။ ကိုယ့်ဘာသာကိုယ်က အကောင်း။ တော်ကြာ လုပ်လိုက်တော့မှ ရွဲ့စောင်းသွားမယ်လို့ ကိုယ်အမြဲပြောဖြစ် တယ်။ ငါ့ကိုယ်ငါ အမေမွေးတုန်းက အကောင်းလေးလို့ ရယ်ပြ တော့မှ တစ်ခြမ်းစောင်းနေမှာ အဲဒါကို အရမ်းကြောက်တာ။ ကိုယ့်ဘဝက ဘယ်လိုပါလာမယ်မှန်း မသိဘူးလေ။ ဒီအတိုင်းသာ အကောင်း။ ဒါတွေမလုပ်လည်း တီဇာကြီးမှာ ဖြစ်ဖို့ကံပါလာရင် လဲတာဖြစ်ဖြစ်၊ အက်ဆီးဒင့်ဖြစ်ပြီး ရွဲ့တာဖြစ်ဖြစ် ဖြစ်မှာပဲလေ။ မလုပ်ဘဲ ဆင်ခြင်ထားလိုက်တာ အေးပါတယ်” လို့ ပြောပါတယ်။

မေသဉ္ဇာဦးက ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ အနုပညာလှုပ်ရှားမှု ပုံရိပ်တွေ၊ သူ့ရဲ့ပျော်ရွှင်စရာပုံရိပ်တွေကို မိတ်ဆွေသူငယ်ချင်း တွေဆီ အပျော်တွေကူးစက်အောင် တင်လေ့ရှိပြီး မကောင်း တာမျိုးတွေ၊ ဝမ်းနည်းစရာကိစ္စမျိုးတွေကိုတော့ သူတစ်ပါး စိတ် ညစ်မှာစိုးတဲ့အတွက် မတင်ဖြစ်ဘူးလို့ ဆိုပါတယ်။ ဖေ့စ်ဘွတ်ခ် အကောင့်ကို ဟက်ပြီး ပိုက်ဆံတောင်းတာမျိုးတွေ ကြုံခဲ့ရဖူးတယ် လို့ဆိုတဲ့ မေသဉ္ဇာဦးက.,..

”ကိုယ့်အကောင့်ဟက်သွားတဲ့အတွက် လုပ်တဲ့လူကို တော် တော်လည်း မုန်းတယ်။ ဒေါသလည်း ထွက်တယ်။ ပိုက်ဆံပါ တောင်းတယ်ဆိုတော့ ပိုပြီး မုန်းသွားတာပေါ့။ တော်ပြီ မသုံး တော့ဘူးဆိုတဲ့ စိတ်လည်း ဖြစ်သွားတယ်။ ပြန်မယူဖြစ်ဘူး။ သူလို ချင်လို့ ယူတာယူပါစေလေ။ ဒါဟာ သူခိုးပဲဆိုတာ သိသာတာပဲ။ ခိုးပြီးတော့ ငွေထပ်တောင်းတယ်ဆိုတော့ အောက်တန်းကျသွားပြီ ပေါ့။ ဒါဟာ မကောင်းတဲ့အလုပ်ဆိုတာ သိစေချင်တယ်” လို့ ပြောပါတယ်။

မေသဉ္ဇာဦးက လတ်တလောမှာ ဒါရိုက်တာ သြရသ ရိုက်ကူးတဲ့ ‘သစ္စာချည်တိုင်’ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ထားပါတယ်။

ခိုင်ဝေလွင် ၊

ဓာတ်ပုံ- ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*