လူငယ်အဆိုတော်တွေ ပါဝင်အားဖြည့်သီဆိုမယ့် အေဝမ်းတင်တင်လှရဲ့ ရွှေရတု အလွန်ဂီတ သံစဉ်ည ဖျော်ဖြေပွဲ

လူငယ်အဆိုတော်တွေ ပါဝင်အားဖြည့်သီဆိုမယ့် အေဝမ်းတင်တင်လှရဲ့ ရွှေရတု အလွန်ဂီတ သံစဉ်ည ဖျော်ဖြေပွဲ
October 4, 2018 Asian Fame Media

အေဝမ်းတင်တင်လှရဲ့ ရွှေရတု အလွန် ဂီတသံစဉ်ညဖျော်ဖြေပွဲကြီးကို လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့ ည ၆ နာရီမှာ ရန်ကုန်မြို့ရှိ International Business Center (IBC) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး လူငယ်တေးသံရှင်တွေဖြစ်တဲ့ ဖြိုးပြည့်စုံ၊ အောင်ထက်၊ နောင်ရဲထွဋ်၊ ရဲထိုက်၊ စန္ဒရားတင်ကိုကို၊ မီမီဝင်း ဖေ၊ ကော်နီ၊ ချောစုခင်၊ သဲနုဝါနဲ့ မေ သက်ထားဆွေတို့လည်း ပါဝင်သီဆို သွားကြမှာ ဖြစ်ပါတယ်။

”သီချင်းဆိုဖို့ လျာထားတာက တော့ အန်တီ့အနေနဲ့ကတော့ ၆ ပုဒ် လောက်ဆိုမယ်။ ကျန်တဲ့နာမည် ကျော် အဆိုတော် လူငယ်လေးတွေက လည်း အဘွားကြီးဖြစ်တဲ့ ကျွန်မတို့ကို အားပေးတယ်ဆိုတော့ သူတို့ရဲ့ စေ တနာ မေတ္တာကို ကျေးဇူးတင်မိတယ်။ သူတို့တွေ လာရောက်သီဆိုပေးမယ် ဆိုတော့ တအားကို ဝမ်းသာပြီး အား ရမိသွားတယ်။ အခုခေတ်ကလေးတွေ က တအားတော်ကြတယ်လေ”လို့ ပွဲနဲ့ပတ်သက်ပြီး အေဝမ်းတင်တင်လှ က ပြောပြပေးပါတယ်။

ရွှေရတုအလွန် ဂီတသံစဉ်ည ဖျော်ဖြေပွဲကြီးကို နိုင်ငံကျော်စာရေး ဆရာမ ဂျူးနဲ့ ဒေါက်တာနီလာသိန်း တို့က စီစဉ်ပြုလုပ်တာဖြစ်ပြီး လက် မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၅ သောင်း၊ ၃ သောင်း နဲ့ ၂ သောင်း ကျပ်တို့နဲ့ ရောင်းချပေးသွားမှာ ဖြစ် တယ်လို့ သိရပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*