Heineken Beer
Heineken Beer

၂ဝ၁၈ ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားအဖြစ်ရပ်တည်နေတဲ့ The Great Battle

၂ဝ၁၈ ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားအဖြစ်ရပ်တည်နေတဲ့ The Great Battle
October 2, 2018 Asian Fame Media

The Great Battle ဇာတ်ကား ကတော့ စံချိန်အသစ်တင်နိုင်ခဲ့ပါ တယ်။ Jo in Sung။ Nam Joo Hyuk တို့ ပါဝင်ရိုက်ကူးထားတဲ့ သမိုင်းအက်ရှင် ဇာတ်ကားကို Chuseok Holiday မတိုင်မီ ရုံတင် ပြသခဲ့ပါတယ်။ ၆ ရက်အတွင်းမှာ ကြည့်ရှုသူ ၂ မီလီယံကျော်သွားခဲ့ပါတယ်။

2012 Chuseok Holiday မတိုင်မီရုံတင်ပြသခဲ့တဲ့ျြေဆကနမေိန ဇာတ်ကားရဲ့ စံချိန်ကို The Great Battle ဇာတ်ကားက ချိုးနိုင်ခဲ့ပါ တယ်။

The Great Battle ဇာတ်ကား က ၂ဝ၁၈ရဲ့ နာမည်ကြီး ဇာတ်ကား ၂ ခုဖြစ်တဲ့ “Along with the Gods:The Last 49 Days” နဲ့ “Believer” ဇာတ်ကားများထက် ပိုပြီးဆွဲဆောင်မှုရှိနေပါတယ်။ မင်း သား Jo In Sung က ကြည့်ရှုသူတွေကိုအခုလို ကျေးဇူးတင် စကားပြောခဲ့ပါတယ်။

”အခုလို တစ်ခဲနက်အားပေးကြ တာကို ကျေးဇူးတင်ပါတယ်။ ရုပ်ရှင် ပြီးသွားတဲ့ အချိန်မှာလည်း တစ်ခဲ နက်လက်ခုပ်တီးပြီး အားပေးခဲ့ကြ လို့ တအားပျော်ပါတယ်။ The Great Battle အောင်မြင် တာက ကြည့်ရှုသူ ပရိသတ်တွေကြောင့်ပါ။ ဆက်လက် အားပေးကြဖို့မျှော်လင့်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*