Heineken Beer
Heineken Beer

ပရိသတ်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်ဖို့ Fan Meetingလုပ်မယ့်မိုရီ ဆာကီဝင်း

ပရိသတ်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်ဖို့ Fan Meetingလုပ်မယ့်မိုရီ ဆာကီဝင်း
October 1, 2018 Asian Fame Media

အဆိုတော်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်း ဖြစ်တဲ့ မိုရီဆာကီဝင်းကတော့ ဂျပန်၊ မြန်မာနှစ်နိုင်ငံလုံးမှာ အနုပညာအလုပ် တွေလုပ်ကိုင်နေသူပါ။ မြန်မာနိုင်ငံမှာရောက် ရှိနေတုန်း မြန်မာပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်မယ့် Fan Meeting လုပ်ဖို့ စီစဉ်နေပါ တယ်လို့ ပြောလာတဲ့ မိုရီဆာကီဝင်းက…

”အနုပညာအလုပ်တွေကတော့ ဂျပန်နိုင်ငံမှာ အများကြီး ရိုက်ကူးဖို့ရှိ ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရှိလား မရှိလား မပြောတတ်သေးပါဘူး။ လောလောဆယ်တော့ မြန်မာနိုင်ငံ မှာ Program တစ်ခု ရိုက်ကူးနေပါ တယ်။ ဟိုနေရာသွားရိုက် ဒီနေရာ သွားရိုက်လုပ်နေရတာပေါ့။ ကျွန် တော်လည်း မရောက်ဖူးသေးတဲ့ နေရာတွေ အများကြီး ရောက်ခဲ့တယ်။ ရန်ကုန်ကနေ နည်းနည်းလေး ကွာသွားတာနဲ့ ရှုခင်းတွေက တအား လှပြီး ပြောင်းလဲသွားတာ တွေ့ရ တယ်။ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။ တအား ပျော်စရာကောင်းပါတယ်။ အခု မြန်မာပြည်ရောက်တုန်း ကျွန်တော် အချိန်ရ ရင်တော့ မြန်မာနိုင်ငံမှာ မြန်မာပရိသတ်တွေနဲ့ Fan Meeting လုပ်ချင်ပါတယ်။ အခုတော့ ဘယ် မှာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေပါတယ်။ သီချင်းတွေလည်း ဆိုပြချင် တယ်။ မျှော်လင့်နေတဲ့ မြန်မာပရိသတ်တွေအတွက် Fan Meeting ကို ဖြစ်နိုင် ရင်အခုချက်ချင်း လုပ်ချင်ပါတယ်။ နည်းနည်းတော့ အချိန်ယူပြီး တိုင်ပင်နေပါ တယ်” လို့ ပြောပါတယ်။

 

မိုရီဆာကီဝင်းဟာ လက်ရှိမှာ BRAND’S ကြက်ပေါင်းရည်ရဲ့ Brand Ambassador တစ်ဦးလည်း ဖြစ်ပါတယ်။ မိုရီဆာကီဝင်းအား BRAND’S ကြက်ပေါင်းရည်ရဲ့ Brand Ambassador အဖြစ် ခန့်အပ်တဲ့ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ Pan Pacific Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ Brand Ambassador အဖြစ် ခန့်အပ်ခံရ တဲ့အခါ ခံစားမှုက ဘယ်လိုရှိမလဲလို့ မေးမြန်းကြည့်တော့..

”Brand Ambassadorအဖြစ် ခန့်အပ်လိုက်တယ်ဆိုတော့ ပျော်ရွှင် မှုကတော့ အတိုင်းထက်အလွန်ပါပဲ။ ဒီလိုမျိုး Brand Ambassador ခန့်အပ်လိုက်တဲ့အခါကျတော့ မြန်မာ နိုင်ငံကို မကြာခဏပြန်လာပြီး မြန်မာ ပရိသတ်နဲ့လည်း ပြန်ဆုံနိုင်တာပေါ့။ တအားလည်း ဂုဏ်ယူပါတယ်။ ရင်တွေ လည်းခုန်နေပါတယ်” လို့ မိုရီဆာကီဝင်းက ပြောပြခဲ့ပါတယ်။

မိုရီဆာကီဝင်းဟာ မြန်မာနိုင်ငံစာပို့သင်္ကေတရဲ့ Ambassador အဖြစ် လည်း စက်တင်ဘာလ ၂၃ ရက်နေ့က ခန့်အပ်ခံခဲ့ရပါတယ်။

သတင်း

ဓာတ်ပုံ-ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*