ဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးဖြစ်နေတဲ့အကြောင်းရင်းကို သရုပ်ဆောင် နေယံ ပြောပြ

ဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးဖြစ်နေတဲ့အကြောင်းရင်းကို သရုပ်ဆောင် နေယံ ပြောပြ
September 28, 2018 Asian Fame Media
ဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးဖြစ်နေတဲ့အကြောင်းရင်းကို သရုပ်ဆောင် နေယံ ပြောပြ

စီးပွားရေးတွေပဲ တောက်လျှောက်လုပ်ကိုင်ဖြစ်နေတဲ့ သရုပ်ဆောင်နေယံက ရိုက်ကူးရေးပိုင်းနဲ့ပတ်သက်လို့ ဇာတ် လမ်းတွဲတွေကိုပဲ လက်ခံရိုက်ကူးဖြစ်နေတယ်လို့သိရပါတယ်။ လက်ရှိမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘နေရယ် လရယ် အမှန်တရားရယ်’ဇာတ်လမ်းတွဲနဲ့ ‘ဇနီးချောများကွန်ရက်’ ဇာတ်လမ်းတွဲတွေကလည်း ရုပ်သံတွေမှာပြသလျက် ရှိပါတယ်။ သူ့အနေနဲ့ဇာတ်လမ်းတွဲတစ်ခုလည်းလက်ခံရိုက်ကူးဖို့ ဇာတ်ညွန်းဖတ်နေတယ်လို့သိရပြန်ပါတယ်။

”ဇာတ်ညွန်းဖတ်လို့ နေရာလုပ်ကွက်လေးရမယ် အဆင်ပြေမယ်ဆိုရင်တော့ အဲဒီဇာတ်လမ်းတွဲမှာပါဝင်ရိုက်ကူးဖြစ်မယ်။ အဲဒါလောက်ပါပဲ။ ကြီးကြီးမားမားကြီးတော့လည်း မလုပ်ဖြစ်တော့ပါဘူး။ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း လာငှားတာ ကျတော့ နေရာအဲဒီလောက်အများကြီးမရဘူးလေ။ မရတော့ဖြစ်သလောက်နေရာလေးလောက်နဲ့လည်း မရိုက်ကူးချင် တော့ဘူး။ အသက်လည်းကြီးပြီ။ အတိုင်းအတာလေးတစ်ခုအထိ ကိုယ်လည်းရိုက်ကူးခဲ့ပြီးပြီ။ ဒါကြောင့်ပြီးစလွယ်တော့
မရိုက်ကူးဖြစ်တော့ဘူး”လို့ ဇာတ်လမ်းတွဲတွေ ရိုက်ကူး ဖြစ်နေတဲ့အကြောင်းကို နေယံကရှင်းပြပါတယ်။ လက် ရှိမှာတော့ သရုပ်ဆောင်တွေက ဗီဒီယိုတွေထက် ဇာတ်လမ်းတွဲတွေဘက်ကိုပဲ အာရုံစိုက်နေကြရတဲ့အ ခြေအနေဖြစ်နေပါတယ်။ ဒီအခြေအနေကိုလည်း နေယံ က သုံးသပ်ပြတာက . . .

”ဗီဒီယိုတွေက ပျောက်သွားနိုင်တဲ့ဘက်ကိုများနေ တာကိုး။ ဗီဒီယိုလေးမပျောက်ရင်တော့ပိုကောင်းတာပေါ့။ ဘာလို့ကောင်းတာလဲဆိုတော့ ဇာတ်ပို့ဇာတ်ရံတွေနဲ့ တခြား သရုပ်ဆောင်တွေကဒီဗီဒီယိုမှာပဲ သူတို့ရဲ့စားဝတ်နေရေးကအခြေခံထားတာဖြစ်တဲ့အတွက်ကြောင့် သူတို့တွေအဆင်ပြေဖို့ကတော့ ဒီဗီဒီယိုလေးပြန်ရိုက်ကူးမှဖြစ်မှာလေ။ ရုပ်ရှင်ကကျတော့ တစ်လကို၁ကားလောက် ရိုက်ကူးရင် လူတစ်ယောက်ကိုရက်၂ဝ လောက်ပေးရတာကိုး။ အဲဒီအတွက်တစ်ကားလောက် ရိုက်ကူးရင်တောင် သူတို့အတွက်ဘာမှသိပ်ရကြတာမဟုတ်ဘူး။ တစ်လမှာတစ်ကားရိုက်ကူးပြီးရင် နောက် တစ်လမှာ နောက်တစ်ကားက လာချင်မှလာ တာလေ။ တချို့နာမည်နည်းနည်းရှိတဲ့ ဇာတ်ပို့ သရုပ်ဆောင်ဆိုရင် တစ်လကို၂ကားလောက် ရိုက်ကူးလို့ရရင်ရမယ်။ ဒါလည်းတစ်လကို ၂ကားထက်ပိုရိုက်ကူးလို့မရဘူးလေ။ တချို့ ဆိုတစ်ကားပဲရိုက်ကူးရတယ်။ ဒီတစ် ကားတည်းနဲ့ ရပ်တည်ဖို့သိပ်ခက်တယ်။ ငွေရေးကြေးရေးကသိပ်ရတာမဟုတ် ဘူးလေ။ ဇာတ်ပို့နဲ့မင်းသားတွေ မင်း သမီးတွေနဲ့က သိပ်ကိုကွာဟတယ်။ ပေးတဲ့အနုပညာကြေးက သိပ်ကွာ တာကိုး” လို့ ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*