Heineken Beer
Heineken Beer

ဇာတ်လမ်းတွဲတွေဆက်ပြီး ရိုက်ကူးသွားဦးမယ့်ပိုးကြာဖြူခင်

ဇာတ်လမ်းတွဲတွေဆက်ပြီး ရိုက်ကူးသွားဦးမယ့်ပိုးကြာဖြူခင်
September 28, 2018 Asian Fame Media

‘မိုးကောင်းကင်အိပ်မက်’ဇာတ် လမ်းတွဲမှာ ဆိုင်းမိုင်အဖြစ် သရုပ် ဆောင်ခဲ့တဲ့ ပိုးကြာဖြူခင်က ပရိ သတ်တွေရဲ့ အချစ်ကို သိမ်းပိုက် သွားသူပါ။ ဒီဇာတ်လမ်းတွဲကို အ နယ်နယ်အရပ်ရပ်က ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါ တယ်။ မြန်မာဇာတ်လမ်းတွဲတွေကို အခုလိုကြိုက်နှစ်သက်လာကြတဲ့အ တွက် ဇာတ်လမ်းတွဲသရုပ်ဆောင် ဖြစ်ရတာ ဝမ်းသာပီတိဖြစ်ရတယ် လို့ဆိုသူ ပိုးကြာဖြူခင်က …

”တချို့ပရိသတ်တွေတောင် ပြောကြတယ်။ အရင်ကဆိုရင် မြန် မာဇာတ်ကားတွေကိုမကြိုက်ကြဘူး။ ရုပ်ရှင်တောင် မကြည့်ဖြစ်တဲ့သူတွေ က လူပြောများလာလို့ ဆိုပြီး ဒီဇာတ် လမ်းတွဲကို ကြည့်ရှုပြီး ကြိုက်လာကြ တယ်တဲ့။ အဲဒီအပေါ်မှာ တအား ဝမ်းသာတယ်။ အခုခေတ်မှာဆိုရင် ဇာတ်လမ်းတွဲလောက ပိုပြီးကျယ်ပြန့် လာတယ်။ ပရိသတ်ကလည်း ပိုပြီး လက်ခံလာကြတယ်။ ရုပ်ရှင်နဲ့ ဗီဒီယို ဆိုရင်တောင်မှ အချိန်အားမှ တကူး တကသွားရောက် ပြီး ကြည့်ရမှာဆို တဲ့ပုံစံမျိုးဖြစ်တယ်။ ဇာတ်လမ်း တွဲကျတော့ အိမ်မှာနေတဲ့အချိန်မှာ နေ့တိုင်း လိုလို ပရိသတ်နဲ့ ထိတွေ့ခွင့် ရတယ်။ အဲဒါကြောင့် ညီမတို့ ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေက သူများထက် ပိုပြီးအခွင့်အရေးပိုများ တယ်။ ကိုယ့်ဘာသာကိုယ်ပိုက်ဆံရှိလို့ ထုတ်ရိုက်ချင်ရင်တောင်မှ ပေါက်ဖို့ မပေါက်ဖို့ဆိုတာ ကိုယ့်ရဲ့စန်းနဲ့ ပံ့ပိုးပေးသူတွေနဲ့ အများကြီး မူတည် သေးတယ်။ ဇာတ်လမ်းတွဲရိုက်ကူး တဲ့အခါ Forever Group က ညီမတို့ကို ပံ့ပိုးမှု တအားကောင်း တယ်။ အဘက်ဘက်ကနေဖြည့် ဆည်းပေးတယ်။ အဲဒီအတွက် ကြောင့်အခုလို ပရိသတ်တွေနဲ့ ထိ တွေ့ခွင့်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လမ်းတွဲတွေ ဆက်ပြီး ရိုက်ကူး သွားဦးမယ်။ ဇာတ်လမ်းတွဲ သရုပ်ဆောင် တစ် ယောက် ဖြစ်ခွင့်ရ တဲ့အတွက် အလွန်ဝမ်းသာပါ တယ်”လို့ ပြောပါတယ်။

၂ဝဝ၉ ခုနှစ်မှာ ဆရာဂျွန်လွင်ရဲ့ မော်ဒယ်လ် သင်တန်းကို တက်ရောက်ခဲ့ပြီး အနုပညာလောကထဲဝင် ရောက်လာ ခဲ့တဲ့ ပိုးကြာဖြူခင်က ပြိုင်ပွဲ ၂၉ ပွဲ ဝင်ပြိုင်ခဲ့ဖူးပြီး ဆုပေါင်း ၁၆ ဆုရရှိခဲ့ သူပါ။ ပြိုင်ပွဲတွေ မှာ ဝင်ရောက် ယှဉ်ပြိုင်ရတာကို ဝါ သနာပါသူ တစ်ဦးဖြစ်ပြီး နောက်ပိုင်း မှာ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ဖို့အတွက် ဝင်ရောက် ရွေး ချယ်ခံခဲ့တာပါ။ သရုပ် ဆောင်အလုပ် က မူးယစ်ဆေးလိုပါပဲလို့ ဆိုတဲ့ ပိုး ကြာဖြူခင်က ”ဇာတ်လမ်းတွဲကို တောက်လျှောက်ရိုက်တယ်။ ဇာတ် ကောင်ကာရိုက်တာတစ်ခုကိုပဲ အ ချိန်အကြာကြီး လနဲ့ချီပေးထားပြီး တော့ ဒီဇာတ်ကောင်ဖြစ်သွား တယ်။ ပရိသတ်တွေကြားထဲ ရောက်သွား တယ်။ အဲဒါကို ကျေနပ်သွားတယ်။ ဇာတ်လမ်းတွဲတွေပဲ ပါဝင်ရိုက်ကူး ချင်တော့တယ်။ Miss ပြိုင်ပွဲတွေကို တော့ သူ များပြိုင်ရင် အားပေးတယ်။ ကိုယ်တိုင်လည်း ရင်ခုန်တယ်။ ကိုယ် တိုင်တော့ပြိုင်ဖို့ အစီအစဉ် မရှိ တော့ပါ ဘူး”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*