Heineken Beer
Heineken Beer

အစွန်းချွတ်ဆေး

အစွန်းချွတ်ဆေး
September 27, 2018 Asian Fame Media

ဘဝမှာ စိတ်ပင်ပန်းခက်ခဲစွာ စွန့် စားရယူရမည့်အရာတွင် အိမ် ထောင်စုစာရင်း၊ မိတ္တူမှန်တစ်စောင် ပါဝင်လိမ့်မည်ဟု မထင်။ ထိုကိစ္စ သည် တစ်နည်းနည်းဖြင့် ကျွန်မနှင့် ပတ်သက်လာလိမ့်မည်ဟုလည်း မ တွေးခဲ့မိ။ ထိုနေ့က မိတ်ကပ်ကလေး ဖို့ရုံ၊ နှုတ်ခမ်းဆိုးဆေး မဆိုသလောက် ဖြင့် ခန့်တည်ရှင်းသန့်သော မျက်နှာ ပေးလေးဖြင့် မလိုက်ဖက်စွာ ပြုမူ ပြောဆိုလိုက်ခဲ့သည့် နှုတ်ခမ်းပါးလေး က စနစ်တကျ လေ့ကျင့်မွေးမြူထား သလိုပါပဲ။ အစ်မကြီးအရွယ်၊ အဒေါ် အရွယ်များ လှလှပပ ကခုန်နေသည့် ဝန်းကျင်။ ကျွန်မပညာယူ အားကျ ငေးမောရမည့် နေရာသစ်ကမ္ဘာ ဖြစ် လေမလား။ တစ်နေ့ကျရင် သမီး မဖြစ်မနေ စီးမျောယဉ်ပါးရမည့် လှေ ကားအစတဲ့။ ဤဌာနသို့ ထွက်မလာ မီ အဖေမှာလိုက်သော စကား။ ထို အချိန်က ကျွန်မ ပေါ့ပေါ့ပါးပါးပဲ ပြုံး ပြနိုင်ခဲ့သည်။

(၂)

”သမီးဘာသာ ဆုံးဖြတ်၊ ကိုယ့် လမ်းကို ကိုယ်တိုင်ရွေးချယ်” တဲ့။ တက္ကသိုလ်မှာ ဘာမေဂျာ ယူရမလဲ။ အိမ်က ကျွန်မဆန္ဒ၊ ကျွန်မစိတ်တိုင်း ကျ သင်ကြားခွင့်ပေးလိုက်မှ ကျွန်မ မဝံ့မရဲ။ အွန်လိုင်းပေါ်မှာ သူငယ် ချင်းများနှင့် တိုင်ပင်ရင်း ညှိနှိုင်းရင်း ဖြင့် ပြီးခဲ့သော ညက အိပ်ရာဝင် နောက်ကျခဲ့သည်။ နောက်နေ့မနက် ဆူဆူညံညံ ဖုန်းသံဖြင့် ကျွန်မနိုးလာ တော့ မကြည်မလင်။ အိပ်ရေးမဝ သေးပါဘူးဆို ဘယ်ကောင်မစုတ် နှောင့်ယှက်ပါလိမ့်။ ထိုအတွေးဖြင့် ဖုန်းကို ကြည့်တော့ ဟာ …မမ မကွေးက အစ်မဝမ်းကွဲ၏ ဖုန်း။ ခုတင်ပေါ်မှာ ငေါက်ခနဲ ထထိုင်လိုက် သည်။ မကွေးမှတောင်ငူသို့ တက္ကသိုလ် ပြောင်းရွှေ့လျှောက်ထား ခြင်းကိစ္စ မမကို အကူအညီ တောင်း ထားခဲ့သည်။ ကျွန်မက ဆွေရိပ်မျိုး ရိပ် မကင်းသော နတ်မောက်ဘော်ဒါ မှာ ဆယ်တန်းအောင်ခဲ့သည်မို့ မူဝါဒ အရ မကွေးတက္ကသိုလ်၌ ကျောင်း အပ်နှံရမည်။ ပြီးမှသင်ယူလိုသော ကျောင်းကို ပြောင်း။ မိဘများ တာ ဝန်ကျ၊ နေထိုင်သည့်မြို့နှင့် အနီးဆုံး မှာမှ ကျွန်မအဖို့ အစစ အရာရာ အဆင်ပြေမည် မဟုတ်လား။

”မမရေ အေးချမ်းမိုးကျော်ပါ”

”ညီမလေး မိဘနဲ့အတူနေ ကြောင်း လက်ရှိနေထိုင်နေတဲ့ ရပ် ကွက်ထောက်ခံစာ၊ ညီမလေးအဖေရဲ့ ဌာန ထောက်ခံစာနဲ့ အိမ်ထောင်စုစာ ရင်း မူရင်းလိုနေတယ်။ အမြန်ချော နဲ့ဖြစ်ဖြစ်၊ ကားကြုံနဲ့ဖြစ်ဖြစ် အမြန် ဆုံးပို့ပေး”

”ဟာ အိမ်မှာ အိမ်ထောင်စု စာ ရင်း မူရင်းမရှိဘူးလေ”

ကြားဖြတ်၍ အမေက ဝင်ပြော သည်။ ဟင် ဒါဆိုပြဿနာပဲဟုကျွန်မ ခေါင်းကုတ်သည်တွင် အဖေက မရှိ လို့ မဖြစ်ဘူးလေ၊ ငါ့တူမကို ပြော လိုက်။ ရအောင်လုပ်ပြီး ဒီနေ့ပို့ပေး မယ်လို့ဟု ကတိပေးသည်။

လိုအပ်သော စာရွက်စာတမ်း များ ပို့ပေးမယ်ဟူသော အဖေ့ကတိ၊ တာဝန်ယူမှုသည် နောက်နာရီဝက် ကြာသောအခါ ကျွန်မခေါင်းပေါ်သို့ လုံးလုံးလျားလျား ကျရောက်လာ တော့သည်။ ဘာခက်လို့လဲ၊ အဖေ့ ဌာနက စာရွက်စာတမ်းကိစ္စအတွက် တော့ အဖေ့ရုံးက စာရေးကြီးကို လုပ် ထားခိုင်းပေးမယ်။ သမီးဝင်ရထွက်ရ ပြောရဆိုရ လွယ်ကူဖို့ ဌာနချင်း ညှိ နှိုင်းတဲ့စာလည်း အဖေစီစဉ်ပေးလိုက် မယ်။ ကျန်တဲ့ ရပ်ကွက်အုပ်ချုပ်ရေး မှူးထောက်ခံစာ၊ လိုအပ်မယ်ထင် တဲ့ နယ်မြေရဲ စခန်းထောက်ခံစာ ပြန်မယူရအောင် တစ်ခါတည်းသာ လုပ်သွား သမီးရေ။ ပြီးမှ လဝကရုံးကို သွား၊ အကြီးကောင် နဲ့အဖေသွား ဖူးတဲ့နေရာ။ သမီးအစ်ကိုကို ဆိုင် ကယ်နဲ့ လိုက်ပို့ခိုင်းတဲ့။ ကဲ မိအေး ချမ်း မိုးကျော်၊ ညည်း ဘာတတ်နိုင် သေးလဲ။ နောက်လှည့်၍ ရှုတည် တည်မျက်နှာဖြင့် အဖေ့ကို ကျွန်မ ကြည့်လိုက်တော့ …

”အဖေ့ကို ဘာလို့ ပြန်ကြည့်နေ လဲ၊ တက္ကသိုလ်ကျောင်းသူ ဖြစ်တော့ မယ် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်း စောင့်ရှောက်ရတော့မယ်။ နောက် ဘွဲ့ရရင် ကိုယ်တိုင်လည်း အလုပ်ဝင် ရမှာ။ ရုံးဌာနတွေ ဝင်ထွက်ဖူး၊ ဝန် ထမ်းတွေ လုပ်ပုံကိုင်ပုံ တွေ့ကြုံဖူး အောင် …လေ့လာခဲ့”အဖေက ယုံကြည်စိတ်ချစွာ မျက်စပစ်ပြခဲ့ သည်။

ဤသို့ဖြင့် ပထမဦးဆုံးအကြိမ် စစ်မြေပြင်သို့ စစ်ဆင်ရေးချီတက်ရ မည့် စစ်သည်တစ်ဦးကဲ့သို့ မိမိဘက်မှ ဟာကွက်ပျော့ကွက်မရှိအောင် ပြင် ဆင်လျက် လန်းဆန်းတက်ကြွနေ၏။ ရန်ကုန်-မန္တလေး လမ်းဟောင်း အ တိုင်း (၄) မိုင်ကျော်ကျော် ခရီးစဉ် လည်း ချောချောမွေ့မွေ့။ လက်မှ နာရီကို ကြည့်တော့ ကိုးနာရီခွဲ။ အိမ် က ဘာမျှမစားမသောက်ခဲ့ရသည်ကို သတိရသည်။ လက်ဖက်ရည်ဆိုင်မှာ ဗိုက်ဖြည့်ဟာဟု အစ်ကို့ကို တိုက် တွန်းတော့ အင်တင်တင်။ ရှေ့ကကြို ရောက်မယ့်သူတွေ များနေလို့ စောင့် နေရဦးမယ်တဲ့။ အတော့်ကို စိတ် မရှည်သည့်သူ။ ကဲ ဒါဆိုလည်း သွား ဟာဟု ရွဲ့ပြောပြန်တော့ မကြား ယောင်ပြု၏။ အတော့်ကို ညှိနှိုင်း၊ ညီညွတ်သည့် အစ်ကိုနှင့် နှမ။ ဘုရင့် နောင်မင်းတရားကြီး ရုပ်တုဖြင့် ပန်း ခြံကို ကျော်လွန်၍ အာရ်စီလမ်းထဲသို့ ဝင်လိုက်သည်။ ထိုမှ အနည်းငယ်သွား မိသောအခါ လမ်းသွယ်တစ်ခုကို ချိုး ကွေ့သည်။ တွေ့ပါပြီ ကျွန်မတို့ မှန်း ချက်။

ရုံးရှေ့မှာ ယောက်ယက်ခတ် လျက်။ ကျွန်မကသာ စောသည်ထင်ခဲ့ တာ လူတွေ ဝီရိယကောင်းကြသား။ သို့သော် ဝန်ထမ်းများ စုံသေး ဟန်မ တူ။ ရုံးတော့ ဖွင့်ထားပြီ။ တစ်ဦးဦးကို စုံစမ်းမှပဲ။ အစ်ကို့ကို ကြည့်တော့ ငေးငေး ငိုင်ငိုင်။ သူ့မှာ အတွေ့အကြုံ ရှိသည်။ ပျောက်သွားသည့်မှတ်ပုံတင် ပြန်လုပ်ထားသည်မှာ ဘာကြာသေး လို့လဲဟု တွေးမိစဉ် ဖြတ်လာသော ယူနီဖောင်း ဝတ်ဖြင့် လူကြီးကို လက်တို့ပြသည်။ မေးကြည့်ပါလား တဲ့။ တော်တော်အားကိုးရတာ။ ကျွန်မ နောက်မှလိုက်သွားရင်း ဦးဦး သမီးအိမ်ထောင်စုစာရင်း ပြန်လုပ် ချင်လို့ဟု မရဲတရဲ မေးတော့ ဖျတ်ခနဲ နောက်လှည့်ကြည့်သည်။ တော်ပါ သေးရဲ့၊ ဘုရားမလို့။ ဘယ်ရပ်ကွက် ကလဲတဲ့။ xxx ရွာဟု ချက်ချင်းဖြေ လိုက်တော့ အဲဒီနယ်မြေ တာဝန်ခံ မလာသေးဘူး စောင့်ဦးတဲ့။ အေး ရော၊ အစ်ကို့ထံ ယောင်ချာချာ လှည့် ၍ ပြန်ခဲ့ရသည်။ ထို့နောက် ဝင်လာ သော ဝန်ထမ်းများကို တစ်ဦး …၊ တစ်ဦး…၊ တစ်ဦး။ မေးမြန်း ခဲ့ရာ စတုတ္တမြောက် နောက်ကျစွာ ရောက် လာသော အမျိုးသမီးကြီးကျမှ ငါ့ စားပွဲကိုလိုက်ခဲ့တဲ့။ ပြောပုံက ငေါက် စပ်စပ်။ အလုပ်က ကြိုနှင့်နေ၍ သဘောမတွေ့သည်လား။ ပင်ကို ပြောနေကျ လေယူလေသိမ်းလား ကျွန်မမခွဲခြားနိုင်။ သူမ နေရာ တကျ ထိုင်ပြီးသည်အထိ စကားတစ် ခွန်းမျှ မဟဘဲ ရပ်ကြည့်နေမိသည်။ အသက် ကြီးတဲ့ သူဆိုတော့လည်း အတော့်ကို ပူတတ်တာပဲ။ သူမက ခြင်းထဲ၌ အသင့်ပါလာသော ခေါက်ယပ် တောင် ကလေးကိုဖြန့်လျက် သုံး လေးချက် ခတ်သည်။ ပြီးတော့ ယပ် တောင်ကို ခြင်းထဲ ပြန်ထည့်၍ မိတ် ကပ်ဘူးကို ထုတ်၊ မှန်ကို အသေအချာ ကြည့်နေရင်း ပါးစပ်ကို ဖွင့်လိုက်ပိတ် လိုက်ဖြင့် နှုတ်ခမ်းဆိုးဆေးကို ညီ အောင် ညှိနေလေသလား။ ကျွန်မ မျက်စိထဲမှာတော့ ဘယ်လိုမျှ ကြည့် ၍ အဆင်မပြေ။ ကျွန်မသာ သူမ ရှေ့၌ ရှိမနေခဲ့ဘူးဆိုလျှင် ရုံးကို ရောက်ပြီလို့ဆယ်ဖီဆွဲ၍ ဖေ့စ်ဘုတ်ခ် တင်လိုက်မှာ သေချာသည်။

ယခုချိန် ထိရှေ့မှာထိုင်ခုံရှိလျက် ကျွန်မ မထိုင် ရဲပါ။ သူမကလည်း နေရာမပေးပါ။ မင်း စောစောက ပြောတဲ့ကိစ္စဆက်ပါ ဦးဟုလည်း မမေး။ ကျွန်မ မတ်မတ် ရပ်နေဆဲ။ သူမမို့ အားမနာ။ ဒီတော့ သူမ၏ဘယ်ဘက်ရင်အုံ၊ ရွှေရောင် Name Plate ပြားမှ အမည်ကို ကျွန်မမှတ်မိလောက်အောင် ကြည့် နေမိသည်။ ယခု ဤရုံးမှ လူကြီး တစ် ဦးဦး ကျွန်မမြင်လိုက်လျှင်တော့ အော်ဟစ်တိုင်မိမလားပဲ။ စိတ်ထူပူ ဆန္ဒပြချင်နေပြီ။ မဖြစ်သေးပါဘူး။

အရင် ဒီရုံးမှာ အဖေ့ရပ်ဆွေရပ်မျိုး၊ အရာရှိတစ်ယောက် တာဝန်ကျခဲ့ဖူး သတဲ့။ ထိုစဉ်က အဖေ့မှတ်ပုံတင်၌ ဓာတ်ပုံဆေးသားမှုန်ဝါးလျက် ဖြည့် သွင်းခဲ့သော ကိုယ်ရေးအချက်အ လက်များ မထင်မရှားဖြစ်၍ အသစ် ပြန်လည် လျှောက်ထားသည့်အချိန်။ ထိုဦးစီးမှူးက အဖေတင်ပြသော နိုင်ငံသားစိစစ်ရေး ကတ်ဟောင်းကို ကြည့်၍ ဟာ ခင်ဗျာ မကွေးသားပေါ့ ဟု စတင်မိတ်ဆက်ခဲ့သည်။ ပြော ရင်းဆိုရင်း ဆွေမျိုးစပ်ရင်းဖြင့် တစ် ရပ်ကွက်တည်းသား၊ လမ်းချင်းကပ် လျက်နေခဲ့သည့် အဖေ့ဦးလေးငယ် နှင့် ကျောင်းနေဖက်၊ ငယ်ပေါင်းကြီး ဖော်။ ပြီးတော့ အဖေ့ကတ်ဟောင်း သည် ၁၉၉ဝ ပြည့်နှစ်က အထွေထွေ ရွေးကောက်ပွဲအမီ ဒုတိယအကြိမ် အဖေ လဲလှယ်ခဲ့သည့် ကတ်။ ထိုအ ချိန်က ထိုကတ်များကို လက်မှတ်ထိုး၊ ထုတ်ပေးခဲ့သူ၊ သူ့ဆရာသမားသည် ထိုကိစ္စဖြင့် အရေးယူခံ၊ ထောင်ကျခဲ့ သည်ဆိုပဲ။ နိုင်ငံရေး အပြောင်းအ လှည့်မှာ အစွန်းအထင်း၊ အညစ်အ ပတ်တွေ များမှများ။ ဘယ်လိုချွတ် ဆေး သုံးသုံး၊ ဘယ်လိုကမ္မဝါဖတ်ဖတ် မကျွတ်၊ မလွတ်ကြဘူးတဲ့။ အဖေ့ကို ရယ်ရယ်မောမောပြောခဲ့သော ထိုလူ ကြီးကပဲ။

”ငါ့ညီ မင်းကတ်က ဧရာဝတီ တိုင်းမှာ စလုပ်ခဲ့တာ မကွေးမှာလဲ လည်း အခု ငါက အသစ်ထုတ်ပေးရ မယ် တိုင်းကျော်နယ်ကျော်တွေနဲ့ အတည်ပြုချက် ယူရတော့ တစ် သောင်းတန် ဖုန်းငွေကတ်တော့ ပြန် ဖြည့်”

အဲ့သလို လူစားတွေက သူ့မြှုံးထဲ ရောက်တဲ့ငါးဆိုရင် လက်ရဲဇက်ရဲ ပြောရဲဆိုရဲ ရှိကြတယ်။ သမီးရဲ့ ဟု ပြီးခဲ့သော ငါးနှစ်က အဖေ့ဝမ်းနည်း ခံပြင်းသံ။ ဖုန်းငွေဖြည့်ပေးရသည်ကို တွန့်တိုနှမြောသည်ထက် များစွာ ခံ စားနေရသော အဖေ့နှုတ်ခမ်းအဟ။ ကျွန်မ မမေ့နိုင်။ ထိုကာလများဆီက ဝန်ကြီးကိုယ်တိုင် ကွင်းဆင်း၍ဆောင် ရွက်ပေးနေသည့် ကုန်ကျစရိတ်မှာ ခြောက်ကျပ်ခွဲ။ ဟားတိုက်ရယ်မော ပစ်ချင်စရာ။

”ဟဲ့ ကလေးမ အိမ်ထောင်စုစာ ရင်းအသစ် ပြန်လုပ်မလို့ဆို”

ဟုတ် ဟုတ်ကဲ့ဟု ခေါင်းညိတ်ပြ ရင်း လက်ထဲတွင် အသင့်ကိုင်လာ သော အိမ်မှပါလာသည့် မိတ္တူကို ထိုး ပေးလိုက်သည်။ ဤရုံးတွင် ရှိသော ပုံစံစာရွက်၌ ဖြည့်စွက်၊ ရုံးတံဆိပ် ရိုက်၍ တာဝန်ရှိသူ အရာရှိတစ်ဦး လက်မှတ်ထိုးလျှင် ပြီးပြီးပေါ့။ သို့ သော် ထိုသို့ လွယ်ကူမချောမွေ့။ အမျိုးသမီးကြီးက အနီးမှ လူငယ် တစ်ဦးကို လက်ယပ်ခေါ်သည်။ သူမ ခေါ်သော လူငယ်သည် ရပ်ထဲရွာထဲ တွင် ညည ဖားထွက်ရိုက်သော လူ တစ်ဦးကဲ့သို့ နဖူး၌ ဓာတ်မီးခွက်ကို သားရေကြိုးဖြင့် စည်းထားသည်။

ကောင်လေးရေ ရုံးလက်ခံရှာပေးပါ တဲ့။ ချက်ချင်း ရှာပေးသည်တော့ မဟုတ်။ ဟိုယောင်ယောင် ဒီယောင် ယောင် ဖိုင်ကလေးတစ်ခုကို တောင် ပို့လိုက်၊ မြောက်ရွှေ့လိုက်။ အရှေ့ လျှောက်လိုက် အနောက်မျှော်လိုက်။ တစ်နာရီကျော်ကျော် ကြာအောင် စောင့်လိုက်ရသေးသည်။ အခန်းထဲမှာ ပြူးပြဲမွှေနှောက်ရှာရတာတဲ့။ ကောင် လေးကိုယ်စား ညည်းပြသည်မှာအခါခါ။ ပြီးတော့ သဒ္ဓါကြေး ငွေ ၂ဝဝဝ ကျပ် လောက်တော့ပေးလိုက်ပါဟု ထိုမိန်းမ ကြီးက ကပ်ပြောသည်။ ဘာပြော ကောင်းမလဲ ကျွန်မလက်တွေ တ ဆတ်ဆတ် တုန်လို့။ ပြီးမယ် ထင် လား။ လက်မှတ်ထိုးမည့် အရာရှိအား လက်ညှိုးထိုးပြရင်း ကျွန်မလက်ထဲ ထည့်သည့် ဖိုင်ထဲမှာ ဆင်တစ်ကောင် ထည့်ပေးလိုက်၊ နားလည်တယ်နော် တဲ့။

ကလေးမလည်း ထမင်းဆာလှ ရောပေါ့၊ အားနာလိုက်တာကွယ်တဲ့။ ယခုမှ ကရုဏာစကားဆို၏။ တော် တော့်ကို တရားကျဖို့ကောင်းသည့် မိန်းမကြီး။ ဌာနဆိုင်ရာ ရုံးတစ်ရုံး ဝင်ရထွက်ရတာ မလွယ်ဘူး။ သမီးနဲ့ သားကို ငွေပိုပိုသာသာ ထည့်ပေး လိုက်နော် မိန်းမဟု အကြောင်းသိ အဖေအိမ်မှာပြောတုန်းက ဒီလောက် ဆိုးရွားမည် မထင်။ တစ်ထောင်တန် ငွေစက္ကူ ခပ်နွမ်းနွမ်း နှစ်ရွက်နှင့် ငါး ထောင်တန် အသစ်တစ်ရွက်ကို ကျွန်မလက်ထဲသို့ အမေထည့်ပေးရင်း လစာထုတ်ခါနီး ရှိသမျှ ငွေပိုငွေလျှံ အကုန်ပေးလိုက်တာတဲ့။ စိတ်ပျက် စရာ။ ဒီကြားထဲ အစ်ကိုက တစ်မျိုး။ နှစ်ကိုယ်ကြားရုံ လက်တို့ ပြောသည်။ ဒီဌာနက ငွေရှာရတာ အတော်လွယ် ပုံပဲ၊ ငါတောင် ဝင်လုပ်ချင်လာပြီ တဲ့။

ဘေးဘယ်ညာ ဝန်ထမ်းများ အစ်ကို့စကားကို ကြားသွားမည်စိုး၍ ခုန်လိုက်သည့်ရင်က တဒိတ်ဒိတ်။ ထို့ ထက် တုန်ယင်နေသည်မှာ ပိုက်ဆံ အိတ်ထဲသို့ နှိုက်လိုက်သော လက်။ သိချင်လည်း သိပါစေဟာ။ မိန်းမ ကြီးရှေ့မှာပဲ ငါးထောင်တန်ကို ထိုး ညှပ်ပြီး ဖိုင်ကလေးကို ရင်ခွင်ပိုက်၍ လှည့်ထွက်လိုက်သည်။ နှလုံးခုန်သံက မရပ်။ ခြေထောက်များယိမ်းနွဲ့လျက် လက်ဖျားများ အေးစက်လှုပ်ခတ်လာ သည်။ နောက်ကျော မလုံ။ ဟိုဟာ မကြီး ဂရုစိုက်စောင့်ကြည့်နေမလား။ ကြည့်ကြည့်ဟာ။ ဖိုင်ကြားထဲမှ ငွေ စက္ကူ အသစ်စက်စက်ကလေးကို ကျွန်မလက်က တို့ထိမိသည်။ အမေ့ မျက်နှာကို ပြေးမြင်သည်။ ခြေလှမ်း တွေ ပို၍သွက်လာ၏။ ထို့နောက် ဦး စီးမှူးဟု ရေးထားသော သုံးထောင့် ပျဉ်တုံးကလေး တင်ထားသည့်စားပွဲမှ အသားမည်းမည်း ဝဝဖိုင့်ဖိုင့် လူကြီး ကို ရှိသမျှသွားများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။

(၄)
ထိုနေ့က စစ်ပွဲတစ်ပွဲကို အောင် နိုင်ခဲ့သော စစ်သူကြီးတစ်ဦးကဲ့သို့ ရင်ကော့၍ ကျွန်မပြန်ခဲ့သည်။ အိတ် ထဲမှာ ငွေငါးထောင်စက္ကူလေး အရာ မယွင်းသေး။

မိုးကျော်စိုး(မကွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*