သရုပ်ဆောင် အောင်ရဲထိုက် ဆိုတာသီချင်းတွေဆိုပြီး အနုပညာဘဝကို စခဲ့တာပါ

သရုပ်ဆောင် အောင်ရဲထိုက် ဆိုတာသီချင်းတွေဆိုပြီး အနုပညာဘဝကို စခဲ့တာပါ
September 21, 2018 Asian Fame Media
သရုပ်ဆောင် အောင်ရဲထိုက် ဆိုတာသီချင်းတွေဆိုပြီး အနုပညာဘဝကို စခဲ့တာပါ

နာမည်ကျော် ‘မီ’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပါတော့မယ်။ ဒါရိုက်တာဏကြီး၊ နေတိုး၊ ပိုင်ဖြိုးသုတို့နဲ့အတူ အနုပညာအလုပ်တွေကို တွဲပြီး လုပ်ကိုင်ခွင့်ရတာ သူ့အတွက် ပျော်ရွှင်ခဲ့ရပါတယ်ဆို တဲ့ အောင်ရဲထိုက်က …

”အတွေ့အကြုံကတော့ ကျွန်တော် ‘ည’ ဇာတ်ကားရိုက်ကူးပြီးတဲ့အချိန်မှာ ပြန်ပြီးတော့ရိုက် ကူးတဲ့ဇာတ်ကားပေါ့နော်။ ပြီးတော့ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုတွေနဲ့လည်း တွဲပြီးသရုပ်ဆောင်ရတယ်။ အထူးသဖြင့် ကိုနေတိုးနဲ့အတူတူ သရုပ်ဆောင်ရတဲ့အခါမှာ ရင်ခုန်တာတွေ၊ စိတ်လှုပ်ရှားတာတွေ အများကြီးဖြစ်မိတယ်။ ကျွန်တော့်အတွက် First Time ဆုံတာဖြစ်တော့ အတွေ့အကြုံတွေလည်း ရတယ်။ ပျော်ပျော် ရွှင်ရွှင်နဲ့အကောင်း ဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့ ဇာတ်ကားလို့လည်း ပြောလို့ရတယ်ခင်ဗျ” လို့ ‘မီ’ ရုပ်ရှင်ဇာတ် ကားအမှတ်တရတွေကို ပြောပြပါတယ်။ သရုပ်ဆောင် အောင်ရဲထိုက်ဆိုတာ သီချင်းတွေ သီဆိုပြီး အနုပညာဘဝကို စတင်ခဲ့ တယ်လို့ဆိုရင် သိကြတဲ့သူလည်းရှိမယ်။ မသိကြတဲ့သူလည်း ရှိပါမယ်။

မြူးဇစ်ဘက်ကို ပြန် မသွားတော့ဘူးလားလို့ဆိုတော့ …

”Music အနေနဲ့ပတ်သက်ပြီး ကျွန်တော် သေသေချာချာလေးလုပ်ချင်ပါတယ် ခင်ဗျ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ကျွန်တော်လုပ်ဖြစ်မှာပါ။ အခုက ကျွန်တော် မြူးဇစ်တွေ လုပ်နေပေမယ့် ကိုယ့်ဘာသာကိုယ်သီချင်းလုပ်ပြီး အွန်လိုင်းမှာ တင်တာလောက်ပဲများနေတယ်။ စလာကတည်းကလည်း သီချင်းဆိုပြီး စလာခဲ့တာဖြစ် တဲ့အတွက် တစ်ချိန်ချိန်မှာတော့ သေသေချာချာလေးလုပ်ဖြစ်မှာပါ။ သီချင်း ခွေလေး တစ်ခွေလုပ်ချင်တယ်။ ဒါ ကျွန်တော့်ရဲ့ ရည်မှန်းချက်လေးပါ။ ဘယ်အချိန်လဲဆိုတာ မသိပေမယ့် ကျွန်တော့်မှာ အဲဒီရည်ရွယ်ချက်လေး တစ်ခုတော့ရှိတယ်ခင်ဗျ” လို့ အောင်ရဲထိုက်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*