မေတိုးခိုင် ရဲ့ စိတ်ကူးထဲကချစ်သူပုံရိပ်

မေတိုးခိုင် ရဲ့ စိတ်ကူးထဲကချစ်သူပုံရိပ်
September 19, 2018 Asian Fame Media

လူတိုင်း၊ လူတိုင်းမှာ မိမိရဲ့လက်တွဲဖော်ကို ဘယ်လိုပုံစံလေးဖြစ်ရမယ်စသည်ဖြင့် စံနှုန်းတွေသတ်မှတ် ထားကြမှာပါ။ မေတိုးခိုင်ရဲ့စိတ်ကူးထဲက ချစ်သူပုံစံက …

”ဘယ်လိုပြောရမလဲ။ ငယ်ငယ်လေးတုန်းကတော့ အရပ်ရှည်ရှည်၊ မရှည်ရှည်၊ အသားဖြူဖြူ၊ မဖြူဖြူ အဲဒီလိုမျိုး စဉ်းစားထားတာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ နည်း နည်းအရပ်ရှည်ရင်ရပါပြီ” လို့ သူမက ပြောပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး လည်း မေတိုးခိုင်က …

”မထားဖြစ်သေးတာပါ။ ညီမ ဒီအလုပ်ကလည်း လုပ်နေတော့ ပြီးတော့ သူငယ်ချင်းတွေနဲ့ကလည်း သွားဖြစ်နေတော့ သိပ်ပြီးတော့ခေါင်းထဲမရှိတာပါ။ တစ်ခါတလေကျလို့ရှိရင် တွေးဖြစ်တာက စိတ်ကူး ယဉ်တဲ့အရွယ်က ကျော်သွားပြီပေါ့နော်။ ၂၃ နှစ်ရှိနေပြီဆိုတော့ အသက်တော်တော်ကြီးနေပြီလို့ ပြောလို့ရတယ်။ စိတ်ကူးယဉ်တဲ့အချိန်ကျော်လွန်သွားပါပြီ(ရယ်လျက်)”လို့ ပြောပြပါတယ်။

ချစ်သူထားရင်တော့ မိခင်ဖြစ်သူကရော၊ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကရောသဝန်တိုကြဦးမှာပါ လို့ဆိုတဲ့ မေတိုးခိုင်က …

”၂၃ နှစ်တောင်ရှိပြီ၊ ရည်းစားလည်းမရှိဘူးလို့ တီဝဲရော၊ မေကြီးရောက ပြောကြတယ်။ တကယ်တမ်းထားလို့ရှိရင်သူတို့ ၂ ယောက်စလုံးက သဝန်တိုနေမှာ သိပါတယ်(ရယ်လျက်)”လို့ သူမကပြောပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်ပြုလုပ် တော့မယ့် မေတိုးခိုင်က သူမရဲ့အနုပညာဝမ်းစာဖြည့်တင်းမှုကိုလည်း အခုလိုပြောပြပါတယ်။

”ဝမ်းစာကတော့ အမြဲတမ်းသင်ယူလေ့လာနေရတာပေါ့။ အပြင်က လူတွေရဲ့ သွားလာ လှုပ်ရှားမှုတွေကိုကြည့်ဖြစ်တယ်။ ရုပ်ရှင်တွေကြည့်တယ်။ ကိုယ့်ဇာတ်ကားတစ်ခုထွက်ပြီးလို့ရှိရင် ဒီဟာလေးမှာ ဘယ်လိုတွေလို အပ်လဲပေါ့။ အမြဲတမ်းလေ့လာသုံးသပ်နေရတာပေါ့”လို့ မေတိုးခိုင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*