စိတ်ပုတီးနဲ့ ရိပ်ကြီးခိုချင်ပေမယ့်

စိတ်ပုတီးနဲ့ ရိပ်ကြီးခိုချင်ပေမယ့်
September 18, 2018 Asian Fame Media

အကြမ်းဖျင်းပြောရသော် …လူ့ လောကမှာ လူနှစ်မျိုးနှစ်စားရှိ သည်ဟု ပြောနိုင်ပါသည်။ ဘဝနှင့် လောကအပေါ် ‘ယောနိသော မနာ သီကာရ”အသင့်အတင့်နှလုံးသွင်း၍ ရှုမြင်တတ်သော ‘အကောင်းမြင် သမား’ Optimist ဟူ၍ လူတစ်မျိုး တစ်စားရှိပါသည်။ သွားလေသူဆရာ ကြီး ဒဂုန်ဦးထွန်းမြင့်၏ ဖော်ထုတ် ရေးသားချက်အရ၊ ရှေးက ‘ထွဋ်ခေါင် ဆရာတော်ကြီး’သည် အကောင်းမြင် သမား၊ အကောင်းမြင်ဝါဒီဖြစ်သည်။ ဆရာတော်ကြီးသည် သည်းခံစိတ် (ခန္တီပါရမီ) အား ကြီးလှသည်ဖြစ်ရာ၊ တစ်ခါသော် တပည့်ဒကာများက ဆရာတော်ကြီးကို စမ်းသပ်သည်။ ဆွမ်းပျော့ပျော့ချက်၍ ဆက်ကပ် သောအခါ ဆရာတော်ကြီးက ပြစ် တင်ငြူစူခြင်းမပြုဘဲ ”ဆွမ်းပျော့တော့ အစောကျေလွယ်သပေါ့ကွယ်”ဟု မှတ်ချက်ချသည်။ ဆွမ်းမာမာချက် ၍ ဆက်ကပ်ကြပြန်သည်။ ထိုအခါ ဆရာတော်ကြီးက …

”အိမ်း …ဝါးစားရတော့ အရသာပေါ်သကွယ့်”ဟု မှတ်ချက် ချတော်မူပြန်သည်ဟူသတတ်။ ဆရာ တော်ကြီးသည် အကောင်းမြင်ဝါဒီ ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်မဟုတ်ပါ လော။

မြန်မာပြန် နိုင်ငံခြားဝတ္တုအဖြစ် ဖတ်ရှုလိုလျှင်၊ ‘ပေါ်လီယာနာ’စာ အုပ်ကို ဖတ်ကြည့်ပါလေ။ ဇာတ်လိုက် မကလေး၏ အံ့ချီးဖွယ်အကောင်းမြင် ဝါဒကို တွေ့ရပါအံ့။ ပညာရှိအချို့က ‘ပေါ်လီယာနာ၏ ဘဝအမြင်’ ဟု သတ်မှတ်ကြပါသည်။ အကောင်းမြင် ဝါဒကို သရော်သောစာအုပ်ကို ဖတ် လိုပါက ဆရာကျော်အောင် မြန်မာ ပြန်သော ‘အကောင်းမြင်သမား’ကို ရှာဖွေဖတ်ရှုကြပါလေ။

လောကသဘာဝအရ အ ကောင်းရှိလျှင် အဆိုးလည်းရှိရသည် ဖြစ်ရာ ‘အဆိုးမြင်ဝါဒီ’ Pessimist ၊ အဆိုးမြင်ဝါဒ Pessimism ဟူ၍ လည်း သုံးနှုန်းခေါ်ဝေါ်ကြပြန်သည်။ အရပ်စကားဖြင့်ပြောသော် ကြုံဆုံ ထိတွေ့လာသမျှကို သည်းမခံနိုင်ဘဲ ‘ဆီလိုအပေါက်ရှာ’ပြီး ကဂျီက ဂျောင်လုပ်ခြင်း (ဝါ) ပစိပစပ်များ ခြင်းပင်ဖြစ်၏။ ”ငါ့ကို စာတစ် ကြောင်းသာ ရေးပြ။ အဲသည်စာ ကြောင်းထဲမှာ မင်းကို ကြိုးဒဏ်ချနိုင် တဲ့အပြစ်ကို တွေ့အောင် ငါရှာပြ မယ်”ဟု ပြောဖူးသော ရှေးက အင်္ဂ လိပ်တရားသူကြီး၏ စရိုက်မျိုးရှိလျှင် ထိုသတ္တဝါသည် အဆိုးမြင်ဝါဒီဖြစ်ပြီ။

သာမန်အားဖြင့် လူ့အဖွဲ့အ စည်းထဲမှာ ‘ရတာမလို၊ လိုတာမရ’ ဖြစ်ပြီး လောကကိုလည်း မကျေနပ်၊ မိမိကိုယ်မိမိလည်း မကျေနပ်သည့် ‘လူ့ခွစာ’တွေရှိတတ်ကြသည်။ ထို သတ္တဝါတွေလည်း အဆိုးမြင်ဝါဒီဖြစ် ဖို့ ၉၅ ရာနှုန်းတော့ နီးစပ်သည်။ ထို စရိုက်ကို လူပျိုကြီး၊ အပျိုကြီးတွေမှာ အတွေ့ရများလှပါသည်။ အပေါင်းရ အသင်းရခက်သော လူ့ကတ်သတ် များမှာ အဆိုးမြင်ဝါဒီတွေသာ ဖြစ် နေတတ်ကြပါ၏။ လသာလျှင်လည်း ဟောင်၊ လမိုက်လျှင်လည်း ဟောင် သော ခွေးက တိရစ္ဆာန်ဖြစ်၍ စကား ထဲထည့်ပြောစရာမလိုသော်လည်း အရာရာကို အပြစ်ရှာ ရှုတ်ချနေတတ် သူများမှာ ရွာသာကြီးဆေးရုံနှင့် နီး စပ်နေကြပါပြီ။

ကျွန်တော်တို့ စာပေလောကမှာ လည်း ထိုသို့သော အဆိုးမြင်ဝါဒီစာ ပေသတ္တဝါအချို့၊ ရောရောယောင် ယောင်နှင့် တွယ်ကပ်နေတတ်ကြ သည်။ ထိုသူမျိုးနှင့် တွေ့လျှင် စိတ် ညစ်ရပြီသာမှတ်။

ကျွန်တော်ဆုံဖူးသမျှဆိုလျှင် မန္တလေးမှာ တစ်ယောက်ရှိသည်။ သူ့ ကိုယ်သူကဗျာဆရာဟု ခံယူထား သော ဟိုမရောက်သည် မရောက် ကဗျာတွေရေးသူဖြစ်သည်။ ကျွန် တော်က မန္တလေးသားကဗျာဆရာ တစ်ယောက်ကို ချီးမွမ်းဖို့စကားစလျှင် အဆိုပါ အဆိုးမြင်ဝါဒီကြီးက –

”အဲ့ကောင် အလကားကောင်ပါ ဗျာ။ မော်ဒန်အပျက် မော်ဒန်အစုတ် တွေ ရေးတာပါ”ဟု အပုပ်ချ၏။

ကျွန်တော်က အခြားစာပေ သမားများကို ဂုဏ်တင်ပြောလျှင် အဆိုးမြင်ဝါဒီကြီးက …

”သည်ကောင်တွေက ဓနရှင် လက်သစ်နောက်မြီးဆွဲတွေ အလ ကားအလေအလွင့်တွေ၊ သည်ကောင် တွေနဲ့ တစ်ဝိုင်းတည်းသွားမထိုင်နဲ့၊ ကိုယ့်လူပါ လူ့အဆန်ချောင်ဖြစ်သွား မယ်။ ဘာမှတ်တုံး”ဟု ဟိန်းဟောက် တားမြစ်သည်။

ကျွန်တော်ကတော့ ”အော် .. ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်ဝါဒီဖြစ် လို့ ဖြစ်နေမှန်းမသိရှာတဲ့ သနားစရာ ဒုက္ခိတသတ္တဝါပဲ”ဟု တွေးမိရင်း အစာမကျေ ရင်ခံသွားမိပါသည်။

ရန်ကုန်မှာလည်း နာမည်ရ ကဗျာဆရာတစ်ယောက်ရှိသည်။ သူ ကတော့ အိတ်ကပ်ထဲမှာ ပိုက်ဆံတစ် ပြားမှ မရှိဘဲ လက်ဖက်ရည်ဆိုင်ထဲ မှာ သုံးဆောင်စားသောက်နေကြ သော ကဗျာဆရာများကို ကြည့်ကာ …

”အဲ့မှာ ထိုင်နေကြတာ ကြမ်းပိုး တွေချည်းပဲ။ မသွားနဲ့၊ သိက္ခာကျ တယ်”ဟု ခပ်တည်တည်ကြီး ဝေဖန် ချိုးဖဲ့နေတတ်၏။ ဒင်း (သင်း)လည်း အဆိုးမြင်ဝါဒီပဲ။
အဆိုးမြင်ဝါဒီ ဖြစ်ရုံသာမက စိတ်ကျရောဂါ Depression ပါဝင် နေဟန်ရှိသူတစ်ဦးကိုလည်း လွန်ခဲ့ သော နှစ်သုံးဆယ်ကျော်က ကျွန် တော့်မှာ ကံဆိုးစွာကြုံဆုံခဲ့ရသည်။ ဖြစ်ချင်တော့ …

ထိုပုဂ္ဂိုလ်မှာ စာ ပေနယ်မှ ပြောက်ကျားကလောင်ရှင် တစ်ဦးဖြစ်နေသည်။ ထိုခေတ်က ပြန် ကြားရေးလက်အောက်ခံအစိုးရအာ ဘော် (ပေါ်လစီ)မဂ္ဂဇင်းကြီးများက ကြီးစိုးနေရာ အထက်ပါကလောင် ရှင်သည် အစိုးရဝန်ထမ်းလည်း ဖြစ် သောကြောင့် အဆိုပါမဂ္ဂဇင်းကြီးများ တွင် ‘ရိုးတာတာ မဲပြာပုဆိုး’ဝတ္တုတို ကလေးများတွင်တွင် ရေးလျက်ရှိ သည်။ (ထိုခေတ်က ပါတီဝင်၊ စာပေ လုပ်သားအဖွဲ့ဝင်ကလောင်ရှင်၊ က လောင်သေများကို အစိုးရမဂ္ဂဇင်းကြီး များက အထူးနေရာပေးလေ့ရှိပါ သည်။ ဘာဆန်းသလဲကွယ် ..သူ့ ခေတ်နဲ့တော့ သူတွင်ကျယ်၊ ကြူးနှစ် တို့က မနာလိုမရှိသကွယ်။) သူ့က လောင်အမည်က နံ့သာမြေစစ်သူတဲ့။

အသက်အရွယ်ချင်း မတိမ်းမ ယိမ်းရှိကြ၍ ကျွန်တော်က ‘ကိုစစ်သူ’ လို့သာ ခေါ်ပါသည်။ သူက ကိုယ်လုံး ဖိုင့်ဖိုင့်၊ နဖူးပြောင်ပြောင်နှင့် ရာသီ ဥတုမရွေး ညှိုးမှိုင်းသော မျက်နှာထား ရှိပါသည်။ သူသည် ဆင်းဆင်းရဲရဲ၊ မွဲမွဲတေတေထဲကတော့ မဟုတ်။ စကားပြောလျှင်တော့ ကျန်းမာပါ လျက် လူမမာအသံ ညောင်စာစာ နှင့်။
သူနှင့် ကျွန်တော်တို့ ညဦးပိုင်း တစ်ချိန်ချိန်၌ လမ်းမှာ တွေ့ကြပြီ ဆို ကြပါစို့။

”စားပြီးပြီလား ကိုစစ်သူ” ဟု ကျွန်တော်က နှုတ်ဆက်စကားပြော သော် သူသည် ချက်ချင်းမျက်နှာကြီး ရှုံ့မဲ့ကာ ..

”ဟုတ် …ဟုတ် …စားပြီး ပါပြီ ဆရာကြူးရာ …စားတယ် သာဆိုရတာ ဆီနည်းနည်းနဲ့ ကြော် ထားတဲ့ ကန်စွန်းရွက်ကြော်နဲ့ စားရ တာဆိုတော့ မြက်ကြမ်းတွေကို ပါး စပ်ထဲအတင်းထိုးသိပ်ပြီး ဒလမန်း ကြမ်း အောင့်အည်းမျိုချရသလိုပါပဲ။ ခုထိတောင် လည်ချောင်းထဲမှာ နာ သလိုလို”

”ကိုစစ်သူရဲ့ ဝတ္တုတိုကလေး ဖတ်လိုက်ရတယ်ဗျ။ ကျစ်ကျစ်လျစ် လျစ်နဲ့ အင်မတန်လှတဲ့ ဝတ္တုတိုက လေးပဲဗျာ”ဟု ကျွန်တော်က စကား လမ်းကြောင်းလွှဲပြီး မသိမသာမြှောက် ပင့်၍ ပလီစိချောက်ချက်ပြောကြည့် ပြန်သော် သူသည် ပို၍ပို၍ မျက်နှာ ကြီးရှုံ့မဲ့လျက် …

”ပို့ထားတာ တစ်နှစ်လောက် ကြာပြီဗျ။ ဒီလူတွေ အခုလကျမှ သုံး တယ်။ ကျွန်တော့်စာမူကို ချောင်ထိုး ထားပုံရသဗျ။ အယ်ဒီတာတွေက စာ ပေစိတ်ခေါင်းပါးကြသဗျာ။ အဲလို အယ်ဒီတာတွေကြောင့် မြန်မာစာပေ လောက မတိုးတက်တာပဲ ဆရာကြူး ရဲ့။ တစ်နေ့ကျ အဲလိုအယ်ဒီတာတွေ အဲလိုမဂ္ဂဇင်းတွေ ကျဆုံးမှာပဲ”ဟု ပြောကာ ‘ဟူး …

‘ခနဲသက်ပြင်းရှည် ကြီးချလိုက်ရာ အသက်ပါထွက်သွား တော့မလားဟုပင် ကျွန်တော်စိုးရိမ် ခဲ့ရပါသည်။ သူက ငိုသံပါပါ ဆက် ပြောလိုက်ပါသေးသည်။

”စာပေလောကကို စိတ်ကုန်ပြီး ယောဂီဝတ်ချင်စိတ်၊ တောထဲသွား ပြီး တရားအားထုတ်ချင်စိတ်တောင် ပေါက်လာသဗျာ”

အဆိုးမြင်ဝါဒီတွေ အသက်တို တတ်ပါသည်။ နံ့သာမြေစစ်သူသည် အသက် ၄ဝ ကျော်ကလေးမှာ ၉၆ ပါးရောဂါဖြင့် ဆုံးပါးရှာသည်။

ကြူးနှစ်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*