Heineken Beer
Heineken Beer

ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ဖို့ စိုးရိမ်မှုတွေရှိခဲ့တဲ့သရုပ် ဆောင်အိန်ဂျယ်လမုန်

ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ဖို့ စိုးရိမ်မှုတွေရှိခဲ့တဲ့သရုပ် ဆောင်အိန်ဂျယ်လမုန်
September 14, 2018 Asian Fame Media

မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ အိန်ဂျယ်လမုန်က လတ်တလောမှာ အာကာရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ နိုင်းနိုင်း၊ အေးမြတ်သူစတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ရမယ်ဆိုတဲ့အခါ စိတ်ထဲမှာရှိန်ပြီး စိုးရိမ်နေတာမျိုးတွေလည်းရှိခဲ့တယ်ဆို တဲ့အကြောင်းကို အိန်ဂျယ်လမုန်က…

“အိန်ဂျယ်အာကာ Productionနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပါဝင်ရိုက်ကူနေပါ တယ်။ ကိုနိုင်းနိုင်းနဲ့ မအေးမြတ်သူလည်းပါတယ်။ အိန်ဂျယ်သရုပ်ဆောင်ရတဲ့ ကာရိုက်တာ လေးကတော့ အိန်ဂျယ့်ကိုအမြဲမြင်နေကျ ပုံစံအတိုင်းမဟုတ်ဘဲ တစ်မျိုးလေးမြင်ရမှာပေါ့နော်။ ကိုယ့်ရဲ့စီနီယာတွေဖြစ်တဲ့ ကိုနိုင်းနိုင်းတို့ မအေးမြတ်သူတို့နဲ့အတူ သရုပ်ဆောင်ရတဲ့အခါ အစပိုင်းမှာတော့ အိန်ဂျယ့်စိတ်ထဲမှာ ရှိန်တာပေါ့။ ငါလုပ်လို့များတစ်ခုခုမှားသွားမလား၊ ကိုယ်လုပ်လိုက်လို့ သူ့မျက်နှာကို အရိပ်ကျသွားမလားပေါ့။ အိန်ဂျယ်က သရုပ်ဆောင် သင် တန်းတွေလည်းမတက်ဖူးတဲ့ အခါကျတော့ စိုးရိမ်မှုတွေရှိပါတယ်။ နှစ်ယောက်စလုံးကလည်း စိတ်ထား ကောင်းတယ်။ ရင်းရင်းနှီးနှီးနဲ့ သင် ပေးတယ်။ အနုပညာအကြောင်းမှမ ဟုတ်ဘူး။ တခြားအကြောင်းအရာ တွေကိုလည်း သွန်သင်ဆုံးမတယ်။ ကိုနိုင်းနိုင်းဆိုလည်း သူကိုယ်တိုင် မိန်းကလေးနေရာကနေ ဝင်ပြီး သရုပ်ဆောင်ပြတယ်။ အိန်ဂျယ်အ နေနဲ့ကျတော့လည်း သူတို့ကို အားကိုးတာပေါ့နော်။ အခုတော့ ကြောက်တာတွေ ရှိန်တာတွေလည်း မရှိတော့ဘူး။ သူတို့နဲ့ အလုပ်လုပ် ရတာ တအားအဆင်ပြေပါတယ်။ ရှုတင်မှာလည်း တအားပျော်စရာကောင်းပါတယ်” လို့ပြောပါတယ်။
လတ်တလောမှာ အိန်ဂျယ်လမုန်အနေနဲ့ သရုပ်ဆောင်ချင်နေတဲ့ ကာရိုက်တာ က ဘယ်လိုမျိုးလဲလို့ဆိုတော့…

“ဒရာမာဆိုရင်လည်းတအားဒရာမာဖြစ်သွားတဲ့ပုံစံမျိုး၊ နည်းနည်း Over ဖြစ်တဲ့ပုံစံလေး အိန်ဂျယ်သရုပ်ဆောင်ကြည့်ချင်တယ်။ အိန်ဂျယ် အက်ရှင်လည်း တအားဝါသနာ ပါတယ်။ ဖြစ်နိုင်ရင်အက်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်ကြည့်ချင်တယ်။ အစပိုင်းမှာ မထင်ရ ပေမယ့် နောက်ပိုင်းမှာ ကာရိုက်တာ ချက်ချင်းပြောင်းသွားတဲ့ ပုံစံမျိုးတွေ သရုပ်ဆောင်ချင်ပါတယ်” လို့ အိန်ဂျယ်လမုန်က ပြောပြခဲ့ပါတယ်။

သတင်း

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*