Heineken Beer
Heineken Beer

ငယ်ရွယ်ချိန်မှာ ထားတဲ့အချစ်က တည်မြဲဖို့ ခက်ခဲတယ် အိစိကွေး

ငယ်ရွယ်ချိန်မှာ ထားတဲ့အချစ်က တည်မြဲဖို့ ခက်ခဲတယ် အိစိကွေး
September 11, 2018 Asian Fame Media

ကလေးသရုပ်ဆောင်ဘဝကနေ အခုအရွယ်ရောက်လာတဲ့အချိန် အထိ ပရိသတ်ကြီးအချစ်မလျော့ သွားဘဲ အားပေးနေဆဲ သရုပ်ဆောင် ကတော့ အိစိကွေးပဲဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ပီပြင်လွန်း လှတဲ့ သူ့ရဲ့သရုပ်ဆောင်မှုတွေ ကြောင့် ပရိသတ်ကြီးအချစ်ပိုခဲ့ရပြီး မကြာမီအချိန်အတွင်းမှာလည်း အသက် ၁၈ နှစ်ပြည့်တော့မယ်လို့ လည်း သိရပါတယ်။

လူငယ်တစ် ယောက်လည်း ဖြစ်လာပြီ။ အခုအ ချိန်မှာ အချစ်တာကိုကော စဉ်းစားမိ ပြီလား။ အချစ်ဆိုတဲ့ အရာကိုကော ဘယ်လိုမြင်မိလဲလို့ မေးကြည့်တဲ့ အခါမှာတော့…

”အခုအချိန်မှာတော့ အချစ်ဆိုတဲ့အရာကြီးကို သိပ်တော့ မစဉ်းစားဖြစ်သေးဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အခုအချိန်မှာတော့ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ကိုယ့်ရဲ့အလုပ် ကိုပဲ ဦးတည်ပြီး စဉ်းစားဖြစ်နေတယ်။ အချစ်ဆိုတဲ့အရာကို ပြီးမှ စဉ်းစား မယ်။ ငယ်ရွယ်တဲ့အချိန်မှာထားတဲ့ အချစ်က တည်မြဲဖို့ဆိုတာ အရမ်း ခက်ခဲတယ်။ တည်မြဲတဲ့သူတွေလည်း ရှိကြပါတယ်။ သို့သော်ငြားလည်း အချစ်တစ်ခုကို တည်ဆောက်ဖို့ဆို တာ မလွယ်ကူဘူး။ သူ့ရဲ့ ကောင်းတဲ့ အချက်ဆိုးတဲ့အချက်က ကိုယ်နဲ့ ပေါင်းစပ်လို့ရနိုင်လား။ သူ့ရဲ့ မိသား စု၊ ကိုယ့်မိသားစုကကော အဆင်ပြေ နိုင်မလား။ အချစ်တစ်ခုကို တည် ဆောက်ဖို့ဆိုတာ တအားခက်ခဲတယ်။ သူလည်း စိတ်ဝင်စားတယ်။ ကိုယ် လည်း စိတ်ဝင်စားတယ်။ ကြိုက်လိုက် တယ်။ အဲဒါက အချစ်မဟုတ်ဘူး။ အဲဒါက ပြတ်ဖို့ကလွယ်တယ်။ အချစ် ဆိုတာ တအားကျယ်ပြန့်တယ်”လို့ အိစိကွေးက ပြောပြခဲ့ပါတယ်။ မိခင် ကို ငယ်ငယ်ကတည်းက အမေလို ရော သူငယ်ချင်းလိုပါ ပေါင်းခဲ့တဲ့ အိစိကွေးက ချစ်သူထားဖြစ်ခဲ့ရင် လည်း မိခင်နဲ့ တိုင်ပင်မှာပါလို့ဆိုပါ တယ်။

“လူကြီးဆိုတော့ ဘဝကို ဖြတ် သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေက အများကြီးလေ။ ကျွန်တော်တို့ကျ တော့ ခဏတာ စိတ်ခံစားချက်တစ်ခု ကြောင့် ဆုံးဖြတ်လိုက်တဲ့အတွက် အမှားတွေ အများကြီးရှိနိုင်တယ်။ မိဘနဲ့ သေချာတိုင်ပင်ပြီးမှ လုပ်တာ က အကောင်းဆုံးပါ။ အမေနဲ့က အခုအချိန်ထိ အပြင်သွားမယ်ဆိုရင် တောင် အတူတူသွားတယ်။ အမေက သားရယ် အရွယ်ရောက်နေပြီ တစ် ယောက်တည်း သွားဆိုရင်တောင် မရ ဘူး အမေ လိုက်ခဲ့ဆိုပြီး အမေ့ကိုအတင်း ခေါ်ပြီးတော့ကို သွားတာ။ အမေ ကတော့ ကျွန်တော့်အတွက် အရေး ပါဆုံးလူ တစ်ယောက်ပါ” လို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*